What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 23 November 2020 17:30

အမျိုးသမီးတွေမှာသာ တွေ့ရတဲ့ နှလုံးရောဂါလက္ခဏာ (၆)မျိုး

နှလုံးရောဂါ လက္ခဏာတောင်မှ အမျိုးသမီးနဲ့အမျိုးသားမှာ ပြတဲ့ လက္ခဏာချင်းမတူပါဘူး။ အမျိုးသမီးတွေမှာ သာ တွေ့ရတဲ့၊ ပြတတ်တဲ့ နှလုံး ရောဂါလက္ခဏာများကို ဖော်ပြပေးလိုက်ပါတယ်။

 

၁. နောက်ကျော၊ လည်ပင်း၊ မေးရိုး၊ လက်မောင်း နာကျင်ခြင်း

နှလုံး ရောဂါလက္ခဏာဟာ ရင်ဘတ် (သို့) လက်ဝဲဘက် လက်မောင်း ကနေ စပြီး နာကျင်တတ်ပါတယ်။ နာကျင်မှု ဟာလည်း တဖြည်းဖြည်း ပိုနာကျင်လာတတ်ပြီး၊ စူးအောင့်တာမျိုး၊ ရုတ်တရက်ကြီး စူးအောင့် နာကျင်တာမျိုး ခံစားရတတ်ပါတယ်။

 

၂. ဗိုက်အောင့်တာ၊ ဖျားနာတာ

ဗိုက်အောင့်၊ ဗိုက်နာတယ်ဆိုရာမှာလည်း အစားမှားတာလား၊ အစာအဆိပ်သင့်တာလား၊ ဖျား နာတာလားဆိုပြီး မှားတတ်ကြပါတယ်။ ဗိုက်ပေါ်မှာ ဆင်တစ်ကောင်၊ အကောင်တစ်ကောင်ကောင် လာတတ်နင်းထား သလိုမျိုး နာကျင်ခံစားရတာမျိုးပါ။

၃. ချွေးစေးပြန်တာ

ချွေးစေးပြန်တာဟာ အမျိုးသမီးများမှာပဲ တွေ့ရလေ့ရှိပါတယ်။ တစ်ချို့က စိတ်ဖိစီးမှုကြောင့် ခုလို ဖြစ်တာလို့ အထင်မှားတတ်ကြပါတယ်။ အကြောင်းမဲ့ ချွေးစေးပြန်တာမျိုး မဖြစ် ဖူးပဲ အခုမှ ဒီလို လက္ခဏာမျိုး ခံစားနေရတာဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင် ကုသပါ။

 

၄. မောဟိုက်၊ မူးဝေခြင်း

အမြဲတမ်းလိုလို မောဟိုက်ခြင်း၊ မူးဝေတာမျိုး ဖြစ်နေရင် နှလုံးရောဂါရဲ့ ရှေ့ပြေး လက္ခ ဏာတွေပါ။ အရင်က ဒီလိုမျိုး မဖြစ်ဖူးပဲ နောက်ပိုင်းကျမှ ခုလိုတွေ ဆက်တိုက်ခံစားနေရတယ်ဆိုရင်တော့ ဆရာဝန်နဲ့ပြသပါ။

 

၅. ပင်ပမ်းနွမ်းလျနေခြင်း

ပင်ပမ်းနွမ်းလျနေပြီး စိတ်ရော၊ လူရော မလန်းဆန်းဖြစ်နေတယ်ဆိုရင်လည်း ဒီအတိုင်း သတိမထားပဲ အမှုမဲ့ အမှတ်မဲ့ မနေပါနဲ့။ ပုံမှန် ပင်ပမ်းနွမ်းလျတာမျိုးမဟုတ်ပဲ ဥပမာ- ရေမိုးချိုးပြီး လူက လန်းဆန်းနေရမယ့် အချိန်မျိုးတွေမှာတောင်မှ နွမ်းနယ်ပင်ပမ်း နေတာမျိုးဆိုရင် သတိထားပါ။

 

၆. ရင်ဘတ်အောင့်ခြင်း

ရင်ဘတ်အောင့်တဲ့ ဝေဒနာ၊ ရင်ဘတ်ကို တစ်ခုခုနဲ့ အဖိခံလိုက်ရသလို ဝေဒနာမျိုး ခံစားရတာမျိုးပါ။ ဘယ်ဘက်ရင်ထဲမှာ အောင့်လတာ၊ နာကျင်ခံစားရတာမျိုး မိနစ်အတော်ကြာတောင်မှ ဒီလို ဝေဒနာမျိုးက ပျောက်မသွားပဲ ဆက်ခံစားနေရတယ်ဆိုရင် မပေါ့ဆပါနဲ့။ တတ်ကျွမ်းနားလည်တဲ့ ဆရာ ဝန်နဲ့ ပြသပါ။

Read times
Rate this item
(1 Vote)