What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 04 August 2021 14:00

ရာချီသော Remdesivir ဆေးအတုများ ဖမ်းဆီးရမိ

မဏိပူရ ဘိုင်ဟာမြို့တွင် နေထိုင်သူထံမှ ရာချီသော Remdesivir ဆေးအတုများ ဖမ်းဆီးရမိခဲ့သည်။


ဆေးဘူးခွံပေါ်တွင် ဆေးအစစ်ဘူးများတွင် ဖော်ပြသည့်အတိုင်း ရူပီ ၄,၄၀၀ ဟု ပုံနှိပ်ဖော်ပြထားသည်။ မဏိပူရပြည်နယ်နှင့် နယ်နိမိတ်ချင်း ထိစပ်နေသော မြန်မာနိုင်ငံတွင် ဝယ်လိုအား မြင့်မားသဖြင့် ၎င်းဖော်ပြပါဈေးနှုန်းထက် ၂ ဆ မက ရနိုင်သည်ဟု သတင်းတွင် ဖော်ပြထားသည်။

ဘိုင်ဟာမြို့တွင် နေထိုင်သူတစ်ဦးကို အတုဟု ယူဆရသော DESREM (Remdesivir 100 mg) injection ၄၄၁ ခုကို လက်ဝယ်ရှိနေသဖြင့် အရှေ့အင်ဖာ ရဲတပ်ဖွဲ့မှ ဖမ်းဆီးခဲ့သည်။ Tribal Market အနီးရှိ ဧရိယာကို ရဲတပ်ဖွဲမှာ ရှာဖွေခဲ့ရာမှ ဆေးအတုများ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

အဖမ်းခံရသူမှာ အသက် ၅၅ ရှိ အမျိုးသား Lalo Sah ဆိုသူ ဖြစ်သည်။ နောက်ကြောင်းပြန်လိုက်ရာ၌ ဖမ်းဆီးထားသော Lalo Sah သည် Air Asia လေကြောင်းခရီးစဉ်ဖြင့် ဂူဝါဟတီမှ ဇူလိုင်လ ၃၁ ရက်တွင် အင်ဖာမြို့သို့ ဆိုက်ရောက်ခဲ့ကြောင်း သိရသည်။ သူနှင့်အတူ နောက်တစ်ဦး အတူလိုက်ပါလာပြီး ထိုသူသည် ဆေးအတုတရားမဝင်လုပ်ငန်း၏ ခေါင်းဆောင်ဟု ယူဆရသည်ဟု ရဲတပ်ဖွဲ့က ပြောကြားသည်။

တရားခံကို စစ်ဆေးမေးမြန်းရာတွင် လက်ဝယ်ထားရှိသော Remdesivir ဆေးအတွက် သက်ဆိုင်သော စာရွက်စာတမ်း တစ်ခုမှ မပြသနိုင်ချေ။ ထို့ပြင် လက်ဝယ်ရှိသော ဆေးများသည် မဏိပူရပြည်နယ်အစိုးရမှ ဝယ်ယူထားသော ပမာဏထက် ပိုများနေသည်။

 

Source:  eastmojo.com/

 

 

Read times
Rate this item
(0 votes)