What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 12 August 2021 23:57

ကိုဗစ်လူနာလိုတဲ့သွေးကျဲဆေး ဟိန္ဒူပရဟိတအဖွဲ့တွေ ရန်ကုန်မှာ ရောင်းချပေးမယ်

ရန်ကုန်မှာ ကိုဗစ်လူနာလိုတဲ့သွေးကျဲဆေးကို ဟိန္ဒူပရဟိတအဖွဲ့တွေရဲ့အစီအစဉ်နဲ့ရောင်းချပေးမယ်။

''သွေးကျဲဆေး Enoxaprin 0.4 တစ်ချောင်းကို ဈေးနှုန်း (၇၀၀၀)ကျပ်နဲ့ Enoxaprin 0.6 တစ်ချောင်းကို ဈေးနှုန်း (၈၅၀၀)ကျပ် နဲ့ ရန်ကုန် ၅၁ လမ်း ဟိန္ဒူဘုရားကျောင်းရှေ့ခန်းမဆောင်မှာရောင်းပေးမှာပါ။ တစ်ဦးအတွက် ၃ ချောင်းနှုန်းနဲ့ ရောင်းချပေးမှာပါ။ ငွေကြေးအဆင်မပြေသူတွေဆိုရင် လူနာကို Video call နဲ့ပြပြီး အခမဲ့ ရယူနိုင်ပါတယ်''လို့ HORN ကအဖွဲ့ဝင်တစ်ဦးကပြောပါတယ်။

ဟိန္ဒူပရဟိတအဖွဲ့တွေရဲ့ အစီအစဉ်နဲ့ ကိုဗစ်လူနာတွေလိုအပ်တဲ့ သွေးကျဲဆေးထိုးဆေးတွေကို ငွေကြေး အဆင်မပြေသူတွေ အနေနဲ့ Video call နဲ့ပြပြီး အခမဲ့ ရယူနိုင်တယ်လို့ ဟိန္ဒူအောက်ဆီဂျင်ကူညီရေးအဖွဲ့ HORN ကနေသိရပါတယ်။

ဟိန္ဒူအောက်ဆီဂျင်ကူညီရေးအဖွဲ့ HORN အနေနဲ့ သွေးကျဲဆေးထိုးဆေးတွေကို ပြင်ပပေါက်ဈေးထက် သက်သာတဲ့နှုန်းထားတဲ့ရောင်းချပေးနေတယ်လို့ ဆိုပါတယ်။

လက်ရှိကိုဗစ်တတိယလှိုင်းအတွင်းမှာ ပြည်တွင်းမှာ ဆေးဈေးနှုန်းတွေ အဆမတန်ဈေးမြင့်တက်တာနဲ့ အောက်ဆီဂျင်လိုအပ်ချက်ကြီးတာတွေကို လျှော့ချနိုင်ဖို့ မြန်မာမွတ်စ်လင်မ်အသင်းတွေ၊ မြန်မာနိုင်ငံကလျာဏယုဝခရစ်ယာန်အသင်း YMCA နဲ့ ဟိန္ဒူပရဟိတအသင်းတွေက ပြင်ပပေါက်ဈေးထက် သက်သာတဲ့နှုန်းထားတွေနဲ့ ဝင်ရောက်ရောင်းချတာ၊ အောက်ဆီဂျင် အပါအဝင်လိုအပ်တဲ့ ဆက်စပ်ပစ္စည်းငှားရမ်းတာတွေကိုလုပ်ဆောင်ပေးနေတာတွေ့ရပါတယ်။

BBC

Read times
Rate this item
(0 votes)