What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 27 August 2021 19:08

ပုဂ္ဂလိက ကိုဗစ်ကာကွယ်ဆေးထိုး အစီအစဥ်နဲ့ လူသုံးသိန်းခွဲစာ ဆေးထိုးလုပ်ငန်းစ

မြန်မာနိုင်ငံမှာ ပထမဆုံးပုဂ္ဂလိက ကိုဗစ်ကာကွယ်ဆေးထိုးလုပ်ငန်းကို သြဂုတ် ၂၅ရက်မှာ စတင်ခဲ့ပြီ ဖြစ်ပါတယ်။

အဲဒီအစီအစဉ်ကို တရုတ်ကုန်သည်ကြီးများအသင်း နဲ့ တရုတ်သံရုံးတို့ ပူးပေါင်းဆောင်ရွက်တာပါ။

ရန်ကုန်သုဝဏ္ဍဘူမိ အီးဗန့်ပက်ခ်မြေနေရာမှာ စတင်လိုက်တဲ့ ဒီကာကွယ်ဆေးထိုးလုပ်ငန်းဟာ အခုတစ်ကြိမ်မှာ လူဦးရေ သုံးသိန်းခွဲစာအတွက် ကာကွယ်ဆေး အလုံးရေ ၇သိန်းထိုးမှာ ဖြစ်ပါတယ်။

နိုင်ငံတဝန်း မြို့ကြီးတွေ အပါအဝင် ဝေးလံခေါင်ဖျားတဲ့ဒေသတွေအတွက်လည်း အစီအစဉ်ရှိတယ်လို့ တရုတ်ကုန်သည်ကြီးများအသင်းဘက်က ပြောပါတယ်။

အဲဒီလို ထိုးပေးနေတဲ့ ကာကွယ်ဆေးဟာ နှစ်ကြိမ်စာအတွက် လူတစ်ဦးကို ငွေကျပ် ၅၀၀၀၀ ကျသင့်မှာ ဖြစ်ပါတယ်။

အဲဒီဆေးတွေဟာ တရုတ်နိုင်ငံထုတ် ဆိုင်နိုဖန်းကိုဗစ်ကာကွယ်ဆေးတွေ ဖြစ်ပြီး မြို့တော် ဘေဂျင်းကထုတ်တဲ့ ဆေးတွေဖြစ်တယ်လို့လည်း အဲဒီအသင်းက ဘီဘီစီကို ပြောပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနရဲ့ အစီအစဉ်နဲ့ကတော့ ကာကွယ်ဆေးစထိုးခဲ့တဲ့ ဇန်နဝါရီလကစလို့ လက်ရှိအာဏာသိမ်းကာလ ၇ လအတွင်း စုစုပေါင်းလူဦးရေ ၄သန်းခွဲကျော် ကာကွယ်ဆေးထိုးပြီးပြီလို့ သြဂုတ်၂၄ရက်အထိ စာရင်းအရ သိရပါတယ်။

BBC

Read times
Rate this item
(0 votes)