What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 28 January 2021 14:25

တရုတ်နိုင်ငံမှာ ကိုဗစ်စစ်ဆေးမှုကို စအိုတို့ဖတ်နမူနာယူ စစ်ဆေး

တရုတ်နိုင်ငံတွင် ကိုဗစ်ကူးစက်နိုင်ခြေမြင့်မားသူများအား ၎င်းတို့၏စအိုတို့ဖတ်များမှတစ်ဆင့် စမ်းသပ်မှုများပြုလုပ်နေကြောင်း တရုတ်နိုင်ငံပိုင် မီဒီယာမှ သတင်းထုတ်ပြန်ခဲ့သည်။

ထိုကဲ့သို့ စအိုရှိတို့ဖတ်များမှတစ်ဆင့် စမ်းသပ်ခြင်းမှာ ခရီးသွားများအတွက် တွန့်ဆုတ်ခြင်းများကို ဖြစ် သွားစေခဲ့သလို လူမှုကွန်ရက်များမှတစ်ဆင့် သတင်းကြားသိရသူများ၏ လှောင်ပြောင်မှု ရှိနေသော်လည်း ဗိုင်းရပ်စ်ကိုရှာဖွေရာတွင် ပိုမို အကျိုးသက်ရောက်မှုရှိသည်ဟု တရုတ်ကျန်းမာရေးဌာနမှ ဆရာဝန်များက ပြောကြားထားကြသည်။

ကိုဗစ်ကူးစက်ခံထားရသည်ဟု အတည်ပြုထားသည့် လူနာများနှင့် အနီးကပ်ထိတွေ့မှု ရှိခဲ့သူများ၏ စအိုမှ တို့ဖတ်များကို ပြီးခဲ့သည့် သီတင်းပတ်အတွင်းက စတင် ယူဆောင်ခဲ့သည်ဟုလည်း တရုတ်အာဏာပိုင်များက အတည်ပြုပြောကြားခဲ့သည်။

ထို့အတူ ကွာရန်တင်းဌာနများအဖြစ် သတ်မှတ်ထားသည့် နေရာများတွင်လည်း အဆိုပါနည်းလမ်းဖြင့် စမ်းသပ်စစ်ဆေးနေသည်ဟု ဆိုသည်။

တရုတ်နိုင်ငံမြောက်ပိုင်းရှိ မြို့များတွင် ပြီးခဲ့သည့် သီတင်းပတ်အတွင်းက ကိုဗစ်ကူးစက်ဖြစ်ပွားမှု များပြားခဲ့ရာ ရောဂါပိုးရှိမရှိ စစ်ဆေးမှုများကိုလည်း အလုံးအရင်းပြုလုပ်ခဲ့ကြသည်။

လက်ရှိကမ္ဘာတစ်ဝန်းတွင် ကိုဗစ်ရှိ မရှိအား လည်ချောင်းနှင့် နှာခေါင်းမှ တို့ဖတ်များကိုယူ၍သာ အများဆုံးစမ်းသပ်နေကြသော်လည်း တရုတ် ကျန်းမာရေး တာဝန်ရှိသူများက စအိုတို့ဖတ်ယူ၍ စတင်စစ်ဆေးခဲ့ခြင်းဖြစ်သည်။

ထိုကဲ့သို့ စအိုတို့ဖတ်ယူ၍ စစ်ဆေးသည့် နည်းလမ်းမှာ ရောဂါပိုးကူးစက်ခံထားရသူများကို ရှာဖွေတွေ့ရှိမှုနှုန်းတွင် ပိုမိုမြင့်မားသည်ဟုလည်း သိရသည်။

ကိုဗစ်ရောဂါပိုးမှာ အသက်ရူလမ်းကြောင်းနှင့် ဆိုင် သည့်နေရာများထက် လူ၏စအိုတွင် ပိုမိုကြာရှည်စွာတွယ်ကပ်နေသည်ဟုလည်း ဘေဂျင်းမြို့ရှိ You'an ဆေးရုံမှ ဒေါက်တာ Li Tongzengက ပြောကြားထားသည်။

Myanmar Seamen Union

Ref: CNA / France24

Read times
Rate this item
(1 Vote)