What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Saturday, 23 January 2021 15:45

နာတာရှည် ကျောက်ကပ်ရောဂါနှင့် ဖြစ်ပွားရသော အကြောင်းရင်းများ

နာတာရှည်ကျောက်ကပ်ရောဂါသည်ကမ္ဘာနှင့်တစ်လွှား အဖြစ်များလာသော ရောဂါဖြစ်သည်။ ကျောက်ကပ်ရောဂါ အမျိုးမျိုးရှိသည်။

ကျောက်ကပ်ရောင်ခြင်း၊ ရုတ်တရက်ကျောက်ကပ်ထိခိုက်ခြင်း၊ ကျောက်ကပ်နှင့်ဆီးလမ်းကြောင်းပိုးဝင်ခြင်း၊ ကျောက်ကပ်ကျောက်တည်ခြင်း၊ နာတာရှည်ကျောက်ကပ်ရောဂါဖြစ်ခြင်း စသဖြင့်မျိုးစုံရှိသည်။ ထိုရောဂါများအထဲတွင် နာတာရှည်ကျောက်ကပ်ရောဂါဖြစ်သွားပြီးဆိုလျှင်ကျောက်ကပ်အနေအထားကို ပုံမှန်ပြန်ရောက်ရန်မလ ွယ်ကူတ ဲ့ပေ။ ပိုမဆိုးလာအောင်ထိန်းခြင်း၊ ကျောက်ကပ်ထိခိုက်၍ ဖြစ်လာသော လက္ခဏာများကိုလိုက်ပြီး ကုသခြင်းများကို လုပ်ဆောင်သင့်သည်။

နာတာရှည်ကျောက်ကပ်ရောဂါဖြစ်စေသော အကြောင်းရင်းများတွင်ဆီးချိုရောဂါ၊ သေ ွးတိုးရောဂါ၊ ကျောက်ကပ်ရောင်ခြင်း၊ လေးဖက်နာရောဂါတချို့၊ ဆေးဝါးတချို့၊ ဆီးလမ်းကြောင်းပိုးမကြာခဏဝင်ခြင်း၊ ဆီးကျောက်တည်ခြင်းနှင့်တခြားအကြောင်းများကြောင့်ဆီးလမ်းကြောင်းပိတ်ခြင်း စသည်တို့ပါဝင်ပါသည်။

နာတာရှည် ကျောက်ကပ်ရောဂါ၏ လက္ခဏာများ

နာတာရှည်ကျောက်ကပ်ရောဂါသည်စဖြစ်ကာစတွင် ရောဂါလက္ခဏာ မပြတတ်သေးပေ။ ရောဂါရင့်လာချိန်မှညဘက်ဆီးသွားများခြင်း၊ သွေးအားနည်းခြင်း၊ မောပန်းခြင်း၊ မျက်ခွံမို့ခြင်း၊ မျက်နှာနှင့် ကိုယ်လက်များဖောရောင်ခြင်း၊ အစားအသောက်ပျက်ခြင်း၊ ပျို့အန်ခြင်း၊ ကျွတ်ထိုးခြင်း၊ ခန္ဓာကိုယ်နှင့် အရေပြားများယားယံခြင်း စသည်တို့ဆက်လက်ဖြစ်ပေါ်လာတတ်သည်။ ဆီးဆိပ်အရမ်းများလာချိန်တွင် တက်ခြင်း၊ သတိလစ်ခြင်းများအထိဖြစ်ပေါ်တတ်ပါသည်။

နာတာရှည်ကျောက်ကပ်ရောဂါ၏ နောက်ဆက်တွဲ အနေဖြင့်နှလုံးထိခိုက်ခြင်း၊ နှလုံးသေ ွးကြောကျဉ်းခြင်း၊ သွေးအားနည်းခြင်း၊ သွေးထ ွက်လ ွယ်ခြင်း၊ အရိုးများထိခိုက်လာပြီး အရိုးပွခြင်းများဖြစ်လာခြင်း၊ သွေးတိုးလာခြင်း၊ ဦးနှောက်နှင့်အာရုံကြောများထိခိုက်ခြင်း၊ ဟော်မုန်းများပုံမှန်မဟုတ်ခြင်းကြောင့် အမျိုးသမီးများတွင်ဓမ္မတာမမှန်ခြင်း၊ အမျိုးသားများတွင်ပန်းသေခြင်း စသည်များ ဆက်လက်ဖြစ်ပေါ်လာတတ်ပါသည်။

နာတာရှည် ကျောက်ကပ်ရောဂါဖြစ်ပွားမှန်း မည်သို့သိနိုင်မည်နည်း။

နာတာရှည်ကျောက်ကပ်ရောဂါသည် အထက်ပါလက္ခဏာများဖြစ်ပေါ်လာခြင်း မရှိသေးခင်ကပင် စတင်ဖြစ်ပွားနေနိုင်ပါသည်။ ထို့ကြောင့်နာတာရှည်ကျောက်ကပ်ရောဂါဖြစ်စေနိုင်သော အကြောင်းရင်းရှိသူများ အနေဖြင့်သွေးစစ်ခြင်း ဆီးစစ်ခြင်းတို့ဖြင့်သာ စောလျင်စွာ သိရှိနိုင်မည်ဖြစ်သည်။ အထက်ပါ လက္ခဏာ များ ရှိလာလျှင်လည်း မြန်မြန်ဆန်ဆန်သွေးစစ်ဆီးစစ်စစ်ဆေးခြင်းများ လုပ်ဆောင်ရန် လိုအပ်ပါသည်။

ဆီးချိုဆေး မက်ဖော်မင်(Metformin) သည် ကျောက်ကပ်ထိစေပါသလား။

ဆီးချိုရောဂါ ထိန်းသိမ်းရာတွင်မက်ဖော်မင်သည်အလွန်အသုံးဝင်သောဆေးဖြစ်သည်။ လူအများမှားမှတ်ထားသလိုမက်ဖော်မင်သည်ကျောက်ကပ်ထိစေနိုင်သော ဆေးမဟုတ်ပါချေ။ ဆီးချိုကို သေချာမထိန်းမှသာ ကျောက်ကပ်ထိခိုက်သည်ဖြစ်သည်။ တစ်ခုတော့ရှိသည်မှာ ကျောက်ကပ်ထိခိုက်မှု ပြင်းထန်လာသည့်အချိန်တွင်တော့ မက်ဖော်မင်ဆေးနှင့်မသင့်တော်တော့သောကြောင့် ရပ်ဆိုင်းထားရန်လိုအပ်ပါသည်။

နာတာရှည် ကျောက်ကပ်ရောဂါဖြစ်လာပြီ ဆိုလျှင်

အထက်တွင်ဖော်ပြခဲ့သလို နာတာရှည်ကျောက်ကပ်ရောဂါသည်စတင်ဖြစ်ပွားလာပြီဆိုလျှင် ကျောက်ကပ်အနေအထားသည်မူရင်းအနေအထားသို့ပြန်လည်ရောက်ရှိရန်ခက်ခဲသ ွားပြီဖြစ်သည်။ ပိုမိုမဆိုးသွားရန်သာ ထိန်းသိမ်းခြင်းသာ အဓိက လုပ်ဆောင်နိုင်သည်။ နာတာရှည်ကျောက်ကပ်ရောဂါရှိသူများ အနေဖြင့်ဖြစ်စေသော အကြောင်းရင်း ရောဂါများကို စနစ်တကျ ကုသရန်လိုအပ်ပါသည်။

သွေးတိုး ဆီးချို ရှိသူများအနေဖြင့်က ျွမ်းကျင်သော ဆရာဝန်နှင့် စနစ်တကျ တိုင်ပင်ပြီး ရောဂါကိုသေချာထိန်းရန်လိုအပ်ပါသည်။ ကျောက်ကပ်ရောဂါကိုကျွမ်းကျင်သော ကျောက်ကပ်အထူးကုဆရာဝန်ကြီးများနှင့်စနစ်တကျပြသရပါမည်။ ဆရာဝန်ညွှန်ကြားချက်နှင့်အညီ ဆေးဝါးများကိုစနစ်တကျ သုံးစွဲရပါမည်။ ကျောက်ကပ်ထိခိုက်ခြင်းကိုပိုဆိုးစေနိုင်သော အကိုက်အခဲပျောက်ဆေးများကိုရှောင်ကြဉ်ရပါမည်။

ယခုနောက်ပိုင်း ကျောက်ကပ်ဆေးစင်တာများကိုအစိုးရဆေးရုံများတွင်ရော ပုဂ္ဂလိကဆေးခန်းများ ပရဟိတဆေးခန်းများတွင်အရင်ကထက်များစွာ ပိုမိုဖွင့်လှစ်လာနိုင်ပြီး အခမဲ့ လုပ်ပေးနိုင်သော စင်တာများ ပေါ်လာပြီဖြစ်သော်လည်း လူနာများ၏ လိုအပ်ချက်ပြည့်မှီခြင်းတော့မရှိသေးပေ။ အခကြေးငွေနှင့်လုပ်ဆောင်ရပါက တစ်ခါလုပ်လျှင်၅ သောင်းဝန်းကျင်ခန့်အထိကုန်ကျစရိတ်ရှိရာ ရေရှည် လုပ်ဆောင်နိုင်ရန်မှာ ကုန်ကျစရိတ်မြင့်မားသည်ဟုဆိုရမည်ဖြစ်သည်။ ကျောက်ကပ်လဲမည်ဆိုလျှင်လည်း သိန်းရာနှင့်ချီ၍ ကုန်ကျနိုင်ရာ လူနာ အများစုအတွက်လွယ်ကူသော ကုသမှုသော မဟုတ်ပါချေ။

ထိုကြောင့်လည်း ကျောက်ကပ်မဖြစ်မနေဆေးရ လဲရသည့်အဖြစ်သို့မရောက်အောင်တတ်နိုင်သမျှ ထိန်းထားနိုင်ရန်ဆေးဝါးဖြင့်ကုသခြင်းအပြင်အစားအသောက်သေချာထိန်းသိမ်းခြင်း ရှောင်ကြဉ်ရသည်တို့ကို ရှောင်ကြဉ်ခြင်းများကိုစနစ်တကျ လုပ်ဆောင်သင့်ပါသည်။

Read times Last modified on Saturday, 23 January 2021 15:48
Rate this item
(0 votes)