What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 22 September 2021 08:30

အိန္ဒိယနိုင်ငံက အောက်တိုဘာလမှစ၍ ကာကွယ်ဆေး ပြည်ပတင်ပို့မှုများ ပြန်လည်စတင်မည်

အိန္ဒိယနိုင်ငံသည် အောက်တိုဘာလမှစ၍ COVID-19 ကာကွယ်ဆေးများ တင်ပို့ခြင်း ပြန်လည်စတင်တော့မည်ဖြစ်ကြောင်း ဖက်ဒရယ် ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူများက စက်တင်ဘာ ၂၁ ရက်၌ ပြောကြာခဲ့သည်။

အိန္ဒိယနိုင်ငံတွင် COVID-19 ရောဂါဖြစ်ပွားမှု ရုတ်တရက်မြင့်တက်လာခြင်းနှင့် ပြည်တွင်း ကာကွယ်ဆေးလိုအပ်ချက် တိုးမြင့်လာခြင်းကြောင့် ပြည်ပသို့ ကာကွယ်ဆေးများ တင်ပို့ခြင်းကို ယခုနှစ် ဧပြီလတွင် ရပ်နားထားခဲ့ခြင်းဖြစ်သည်။
COVID-19 ကာကွယ်ဆေး တင်ပို့ခြင်းများ ပြန်လည်စတင်ကြောင်း ကြေညာချက်အား ဖက်ဒရယ် ကျန်းမာရေးဝန်ကြီး Mansukh Mandaviya က စက်တင်ဘာ ၂၀ ရက်၌ သတင်းထောက်များအား ပြောကြားစဉ် ထည့်သွင်းဖော်ပြခဲ့သည်။
အိန္ဒိယ၏ ကာကွယ်ဆေးထုတ်လုပ်သူများက နိုင်ငံ၏ ကိုယ်ပိုင်ကာကွယ်ဆေးထိုးနှံရေးအစီအစဉ်အတွက် အောက်တိုဘာလတွင် “ကာကွယ်ဆေး သန်း ၃၀၀ ကျော် ထုတ်လုပ်မည်ဟုခန့်မှန်းထားကြောင်း”၊ ယင်းပမာဏထက်ကျော်လွန်သည်များကို ကမ္ဘာလုံးဆိုင်ရာ COVID-19 ရောဂါတိုက်ဖျက်ရေးအတွက် အခြားသောနိုင်ငံများထံ ပို့ဆောင်သွားမည်ဖြစ်ကြောင်း Mandaviya က ပြောကြားခဲ့သည်။
နိုင်ငံသားများ ကာကွယ်ဆေးထိုးနှံခြင်းသည် အစိုးရ၏ ထိပ်တန်းဦးစားပေးအဖြစ် ကျန်ရှိနေဆဲဖြစ်ကြောင်း Mandaviya က အလေးထားပြောကြားခဲ့သည်။
အိန္ဒိယနိုင်ငံသည် ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းတွင် အရွယ်ရောက်ပြီးသူများ ကာကွယ်ဆေးထိုးနှံရန် ရည်ရွယ်ထားကြောင်း၊ ဆေးထိုးနှံခွင့်ရှိသူများအား ကာကွယ်ဆေးအလုံးရေ ၈၁၈ သန်းကျော် ထိုးနှံပေးထားပြီးဖြစ်ကြောင်း ဖက်ဒရယ် ကျန်းမာရေးဝန်ကြီးဌာန၏ အဆိုအရ သိရသည်။

(Xinhua)

Read times
Rate this item
(0 votes)