What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 18 January 2021 10:59

လည်ပင်းမဲခြင်းကို ဖြူဝင်းသွားစေမည့် အိမ်တွင်းနည်းလမ်းများ

သင်ဟာ အပြစ်အနာအဆာကင်းတဲ့မျက်နှာကို ပိုင်ဆိုင်ထားပေမဲ့လဲ လည်တိုင်က မဲနေမယ်ဆိုရင် မျက်နှာရဲ့ဝင်းလက်တောက်ပမှုကို အဟန့်အတားဖြစ်စေပါတယ်။

လည်တိုင်ဘာကြောင့် မဲလဲဆိုတာကို သိချင်ကြတယ်မလား။ လည်တိုင်မဲရတဲ့အကြောင်းအရင်းက တစ်ကိုယ်ရေးသန့်ရှင်းမှုအားနည်းတဲ့အတွက်ကြောင့်ဖြစ်နိုင်ပါတယ်။ အခြားအကြောင်းပြချက်တစ်ချို့ကတော့ အလှကုန်ပစ္စည်းတွေမှာပါဝင်တဲ့ဓာတုပစ္စည်းတွေ၊ လေထုညစ်ညမ်းမှုတွေကြောင့်ဖြစ်နိုင်ပါတယ်။ လည်တိုင်မဲခြင်းကို ဖြူဝင်းသွားစေဖို့အတွက် ကျွန်ုပ်တို့လုပ်ရမည့်အရာတွေက မီးခိုချောင်ထဲကို သွားပြီး အိမ်တွင်းနည်းလမ်းတစ်ချို့ကို ပြင်ဆင်ရမှာဖြစ်ပါတယ်။

ရှားစောင်းလက်ပတ်ဂျယ်လ်

ကျွန်ုပ်တို့အများစုက ရှားစောင်းလက်ပတ်အပင်ကို အလွယ်တကူရရှိနိုင်ပြီး လည်တိုင်မဲခြင်းကိုလဲ မှေးမိန်သွားစေပါတယ်။ ရှားစောင်းလက်ပတ်မှာ ပါဝင်တဲ့ သတ္ထုဓာတ်၊ ဗီတာမင်ဓာတ်တွေက အသားအရေမှာ ဖြစ်တတ်တဲ့အမဲကွက်တွေကို လျော့နည်းစေပါတယ်။ ရှားစောင်းလက်ပတ်ရဲ့ဂျယ်လ်ကို ယူပြီး လည်ပင်းမှာ အသုံးပြုလိုက်ပြီး မိနစ်အနည်းငယ်လောက် scrubလုပ်ပေးပြီးနောက် နာရီဝက်လောက်ထားပြီး ရေနဲ့ဆေးလိုက်ရမှာဖြစ်ပါတယ်။

ပန်းသီးအရက်ဗီနီဂါ

ပန်းသီးအရက်ဗီနီဂါကို အသားအရေရဲ့PHကို ညီမျှအောင်ညှိပေးတာကို သိပြီးသားဖြစ်မှာပါ။ ဒါအပြင့် အသားရေမှာရှိတဲ့ ဆဲလ်အသေတွေကို ဖယ်ရှားပေးပါတယ်။ ပန်းသီးအရက်ဗီနီဂါ စားပွဲတင်ဇွန်း၂ဇွန်းကို ရေအနည်းငယ်နဲ့ရောစပ်လိုက်ပြီး ဝါဂွမ်းနဲ့ယူပြီး မဲနေတဲ့နေရာတွေကို အသုံးပြုလိုက်ပါ။ မိနစ်အနည်းငယ်လောက်ထားပြီး ရေနဲ့သန့်စင်လိုက်ရမှာဖြစ်ပါတယ်။

အယ်မွန်ဆီ

အယ်မွန်ဆီက ဗီတာမင်အီနဲ့ ဖြူဝင်းစေတဲ့ဂုဏ်သတ္တိတွေပါဝင်ပါတယ်။ အယ်မွန်ဆီအစက်အနည်းငယ်ကိုယူပြီး လည်ပင်းပေါ်ကို မိနစ်အနည်းငယ်လောက် နှိပ်နယ်ပေးပြီး ခန္ဓာကိုယ်က ဆီတွေစုပ်ယူစေလိုက်ပါ။

ဒိန်ချဉ်

ဒိန်ချဉ်က အသားရေကို ဖြူဝင်းစေတဲ့ သဘာဝအင်ဇိုင်းဓာတ်ပါဝင်ပါတယ်။ သန့်ရှင်းလတ်ဆတ်တဲ့ဒိန်ချဉ် စားပွဲတင်ဇွန်း၂ဇွန်းကိုယူပြီး လည်ပင်းပေါ်လိမ်းလိုက်ပါ။ ၁၅မိနစ်လောက် ထားပြီး ရေနဲ့သန့်စင်လိုက်ရမှာဖြစ်ပါတယ်။

အာလူး

အာလူးက အသားရေကို ဖြူဝင်းစေတဲ့ဂုဏ်သတ္တိတွေပါဝင်ပါတယ်။ အာလူးတစ်လုံးကို အခွံခွာပြီး အရည်ညစ်လိုက်ပါ။ လည်ပင်းပေါ်တွင် အာလူးအရည်ကို လိမ်းပြီး ၁၅မိနစ်လောက်ထားလိုက်ပါ။ ပြီးနောက် ရေနဲ့သန့်စင်လိုက်ရမှာဖြစ်ပါတယ်။

Read times
Rate this item
(1 Vote)