ငွေကုန်ကြေးကျ မရှိသလောက် နည်းပါးခြင်းဖြင့် ကုသနိုင်မယ့် နည်းလမ်းလေးတွေ ဖြစ်ပါတယ်။
ရေခဲ
ကွဲနေတဲ့ နှုတ်ခမ်းသားတွေကို ရေခဲတုံးနဲ့ ပွတ်ပေးရုံပဲဖြစ်ပါတယ်။ ရောင်ရမ်းတာတွေနဲ့ ယားယံတာတွေ လျော့ကျသွားမှာ ဖြစ်ပါတယ်။ တစ်နေ့ကို နှစ်ကြိမ်ခန့်လုပ်ပေးသင့်ပြီး ကုတ်ဖဲ့တာမျိုးကိုတော့ ရှောင်ရမှာ ဖြစ်ပါတယ်။
အုန်းဆီ
အုန်းဆီသန့်သန့်နဲ့ ဂွမ်းသန့်သန့်လိုအပ်မှာ ဖြစ်ပါတယ်။ ကွဲနေတဲ့ နှုတ်ခမ်းသားတွေကို အုန်းဆီနဲ့တို့ပေးပြီး ပြန်သုတ်စရာမလိုဘဲ ဒီအတိုင်းထားပေးရမှာ ဖြစ်ပါတယ်။ အုန်းဆီမှာ lauric အက်ဆစ်နဲ့ oleic အက်ဆစ်တွေပါဝင်ပြီး ပိုးမွှားတွေကို သေစေကာ နှုတ်ခမ်းကွဲတာကို လျင်မြန်စွာ ကုသပေးနိုင်ပါတယ်။
ကြက်သွန်ဖြူ
ကြက်သွန်ဖြူတစ်မွှာလောက်ကို ချေပြီး ရလာတဲ့အဆီကို နှုတ်ခမ်းသား သုတ်ပေးရမှာ ဖြစ်ပါတယ်။ တစ်နေ့ကို နှစ်ကြိမ် သုံးကြိမ်ခန့် လုပ်ပေးသင့်ပါတယ်။ ကြက်သွန်ဖြူမှာ ပိုးသေစေနိုင်တဲ့ ပစ္စည်းတွေနဲ့ အခြားဂုဏ်သတ္တိပေါင်းများစွာ ပါဝင်ပါတယ်။ ငွေလုံးဝမကုန်နိုင်တဲ့ အိမ်တွင်းသုံးဆေးဝါးလည်း ဖြစ်ပါတယ်။
ဆား
ဆားကို လက်သန့်သန့်နဲ့ ယူပြီး ဖြစ်ပွားတဲ့ နှုတ်ခမ်းသားနေရာမှာ စက္ကန့်သုံးဆယ်လောက်ဖိပေးရမှာ ဖြစ်ပါတယ်။ တစ်နေ့နှစ်ကြိမ် သုံးကြိမ်ခန့် လုပ်ပေးသင့်ပါတယ်။