What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 11 January 2021 16:00

COVID-19 ရောဂါကာကွယ်ဆေး ဝယ်ယူရရှိရေး ရန်ပုံငွေ ငွေကျပ် သိန်း (၁၅၀၀) ကို ကနဦး မတည်မည်

COVID-19 ကာကွယ်ဆေးဝယ်ယူရရှိရေး ရန်ပုံငွေအတွက် ပူးပေါင်းပါဝင်လှူဒါန်းနိုင်ရန်ဖိတ်ခေါ်ခြင်း။


၁။ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးတို့သည် COVID-19 ရောဂါကြောင့် ကျန်းမာရေးသာမက စီးပွားရေးနှင့် လူမှုရေးတို့တွင်လည်း ကြီးမားသော အခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့နေရပါသဖြင့် ကာကွယ်ဆေးအမြန်ဆုံး ထိုးနှံနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြပါသည်။ ထိုသို့ဆောင်ရွက်ရာတွင် နိုင်ငံတော်အစိုးရသာမက ပြည်သူများ၊ ပုဂ္ဂလိကအဖွဲ့အစည်းများ၊ စီးပွားရေးလုပ်ငန်းများအနေဖြင့်လည်း ငွေအား၊လူအားဖြင့် ပူးပေါင်းပါဝင်မှသာလျှင် ရောဂါပြန့်ပွားမှုကို ကျယ်ကျယ်ပြန့်ပြန့် ကာကွယ်တားဆီးနိုင်ပြီး လူမှုစီးပွားဘဝများ ပုံမှန်ပြန်လည် လည်ပတ်လုပ်ကိုင်နိုင်မည်ဖြစ်ပါသည်။

၂။ သို့ဖြစ်ပါ၍ ကုန်သည်စက်မှုအသင်းချုပ်အနေဖြင့်လည်း COVID-19 ရောဂါကာကွယ်ဆေး ဝယ်ယူရရှိရေး ရန်ပုံငွေအတွက် ပထမအကြိမ်ငွေကျပ် သိန်း (၁၅၀၀) ကို ကနဦး မတည်မည်ဖြစ်ပြီး အသင်းသူအသင်းသားများ၊ ညီနောင်အသင်းအဖွဲ့များ၊ အမှုဆောင်များနှင့် လုပ်ငန်းရှင်များမှလည်း ယင်းရန်ပုံငွေတွင် မိမိစေတနာအလျောက် ပူးပေါင်းပါဝင်လှူဒါန်းနိုင်ပါကြောင်းနှင့် အောက်ဖော်ပြပါ ဘဏ်စာရင်းအမှတ်(Bank Account)များသို့ ပေးပို့နိုင်ပါကြောင်း အသိပေးအကြောင်းကြား တိုက်တွန်း နှိုးဆော်အပ်ပါသည်။
KBZ Bank - 06110306101562601
MAB Bank - 0030165003014702010
UAB Bank - 002070100004220

၃။ ထိုသို့ရရှိလာသည့် အလှူငွေများကိုစုပေါင်း၍ COVID-19 ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ မှ ဖွဲ့စည်းထားသော COVID- 19 ကာကွယ်ဆေး ရန်ပုံငွေရရှိရေး စီမံခန့်ခွဲမှုဆပ်ကော်မတီသို့ ပေးပို့လှူဒါန်းသွားမည်ဖြစ်ပါသည်။ ပူးပေါင်းပါဝင်လှူဒါန်းသွားမည့် အလှူရှင်များ၏ အမည်နှင့်လှူဒါန်းငွေစာရင်းများကို ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) ၏ Facebook Page နှင့် Website စာမျက်နှာများတွင် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။


ကုန်သည်စက်မှုအသင်းချုပ် (UMFCCI)

ဆက်သွယ်ရန် 

ဒေါ်ကေသွယ်လင်း
ဌာနမှူး၊ ငွေစာရင်းဌာန၊ ကုန်သည်စက်မှုအသင်းချုပ်
ဖုန်း - ၀၉-၄၅၀၂၀၀၆၁၀၊ ၀၁-၂၃၁၄၃၄၄~၄၉ (လိုင်းခွဲ-၂၂၆၊ ၃၀၂)

 

 

Read times
Rate this item
(0 votes)