What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 27 January 2021 17:06

သွေးကြောကျဉ်းခြင်းဟာ လေဖြတ်ခြင်းကို ဖြစ်ပွားစေတဲ့ အကြောင်းအရင်းတစ်ခု

လေဖြတ်ခြင်း နဲ့ တကျော့ပြန်လေဖြတ်ခြင်းကို လွှမ်းမိုးနေတဲ့အချက်တွေ အများကြီးရှိပါတယ်။ ဖြစ်နိုင်ခြေအကြောင်းခြင်းရာတွေ သင့်မှာရှိလေ၊ သင်ဟာ လေဖြတ်နိုင်ခြေ အခွင့်အရေးများလေ ဖြစ်ပါတယ်။

လေဖြတ်ခြင်း ဖြစ်ပွားနိုင်ခြေကို သင်ကိုယ်တိုင် မထိန်းချုပ်နိုင်တာတွေ ရှိပါတယ်။ အဲဒီအရာတွေကတော့- အသက်။ အသက်ကြီးလာလေ လေဖြတ်နိုင်ခြေ များလေဖြစ်ပါတယ်။ ကျား/မ ကွဲပြားမှု။ အမျိုးသားတွေမှာ ပိုဖြစ်တတ်ပါတယ်။

သွေးကြောကျဉ်းခြင်းဆိုတာ ဘာလဲ

သွေးလွှတ်ကြောဆိုတာ နှလုံးက သွေးတွေကို ခန္ဓာကိုယ်အနှံ့ကို ပို့ဆောင်ပေးတဲ့ သွေးကြောတွေ ဖြစ်ပါတယ်။ သူတို့ အတွင်းပိုင်းကို endothelium လို့ခေါ်တဲ့ ဆဲလ်အလွှာတမျိုးနဲ့ ဖုံးအုပ်ထားပါတယ်။ အဲဒီအလွှာဟာ သွေးစီးဆင်းမှုကောင်းဖို့အတွက် သွေးလွှတ်ကြောတွေရဲ့ အတွင်းနံရံတောင့်တင်းအောင်၊ ချောမွေ့အောင် ထိန်းသိမ်းပေးပါတယ်။ ဒီအလွှာ ပျက်စီးတာနဲ့အတူ သွေးကြောကျဉ်းခြင်း ဖြစ်ပေါ်ပါတယ်။ သွေးတိုးခြင်း၊ ဆေးလိပ်သောက်ခြင်း၊ ကိုလက်စထရောများခြင်း စတာတွေကြောင့် ဖြစ်နိုင်ပါတယ်။ ဒီပျက်စီးမှုကြောင့် သွေးကြောထဲမှာ အနည်ထိုင်ခြင်း ဖြစ်ပေါ်စေပါတယ်။ အဲဒီကတဆင့် သွေးလွှတ်ကြောဟာ မာပြီးကျဉ်းလာတာကြောင့် သွေးကြောကို မသိမသာ ပိတ်လာစေပြီး သွေးစီးဆင်းမှုကို ဒုက္ခပေးပါတယ်။

ဒီလိုဖြစ်ခြင်းဟာ နှလုံးထိခိုက်ခြင်း၊ လေဖြတ်ခြင်းနဲ့ အစွန်အဖျား သွေးကြောရောဂါ စတဲ့ နှလုံးနဲ့ သွေးကြောဆိုင်ရာရောဂါတွေကို ဖြစ်ပွားစေတဲ့ အကြောင်းအရင်းပါပဲ။
ဘာတွေဖြစ်စေသလဲ။

သွေးကြောကျဉ်းခြင်းဟာ သက်လတ်ပိုင်း၊ သက်ကြီးပိုင်း ရောက်လာတဲ့အထိ လက္ခဏာမပြတတ်တာ များပါတယ်။ ဒါပေမယ့် ကျဉ်းတာ ပိုဆိုးလာပြီး သွေးစီးဆင်းမှုကို ပိတ်စေရင်တော့ နာကျင်စေပါတယ်။ ပိတ်ဆို့ခြင်းကြောင့် သွေးကြောပေါက်ခြင်းကိုလည်း ဖြစ်စေနိုင်ပါတယ်။ အဲဒီလိုပေါက်တဲ့နေရာမှာ သွေးခဲလေးတွေ ဖြစ်ပေါ်စေပါတယ်။ အဆိုးဆုံးအခြေအနေကတော့ ရုတ်တရက်ပေါက်ထွက်ရင် သွေးလွှတ်ကြောထဲမှာ သွေးခဲခြင်းဖြစ်ပေါ်စေတာပါပဲ။ ဦးနှောက်ပိုင်းမှာ လေဖြတ်ခြင်း၊ နှလုံးမှာ နှလုံးထိခိုက်ခြင်း စတာတွေ ဖြစ်စေနိုင်ပါတယ်။
သွေးလွှတ်ကြောကျဉ်းခြင်း ဖြစ်ပွားနိုင်ခြေ မြင့်တက်စေသည့် အကြောင်းများ နှလုံးကြောင့် ရင်ဘတ်အောင့်ခြင်း၊ လေဖြတ်ခြင်းနှင့် နှလုံးထိခိုက်မှု ရာဇဝင်ရှိခြင်း၊ လည်ပင်းရှိ ဦးနှောက်ကိုသွားသော သွေးကြောမကြီး ပိတ်ဆို့ခြင်း ၊ ခြေလက်အဖျားပိုင်းဆိုင်ရာ သွေးကြောရောဂါရှိခြင်း စတာတွေကတော့ သွေးကြောကျဉ်းနေကြောင်း ညွှန်းပြနေတဲ့ အထောက်အထားတွေလဲ ဖြစ်ပါတယ်။ဆီးချိုရှိသူများဟာလည်း သွေးကြောကျဉ်းခြင်း နဲ့ဆိုင်တဲ့ နှလုံးရောဂါ ဖြစ်ပွားနိုင်ခြေ များပါတယ်။

လေဖြတ်ခြင်းနှင့် သွေးကြောကျဉ်းခြင်း

သွေးခဲဖြစ်ခြင်း၊ ဦးနှောက်ကို သွားတဲ့ သွေးကြောကျဉ်းခြင်း စတဲ့ သွေးမလုံလောက်ခြင်းကြောင့်ဖြစ်တဲ့ လေဖြတ်ခြင်းဟာ ၂မျိုးရှိပါတယ်။ ပထမတစ်မျိုးကတော့ သွေးလွှတ်ကြောမှာဖြစ်တဲ့ သွေးခဲကြောင့်ဖြစ်ပြီး အဖြစ်အများဆုံးလည်း ဖြစ်ပါတယ်။ သွေးလွှတ်ကြောကျဉ်းနေတဲ့ နေရာမှာ သွေးခဲဖြစ်ပြီး ဦးနှောက်ကို သွေးစီးဆင်းတာကို ပိတ်ဆို့စေသောကြောင့် ဖြစ်တာပါ။

နောက်တစ်မျိုးကတော့-

သွေးကြောထဲလှည့်နေတဲ့ သွေးခဲ ဒါမှမဟုတ် အနည်အမှုန် (အဆီခဲ၊ လေပူဖောင်း စသဖြင့်) တစ်ခုခုဟာ ဦးနှောက်ကို သွားတဲ့သွေးကြောကို ရောက်လာပြီး ပိတ်မိစေတာကြောင့် ဖြစ်စေတတ်ပါတယ်။ သွေးလွှတ်ကြောထဲ ပုံနေတဲ့ အနည်အမှုန် ဒါမှမဟုတ် သွေးခဲကနေ ပြုတ်ထွက်လာလို့ ဖြစ်တတ်ပါတယ်။ ဒါပေမယ့် ဒီလေဖြတ်ခြင်းမျိုးဟာ နှလုံးခုန်နှုန်းမမှန်တဲ့ atrial fibrillation လို ရောဂါရှိတဲ့ လူနာတွေမှာ ဖြစ်တတ်တဲ့ သွေးခဲလေးတွေ သွေးစီးကြောင်းထဲဝင်သွားတာကြောင့် အများဆုံး ဖြစ်တတ်ပါတယ်။

Read times Last modified on Wednesday, 27 January 2021 17:17
Rate this item
(1 Vote)