What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 23 July 2021 08:38

အောက်ဆီဂျင်အိုး 40L အိုး နှစ်သောင်း ချင်းရွှေဟော်မှတစ်ဆင့် တင်သွင်းရောက်ရှိမည်

အောက်ဆီဂျင်အိုး 40L အိုး နှစ်သောင်း ချင်းရွှေဟော်မှတစ်ဆင့် တင်သွင်းရောက်ရှိမည်။

၂၀၂၁ ခုနှစ် ဇူလိုင်လ ၂၁ ရက်တွင် ကျင်းပသော မြန်မာနိုင်ငံ ကုန်သည်စက်မှုအသင်းချုပ် UMFCCI CEC အစည်းအဝေးတွင် ချင်းရွှေဟော် နယ်စပ် ကုန်သွယ်ရေးစခန်း မှတစ်ဆင့် အောက်စီဂျင်အိုးအခွံများ တင်သွင်းနေမှုများကို ရှင်းလင်း ပြောကြားခဲ့ပါသည်။

၂၀၂၁ ခုနှစ် ဇူလိုင်လ ၂၀ ရက်တွင် ဖြစ်ပေါ်လျက်ရှိသော ငွေလဲနှုန်းနှင့် ဈေးနှုန်းများအရ မန္တလေးမြို့အရောက် အောက်ဆီဂျင်အိုး 40Lတစ်အိုး (Flowmeter အပါအဝင်)အတွက် ကုန်ကျစရိတ် စုစုပေါင်းမှာ ၁၇၈,၅၀၀ ကျပ် ဖြစ်ပါသည်။

 

Screenshot_2021-07-22_223218.jpg

 

ဝယ်ယူရရှိသည့်အခြေအနေများကိုလည်း အဆိုပါ အစည်းအဝေးတွင် တင်ပြခဲ့ပါသည်။

ဇူလိုင်လ ၈ ရက်နေ့မှစတင်ဝယ်ယူပြီး ဇူလိုင်လ ၂၀ ရက်နေ့အထိ ၇,၅၀၀ လုံး ဝယ်ယူတင်ပို့ပြီးဖြစ်ပါသည်။ .
20.7.2021ရက်နေ့ အစည်းအဝေးမှ ကုန်သည်များ၏ လိုအပ်ချက်အရ စက်ရုံများထံမှ ဝယ်ယူရန် စုံစမ်းသိရှိချက်မှာ
ယခုလကုန်အထိ အဝယ်လက်မခံနိုင်တော့ကြောင်း၊
မြန်မာပြည်ကုန်သည်များမှ အလုံးရေ နှစ်သောင်းခန့် ဝယ်ယူထားသဖြင့် အချိန်မှီပို့နိုင်အောင် ထုတ်လုပ်နေကြောင်း အကြောင်းပြန်လာပါသည်။

ဇူလိုင်လ ၁၂ ရက်မှ ၃၁ ရက်အထိ အထိ ချင်းရွှေဟော်စခန်းမှ သွင်းနိုင်သည့်ပမာဏမှာ အောက်ဆီဂျင်အိုးပေါင်း နှစ်သောင်းခန့် ရှိနိုင်ပါသည်။
၎င်းရောက်ရှိမည့်အိုးများကို ကြိုတင်မှာယူထားပြီးဖြစ်ပါသည်။
ထို့ကြောင့် ဈေးကွက်၏ အောက်ဆီဂျင်လိုအိပ်ချက်များကို အသင့်အတင့် ဖြည့်တင်းနိုင်ပါမည်။
နောက်လအတွင်း အောက်စီဂျင်အိုးများ ဝယ်ယူနိုင်ရန် ကြိုးစားပေးသွားမည် ဖြစ်သည်ဟု နယ်စပ်ကုန်သွယ်ရေးမှ ဒေါ်လွင်လွင်မာက ပြောကြားခဲ့ပါသည်။ အဆင်ပြေချောမွေ့ရန်အတွက်လည်း ကုန်သည်များ ပူးပေါင်းဆောင်ရွက်လျက် ရှိပါသည်။

ယခုအခါ အမှာများ သောင်းချီတက်နေပြီး စီချွမ်ဖက်ကမှာလျှင် ၂ ပတ်ကြာမည်။ ကူမင်းဖက်ကမှာလည်းရသည်။သိုသော် ကူမင်းဖက်ကဆိုလျှင် ဈေးအနည်းငယ်မြှင့်ပါမည်။
အောက်ဆီဂျင်အိုးသေးများဖြစ်သည့် 20L, 15L, 10L များက ဝယ်ယူရရှိရန် ရှားပါးပါသည်။
အောက်ဆီဂျင်စက်များလည်း သွင်းရန် စီစဉ်နေပါသည် ဟု ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးမှ ဒေါ်လွင်လွင်မာက ပြောသည်။

ကုန်သည်စက်မှုအသင်းချုပ် (UMFCCI)သည် အောက်ဆီဂျင်အိုး ၂၀၀ နှင့် အောက်ဆီဂျင် concentrator စက် အလုံး ၃၀ မှာယူထားပြီးဖြစ်ရာ
ဩဂုတ်လဆန်းလောက်တွင် အသင်းသားများနှင့်ပြည်သူတို့ လိုအပ်ချိန် ကူညီနိုင်ရန် ပြင်င်ဆင်နေကြောင်း ကြားသိရပါသည်။

Read times
Rate this item
(0 votes)