What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Sunday, 29 August 2021 12:05

ထိုင်းတွင် စီးပွားရေးလုပ်ငန်းများ ပြန်လည်ဖွင့်လှစ်ခွင့် ပေးသွားမည်

ထိုင်းနိုင်ငံတွင် ကိုဗစ် ဗိုင်းရပ်စ် ဇီဝမျိုးကွဲ delta ကြောင့် ကူးစက်မှုများ ဖြစ်ပွားနေသော်လည်း ထိုင်းအစိုးရက ကိုဗစ်နှင့် အတူနေထိုင်ကြခြင်း မူအရ

စားသောက်ဆိုင်များနှင့် ဈေးဆိုင်တန်းများကို ပြန်လည်ဖွင့်လှစ်ရန် ခွင့်ပြုသွားမယ်လို့ ထုတ်ပြန်ကြေညာပါတယ်။ စီးပွားရေးလုပ်ငန်းအမျိုးအစား အချို့တို့ကို lockdown ချထားတာ စက်တင်ဘာလ ၁ ရက်မှာ ရုပ်သိမ်းပေးသွားမှာ ဖြစ်ပါတယ်။

ပြည်နယ် ၇၇ ခု ရှိတဲ့အနက် ၂၉ ခုတို့မှာ တင်းကျင်တဲ့ ကန့်သတ်တားမြစ်ချက်များ လက်ရှိမှာ ပြဋ္ဌာန်းထားပါတယ်။
ညမထွက်ရ အမိန့်လည်း ထုတ်ပြန်ထားပါတယ်။ ဇူလိုင်လလယ်မှာ စတင်သက်ရောက်ခဲ့ပြီး ဩဂုတ်လကုန်မှာ သက်တမ်းကုန်ဆုံးမှာ ဖြစ်ပါတယ်။

ထိုင်းအစိုးရရဲ့ အထူးကော်မတီတစ်ရပ် ဖြစ်တဲ့ Center for the COVID-19 Situation Administration က ကိုဗစ်ဆိုင်ရာ မူဝါဒတွေ ကိုင်တွယ်ပါတယ်။ ၎င်းက လော့ဒေါင်းမှာ ပြဋ္ဌာန်းထားတဲ့ အချက်တချို့ကို ရုပ်သိမ်းပေးမှာ ဖြစ်ပြီး ကျန်တဲ့အချက်တွေ ဆက်လက်သက်ရောက်မှာ ဖြစ်ပါတယ်။ ည ၉ နာရီမှ နောက်တစ်နေ့ မနက် ၄ နာရီအထိ ညမထွက်ရ အမိန့်ကိုလည်း ရုပ်သိမ်းမည်လို့ ဆိုပါတယ်။

စားသောက်ဆိုင်တွေမှာ ဆိုင်ထိုင်စားသောက်ခွင့် ပြန်ပေးမယ်။ ဒါပေမဲ့ လေအေးပေးစက် အအေးပေးတဲ့ဆိုင်တွေမှာတော့ ဆိုင်မှာ ထိုင်စားလို့ရမယ့် ဦးရေ စုစုပေါင်းရဲ့ ၅၀ % ကိုသာ ထိုင်စားခွင့် ပေးမှာ ဖြစ်ပြီး လေဟာပြင်ဆိုင်တွေမှာတော့ ၇၅% ကိုသာ ထိုင်စားခွင့် ပြုမှာ ဖြစ်ပါတယ်။ ရှော့ပင်းမောလ်တွေ၊ ဆံပင်အလှပြင်ဆိုင်တွေ၊ ခြေထောက်အနှိပ်ခန်းတွေ၊ အလှပြင်ဆေးခန်းတွေကိုလည်း ဖွင့်ခွင့် ပေးမှာ ဖြစ်ပါတယ်။

ပန်းခြံတွေ အားကစားကွင်းတွေကိုလည်း ပွဲကြည့်ပရိသတ်မပါ ဖွင့်ခွင့်ပြုမယ်။ ကျောင်းတွေကိုတော့ သက်ဆိုင်ရာ ဌာနတွေမှ ခွင့်ပြုချက် ရယူပြီး ပြန်ဖွင့်လို့ ရမှာ ဖြစ်ပါတယ်။ ကျူရှင်တွေကိုတော့ ဖွင့်လှစ်ခွင့် မပြုသေးဘူး။
လူစုတာနဲ့ ပတ်သက်လို့ အများဆုံး ၂၅ ယောက်ထက် မပိုရလို့ သတ်မှတ်ထားပါတယ်။ ပြည်နယ်တွေအကြား ကူးသန်းသွားလာမှုတွေ ပြန်လည်ခွင့်ပြုမယ်။

အရက်ဆိုင်တွေကိုတော့ ဖွင့်လှစ်ခွင့် မပေးသေးဘူး။ ရုပ်ရှင်ရုံ၊ စပါးစ်၊ ရေကူးကန်၊ ကာယလေ့ကျင့်ခန်းစင်တာတို့ကိုလည်း ဖွင့်လှစ်ခွင့် မပေးသေးဘူး။

ကူးစက်ခံရဖို့ ဖြစ်နိုင်ခြေ မြင့်မားတဲ့ ဆိုင်တွေဆီကို သွားမယ့်သူတွေအတွက် အစိမ်းကတ်နဲ့ အဝါကတ် နှစ်မျိုး စီစဉ်ပေးထားမယ်။ ကိုဗစ်ကာကွယ်ရေး ဆေးအပြည့်ထိုးပြီးသူတွေအဖို့ အစိမ်းကတ် ကိုင်ဆောင်ခွင့် ရရှိမယ်။ လွန်ခဲ့တဲ့ ၇ ရက်အတွင်း negative antigen test အဖြေရထားသူတွေကိုတော့ အဝါကတ် ကိုင်ဆောင်ခွင့် ပေးအပ်မှာဖြစ်ပါတယ်။
အဲဒီ ကတ်နှစ်မျိုးကို လူတွေ ဘယ်လိုရယူရမှာလဲ၊ ဆိုင်တွေက ဘယ်လို စစ်ဆေးရမှာလဲ၊ လာတဲ့သူတွေထဲမှာ ဘယ်လိုဆိုရင် ဝင်ခွင့်ပေးပြီး ဘယ်လိုဆိုရင်တော့ ဝင်ခွင့်မပြုရမှာလဲ ဆိုတဲ့ အသေးစိတ်အချက်အလက်တွေနဲ့ အစီအစဉ်တွေကိုတော့ အစိုးရက ထုတ်ပြန်ကြေညာခြင်း မပြုရသေးပါဘူး။

ဩဂုတ်လ ၁၉ ရက်အထိ စာရင်းအရ ထိုင်းလူဉီးရေရဲ့ ၈.၂% သာလျှင် ဆေးအပြည့်ထိုးပြီးပါသေးတယ်။
အစိုးရမှ ကာကွယ်ဆေး စီစဉ်ပေးတာ နောက်ကျတာကတစ်ကြောင်း၊ လူအများတို့က တရုတ်ဆေး Sinovac ကို မထိုးချင်ကြတာကတစ်ကြောင်းတို့ကြောင့် ဆေးထိုးပြီးသူ ရာခိုင်နှုန်း နည်းပါးနေရတာ ဖြစ်ပါတယ်။ အခုလို ဆေးအပြည့်ထိုးပြီးသူတွေ သွားလာခွင့် ပေးလိုက်တာကြောင့် ဆေးမထိုးရသူတွေ ဆေးထိုးဖို့ မက်လုံး ဖြစ်လာစေမှာ ဖြစ်ပါတယ်။

asia.nikkei.com

Read times
Rate this item
(0 votes)