အခြေခံပညာကျောင်းများမှာ ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေးထိုးဖို့အတွက် ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ထားပြီး သက်ဆိုင်ရာ ကျောင်းအုပ်ကြီးတွေကိုလည်း အသိပညာပေး ဆွေးနွေးမှုတွေ ပြုလုပ်ထားတယ်လို့ သိရပါတယ်။
“စာရင်းသွင်းရမယ့် အခန်းရယ်၊ ထိုးရမယ့်အခန်းရယ်၊ ထိုးပြီးတဲ့ ကလေးတွေ နားဖို့အတွက်ရယ်၊ ပြင်ပေးထားရတယ်၊ ဆေးထိုးတဲ့အခါ အဆင်ပြေအောင် ကလေးတွေကိုလဲ အဲဒီနေ့မှာ အင်္ကျီပွပွ ၀တ်လာဖို့မှာထားပါတယ်” ဟု ပြောသည်။
အခြေခံပညာကျောင်းတွေမှာ စာရင်းသွင်းအပ်နှံထားတဲ့ အသက် ၁၅ နှစ်အထိ ကလေးတိုင်းကို လာမယ့် နိုဝင်ဘာလ ၁၅ ရက်နေ့ကစပြီး ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေးထိုးနှံပေးမှာ ဖြစ်ပါတယ်။
ကျောင်းသားများကို နာမည်၊ မိဘအမည်၊ အတန်းစတဲ့ အချက်အလက်တွေ ရေးထားတဲ့ ကတ်ပြားတစ်ခုစီ ကြိုတင်ဝေပေးထားမှာ ဖြစ်ပြီး ကာကွယ်ဆေးထိုးပြီးပါက အဲသည်ကတ်ပြားပေါ်မှာ ကာကွယ်ဆေးထိုးပြီးသူ ဖြစ်ကြောင်း တံဆိပ်တုံး ရိုက်နှိပ်ပေးမှာ ဖြစ်ပါတယ်။
အခြေခံပညာကျောင်းတွေ အပါအ၀င် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွေနဲ့ ပုဂ္ဂလိက ကျောင်းတွေမှာလည်း အဲသည် ကာကွယ်ဆေးထိုးဖို့ လိုအပ်ကြောင်း တိုက်တွန်းထားတဲ့ အသိပညာပေးစာစောင်တွေ ဖြန့်ဝေထားတယ်လို့လည်း သိရပါတယ်။
Source: kumudra journal