What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Sunday, 29 November 2020 12:45

မျက်လုံးကျန်းမာရေးအတွက် စားသုံးသင့်သော အစားအစာ (၆) မျိုး

မျက်လုံးကျန်းမာရေးအတွက် စားသုံးသင့်သော အစားအစာ (၆) မျိုးကို ဖော်ပြပေးလိုက်ပါတယ်။

 

၁. ခရမ်းချဉ်သီး

ခရမ်းချဉ်သီးမှာ ဗီတာမင်အေ၊ ဗီတာမင်စီ၊ ဗီတာမင်အီး၊ ဗီတာမင်ကေ နဲ့ အမျှင်ဓာတ်၊ ပိုတက်စီယမ် စတဲ့ဓာတ်တွေ အဓိကပါဝင်ပါတယ်။ မျက်လုံးအားနည်းတဲ့အခါမှာ ခရမ်းချဉ်သီးကို နေ့စဉ် သဘာဝအတိုင်း စားပေးခြင်းဖြင့် မျက်စိရောဂါမှန်သမျှကို ပျောက်ကင်းစေပါတယ်။

 

၂. ကိုက်လံရွက်

ကိုက်လံရွက်မှာ polyphenolic flavonoid compound လို့ခေါ်တဲ့ lutein, zea-xanthin နဲ့ beta-carotene ဓာတ်တွေ ပါဝင်ပြီး ဗီတာမင် အေ၊ ဗီတာမင် စီ၊ ဗီတာမင် ကေ တို့လည်း ပါဝင်လို့ မျက်လုံးအမြင် ကြည်လင်စေဖို့အတွက် စိတ်ချရတဲ့ သဘာဝဟင်းရွက်တစ်မျိုး ဖြစ်ပါတယ်။

 

၃. ဟင်းနုနွယ်ရွက်

နူးညံ့ပြီး အရသာထူးခြားလှတဲ့ ဟင်းနုနွယ်ရွက်ဟာလည်း လူတွေရဲ့ ကျန်းမာရေးနဲ့ အလွန်ညီညွှတ်တဲ့ ဟင်းရွက်ဖြစ်ပါတယ်။ ဗီတာမင်ဓာတ်တွေလည်း အပြည့်အ၀ ပါဝင်ပြီး မျက်လုံးအမြင်အားနည်းသူများ နေ့စဉ်စားပေးသင့်တဲ့ အစားအစာဖြစ်ပါတယ်။

 

၄. ကန်စွန်းရွက်

ကန်စွန်းရွက်ဟာ ရေဓာတ်၊ သံဓာတ်၊ ဗီတာမင်အေ၊ ဗီတာမင်စီ တို့ အဓိကပါဝင်သောကြောင့် စာကြည့်များသူများ မျက်စိအမြင်အာရုံ စူးစိုက်ရသူများအတွက် သင့်တော်ပြီး အစိမ်းတိုင်းလည်း သတ္တုရည်လုပ် သောက်နိုင်ပါတယ်။

 

၅. မြင်းခွာရွက်

မြင်းခွာရွက်မှာ ဗီတာမင်အုပ်စုနဲ့ သတ္ထုဓာတ်တွေ စုံလင်စွာပါဝင်စေပြီး မျက်လုံးအမြင် ကြည်လင်စေလို့ ဆေးဖော်ပြီး ရောင်းချတာမျိုးတွေလည်း ရှိပါတယ်။ အကောင်းဆုံးကတော့ မိမိဘာသာ ပျားရည်အနည်းငယ်နဲ့ ထောင်းပြီး မှီဝဲပေးရင် မျက်လုံးအကြည်ဓာတ်ကို တိုးတက်စေပါတယ်။

 

၆. ပဲအမျိုးမျိုး

ပဲမှာ အဓိကအားဖြင် ဗီတာမင်အုပ်စု ပါဝင်လို့ မျက်လုံးအားနည်းရောဂါ၊ အမြင်မှုန်ဝါးခြင်း၊ စတာတွေကို အချိန်တိုအတွင်း ပျောက်ကင်းစေနိုင်သောကြောင့် စားသုံးသင့်ပါတယ်။

Read times Last modified on Sunday, 29 November 2020 12:53
Rate this item
(0 votes)