What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Saturday, 04 September 2021 09:47

မြန်မာမှာ ဒယ်လ်တာ ပိုးတွေ့သူ ၁၅ ဦးထဲ ကာကွယ်ဆေးထိုးထားသူ ၉ ဦး ပါဝင်

မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်းလဲတဲ့ပိုးတွေ့သူ ၁၅ ဦးတွေ့ခဲ့တယ်ဆိုပြီး ကျန်းမာရေးဝန်ကြီးဌာနက မနေ့က စက်တင်ဘာလ ၁ ရက်နေ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။

အဲ့ဒီ ဓာတ်ခွဲသုတေသန အရ ပြင်းထန်တဲ့ ဒယ်လ်တာမျိုးစိတ်ဗီဇပြောင်းပိုးတွေ့သူ ၁၅ ဦးထဲမှာ ကာကွယ်ဆေးထိုးထားသူ ၉ ဦး အထိပါဝင်နေတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ပြောခွင့်ရ ဒေါက်တာခင်ခင်ကြီးကပြောပါတယ်။

ဒါအပြင် စစ်ဆေးတွေ့ရှိတဲ့ကူးစက်ခံရသူ ၁၅ ဦးထဲမှာ အသက် ၁၆ နှစ်အောက် ကလေးငယ်နှစ်ဦးလည်း ပါဝင်တယ်လို့ဆိုပါတယ်။

ဒယ်လ်တာမျိုးစိတ်ဗီဇပြောင်းပိုးတွေ့သူ ကာကွယ်ဆေးထိုးပြီးသူ ၉ ဦးအနက် ၂ ဦးသာ ရောဂါ အသင့်အတင့်အပြင်းအထန် ဖြစ်ပြီး ကျန် ၇ ဦး ဟာသာမာန်လက္ခဏာပဲ တွေ့ရှိရတယ်လို့ ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။

ဒီမျိုးစိတ်ဟာ ရောဂါပိုးမျိုးစိတ်အသစ်တွေ့တာ မဟုတ်ဘဲ ကျန်းမာရေးဝန်ကြီးဌာန အနေနဲ့ ဒီမျိုးစိတ်တွေနဲ့ပတ်သက်လို့ စဥ်ဆက်မပြတ် လေ့လာနေပြီး တွေ့ရှိချက်ကို ထုတ်ပြန်တာလို့ဆိုပါတယ်။ မနေ့က ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း ပိုးတွေ့သူ ၁၅ ဦးတွေ့ရှိခဲ့တဲ့ အနက် နေပြည်တော်က အများဆုံးဖြစ်ပြီး၊ ရန်ကုန် ၊ မန္တလေး၊ စစ်တွေ၊ တောင်ငူ၊ လားရှိုး၊မော်လမြိုင်၊ မုံရွာနဲ့ ကလေးမြို့တို့ကလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

 

ကိုဗစ်တတိယလှိုင်း လျော့ကျပေမယ့် မြို့နယ်တွေမှာ ဒယ်လတာမျိုးစိတ်ပျံ့နှံ့မှုရှိနေဆဲ

မြန်မာနိုင်ငံမှာ ကိုဗစ်တတိယလှိုင်းလျော့ကျပေမယ့် ဒယ််တာမျိုးစိတ်ပျံ့နှံ့မှုရှိနေဆဲဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက တာဝန်ရှိသူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

ဒယ်လ်တာမျိုးစိတ်ဟာ မြို့နယ်အနှံ့နေရာ အနှံ့မှာ ရှိနေဆဲဖြစ်ပြီး မနေ့က စက်တင်ဘာလ ၁ ရက်နေ့က ဒါကို ပြည်သူလူထုကြားသတိထားမိအောင် အသိပေးထုတ်ပြန်ခဲ့တာဖြစ်တယ်လို့ သူ ကပြောပါတယ်။

အဲ့ဒီ ဓာတ်ခွဲသုတေသန အရ ပြင်းထန်တဲ့ ဒယ်လ်တာမျိုးစိတ်ဗီဇပြောင်းပိုးတွေ့သူ ၁၅ ဦးဟာ နေပြည်တော်က အများဆုံးဖြစ်ပြီး၊ ရန်ကုန် ၊ မန္တလေး၊ စစ်တွေ၊ တောင်ငူ၊ လားရှိုး၊မော်လမြိုင်၊ မုံရွာနဲ့ ကလေးမြို့တွေကဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီမြို့တွေထဲကတောင်ငူ မြို့ က ကိုဗစ်ကူးစက်မှုကတော့ ကူးစက်မှုကျဆင်း တာမရှိဘဲ တန့်နေတဲ့အနေအထားရှိနေသလို အောက်ဆီဂျင်လိုအပ်တဲ့သူကလည်း နေ့စဉ် လူ ၂၀၀ နဲ့ ၃၀၀ ကြားရှိနေဆဲလို့ ဆိုပါတယ်။

တတိယလှိုင်း အပြင်းအထန်ဖြစ်ပွားခဲ့တဲ့ ကလေးမြို့မှာ ကိုဗစ်စင်တာတွေပိတ်သွားပေမယ့် အခုလို ဒယ်လ်တာမျိုးစိတ်ကူးစက်မှုကို လည်းစောင့်ကြည့်သတိထားနေတယ်လို့ လည်းမြို့ခံ ကိုဗစ်စေတနာဝန်ထမ်းတွေကပြောပါတယ်။

BBC

Read times Last modified on Saturday, 04 September 2021 09:52
Rate this item
(0 votes)