တရုတ်နိုင်ငံ ပြည်နယ်ဒေသ ၃၁ ခု(ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဗဟိုမှတိုက်ရိုက်အုပ်ချုပ်သောမြို့)နှင့် ရှင်းကျန်းထုတ်လုပ်မှုနှင့်တည်ဆောက်ရေးတပ်ဖွဲ့၏ နိုဝင်ဘာ ၂၈ ရက် ၀၀:၀၀ နာရီမှ ၂၄:၀၀ နာရီအထိ အစီရင်ခံချက်များအရ ကိုဗစ်-၁၉ အသစ်ထပ်တိုး အတည်ပြုလူနာ ၁၁ ဦးရှိရာ ၎င်းတို့အားလုံးသည် ပြည်ပကူးစက်မှုများ ဖြစ်ကြောင်း တရုတ်နိုင်ငံ အမျိုးသား ကျန်းမာရေးကော်မရှင်က နိုဝင်ဘာ ၂၉ ရက်တွင် ပြောကြားခဲ့သည်။
အဆိုပါ ပြည်ပကူးစက်မှုများသည် ဖူကျန့် ပြည်နယ် ၄ ဦး၊ရှန်ဟိုင်းမြို့ ၃ ဦး၊ စီချွမ်းပြည်နယ် ၁ ဦး၊ ယူနန်ပြည်နယ် ၁ ဦး၊ ဆန်ရှီးပြည်နယ် ၁ ဦး ၊ ကန်းစုပြည်နယ် ၁ ဦး တို့ အသီးသီးဖြစ်ပြီး အသစ်ထပ်တိုးသေဆုံးသူ မရှိကြောင်း နှင့် ပြည်ပကူးစက်မှု ထပ်တိုးသံသယလူနာ ၄ ဦး(ရှန်ဟိုင်း ၁ ဦး ပါဝင်) တို့ဖြစ်ကြောင်း သိရသည်။
နိုဝင်ဘာ ၂၈ ရက်တွင် ရောဂါသက်သာပျောက်ကင်း၍ ဆေးရုံဆင်းခွင့်ရသူ ၁၆ ဦး ၊ ကျန်းမာရေးစောင့်ကြည့်မှုမှဖြေလျှော့လိုက်သူ ၂,၁၂၁ ဦး၊ ရောဂါပြင်းထန်သည့် လူနာအရေအတွက်မှာမူ ပြီးခဲ့သည့်ရက်က အတိုင်းဖြစ်ကြောင်းလည်း သိရသည်
ပြင်ပကူးစက်မှုတွင် လက်ရှိ အတည်ပြုလူနာ ၂၅၄ ဦး(ရောဂါပြင်းထန်သူ ၄ ဦး ပါဝင်) ၊ သံသယလူနာ ၅ ဦး နှင့် စုစုပေါင်းအတည်ပြုလူနာ ၃,၈၄၃ ဦး၊ စုစုပေါင်း ရောဂါသက်သာပျောက်ကင်းသူ ၃,၅၈၉ ဦး၊ သေဆုံးလူနာမရှိကြောင်း သိရသည်။
တရုတ်နိုင်ငံတွင် နိုဝင်ဘာ ၂၈ ရက် ၂၄ နာရီအထိ လက်ရှိအတည်ပြုလူနာ ၂၈၀ ဦး (ရောဂါပြင်းထန်သူ ၈ ဦးပါဝင်) ၊ သံသယလူနာ ၇ ဦး နှင့် ရောဂါသက်သာပျောက်ကင်းသူ စုစုပေါင်း ၈၁,၅၉၈ ဦး ၊ သေဆုံးသူ စုစုပေါင်း ၄,၆၃၄ ဦး၊ စုစုပေါင်း အတည်ပြုလူနာ ၈၆,၅၁၂ ဦး ရှိကြောင်း သိရသည်။ အနီးကပ် ကျန်းမာရေးစောင့်ကြည့်ခဲ့သူ ၈၇၉,၃၁၀ ဦး၊ ကျန်းမာရေးအခြေအနေ စောင့်ကြည့်မှု ခံယူနေဆဲရှိသူ ၈,၂၁၁ ဦး ရှိကြောင်း သိရသည်။
ထပ်တိုး လက္ခဏာမပြရောဂါကူးစက်ခံရသူ ၁၀ ဦး (ပြည်ပကူးစက်မှု ၉ ဦး)ရှိရာတွင် ယင်းနေ့တွင် အတည်ပြု လူနာဖြစ်သူ ပြည်ပကူးစက်မှု ၁ ဦး ရှိကြောင်း ၊ ကျန်းမာရေးစောင့်ကြည့်မှုမှ ဖြေလျှော့လိုက်သော လက္ခဏာမပြ ကူးစက်သူ ၁၈ ဦး၊ ဆက်လက်စောင့်ကြည့်မှုခံယူနေသူ ၂၇၉ ဦး (ပြည်ပကူးစက်မှု ၂၇၄ ဦးပါဝင်) ရှိကြောင်း တရုတ်နိုင်ငံ ပြည်နယ်ဒေသ ၃၁ ခု(ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဗဟိုမှတိုက်ရိုက်အုပ်ချုပ်သောမြို့)နှင့် ရှင်းကျန်းထုတ်လုပ်မှုနှင့်တည်ဆောက်ရေးတပ်ဖွဲ့၏ အစီရင်ခံစာများအရ သိရသည်။
တရုတ်နိုင်ငံ ဟောင်ကောင်၊မကာအို၊ ထိုင်ဝမ် ဒေသမှ ပေးပို့သည့် ကိန်းဂဏန်းများအရ စုစုပေါင်း အတည်ပြုလူနာ ၆,၈၁၇ ဦးရှိရာ ၎င်းတို့အနက် ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသတွင် ၆,၁၂၃ ဦး (ဆေးရုံဆင်းသူ ၅,၃၂၈ ဦး ၊ သေဆုံးသူ ၁၀၉ ဦး)၊ မကာအို အထူးအုပ်ချုပ်ခွင့်ရဒေသတွင် ၄၆ ဦး (ဆေးရုံဆင်းသူ ၄၆ ဦး)၊ ထိုင်ဝမ်ဒေသတွင် ၆၄၈ ဦး(ဆေးရုံဆင်းသူ ၅၅၆ ဦး၊ သေဆုံးသူ ၇ ဦး) အသီးသီး ရှိကြောင်း သိရသည်။
(Xinhua)