What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Sunday, 19 September 2021 08:54

Covishield ကာကွယ်ဆေးတစ်ကြိမ် ထိုးထားပြီးသူများ ဦးစားပေးအုပ်စုတွင်ပါဝင်လာပါက Sinopharm ကာကွယ်ဆေးကို နှစ်ကြိမ်အပြည့် ထိုးနှံရမည်

အိန္ဒိယနိုင်ငံထုတ် COVID-19 ကာကွယ်ဆေးဖြစ်သည့် Covishield ကို ယခင်တစ်ကြိမ် ထိုးနှံထားပြီးသူများသည် ဦးစားပေးအုပ်စုတွင် ပါဝင်လာပါက Sinopharm ကာကွယ်ဆေးကို နှစ်ကြိမ်အပြည့်ထိုးနှံမည် ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။

လက်ရှိအခြေအနေတွင် မြန်မာနိုင်ငံက ဝယ်ယူထားသည့် Covishield ကာကွယ်ဆေးများကို အိန္ဒိယနိုင်ငံဘက်မှ အချိန်မီ မတင်ပို့နိုင်သည့်အချိန်တွင် တရုတ်နိုင်ငံ၊ ရုရှားနိုင်ငံတို့မှ ကာကွယ်ဆေးများရရှိနိုင် အောင် စီစဉ်ဆောင်ရွက်လျက်ရှိပြီး ပြည်သူလူထုအနေဖြင့် ကာကွယ်ဆေးများထိုးနှံပြီးသည့် အချိန်တွင်လည်း နှာခေါင်းစည်းတပ်ဆင်ခြင်း၊ လက်ဆေးခြင်း၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေခြင်းစသည့် ကာကွယ်ရေးနည်းလမ်းများကိုလည်း ဆက်လက်လုပ်ဆောင် သွားရမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။

အိန္ဒိယနိုင်ငံမှ ဝယ်ယူထားသည့် COVID-19 ရောဂါ ကာကွယ်ဆေး သန်း ၃၀ ၌ နှစ်သန်းရရှိထားပြီး နောက်ထပ်၂၈ သန်း ရရှိရန်ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။

COVID-19 ကာကွယ်ဆေးထိုးနှံသည့်အခါတွင် သတ်မှတ်ထားသည့်အတိုင်း အကြိမ်ပြည့်ထိုးနှံရန် လိုအပ်ကြောင်း သိရသည်။

COVID-19 ရောဂါကာကွယ်ဆေးထိုးပြီးပါက ရောဂါပြန်လည်ဖြစ်ပွားမှုသည် ရာခိုင်နှုန်းအားဖြင့် သုည ဒသမ ၀၂ ရာခိုင်နှုန်းမှ သုည ဒသမ ၀၅ ရာခိုင်နှုန်းခန့်သာရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။

Delta ဗီဇပြောင်းပိုးအပါအဝင် ဗီဇပြောင်းပိုးဖြစ်ပွားမှု တွေ့ရှိလာရပြီး ကမ္ဘာပေါ်တွင်လည်း Delta ဗီဇပြောင်းပိုးသည် ဗီဇပြောင်းပိုးများထဲတွင် ဦးဆောင်သူအနေဖြင့် ရောဂါဖြစ်ပွားမှုကိုများစေပြီး သာမန်ထက်စာပါက ဗိုင်းရပ်စ်ပိုးကောင်ရေများများ သယ်ဆောင်သည့်အတွက်ကြောင့် ကူးစက်နိုင်ခြေသည် ကာကွယ်ဆေးထိုးပြီးသူများအနေဖြင့် ယခင်ထက် အနည်းငယ်ပိုလာနိုင်သော်လည်း ကာကွယ်ဆေးထိုးထားသူများသည် ဆေးရုံတက်ရောက်ရမှု၊ အောက်ဆီဂျင်လိုအပ်မှု၊ ICU ထဲသို့ရောက်မှု၊ သေဆုံးမှုနည်းပါးကြောင်း သိရသည်။


COVID-19 ရောဂါကာကွယ်ဆေး ထိုးနှံပြီးသူအချို့တွင်လည်း သာမန်လက္ခဏာများဖြစ်သည့် ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ အနံ့အရသာပျောက်ခြင်း စသည်တို့ရှိနေနိုင်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။

ကာကွယ်ဆေးထိုးပြီးနောက် ခန္ဓာကိုယ်မှ ကိုယ်ခံအားထွက်ရန်အတွက် နှစ်ပတ်ခန့် ကြာမြင့်ကြောင်းသိရသည်။ နှစ်ကြိမ်ထိုးရသည့် ကာကွယ်ဆေးများအတွက် ဒုတိယအကြိမ်ထိုးပြီးနောက် နှစ်ပတ်အကြာ သို့မဟုတ် တစ်ကြိမ်ထိုးရသည့် ကာကွယ်ဆေးအတွက် ဆေးထိုးပြီးနောက် နှစ်ပတ်အကြာတွင် ကာကွယ်ဆေး၏ အာနိသင်ကို အပြည့်အဝရရှိနိုင်ကြောင်း၊ သို့သော်လူများသည် ကာကွယ်ဆေးမထိုးမီ သို့မဟုတ် ထိုးနှံပြီးပြီးချင်းကာလတွင် ရောဂါပိုးနှင့်ထိတွေ့မိပါက COVID-19 ရောဂါကို ကူးစက်ရနိုင်ကြောင်း သိရသည်။

နှစ်ကြိမ်ထိုးရသည့် ကာကွယ်ဆေးများတွင် ဆေးတစ်ကြိမ်နှင့် တစ်ကြိမ်အကြားရောဂါပိုးနှင့် ထိတွေ့မှုရှိပါက COVID-19 ရောဂါ ကူးစက်နိုင်ကြောင်းသိရသည်။

 

news-eleven.com/

Read times
Rate this item
(0 votes)