What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 22 November 2017 13:46

ကျန်းမာရေးကောင်းမွန်စေရန် သကြားဓာတ်နည်းသော သစ်သီးများကို ရွေးချယ်စားသုံးပါ

ကျန်းမာရေးကောင်းမွန်စေရန် သကြားဓာတ်နည်းသော သစ်သီးများကို ရွေးချယ်စားသုံးပါ google.com

သစ်သီးအားလုံးတွင် သကြားဓာတ် ပါဝင်သော်လည်း အချို့သော သစ်သီးများတွင် သကြားဓာတ် ပါဝင်မှုမြင့်မားသည်။

သွေးထဲရှိ သကြားဓာတ်ကို ထိန်းချုပ်လိုသူများသည် ယမာကာ သောက်သုံးမှု၊ ချောက လက် (သို့မဟုတ်) သကြားလုံး စသော အစားအသောက်များစားသုံးမှုကို စွန့်လွှတ်လိုက်သည် (သို့မဟုတ်) လျှော့ချလေ့ရှိကြသော်လည်း သစ်သီးများနှင့် ပတ်သက်၍မူ ယင်း သို့ မစဉ်းစားဘဲ ဖြစ်နေလေ့ရှိသည်။

သစ်သီးများသည် ကျန်းမာရေးအတွက် အထူးကောင်းမွန်သော အစားအစာဖြစ်သော် လည်း ငှက်ပျောသီး၊ သရက်သီးကဲ့သို့အချို့သောအသီးများတွင် အခြားသော သစ်သီး များထက် သကြား ဓာတ် ပါဝင်မှုပိုမြင့်မားသည်။

သကြားဓာတ်ပါဝင်မှု နည်းပါးသော်လည်း အမျှင်ဓာတ်၊ ဗီတာမင်များနှင့် သတ္တုဓာတ်များ ကြွယ်ဝစွာပါဝင်သည့် အသီးများ ကို ကျန်းမာရေးအတွက် ရွေးချယ်စားသုံးပေးသင့်သည်။

READ - ပန်းသီးစားခြင်းရဲ့ အကျိုးကျေးဇူးများ

ဘယ်ရီသီးအမျိုးမျိုးကဲ့သို့ပင် စတော်ဘယ်ရီသီးတွင် အမျှင် ဓာတ် ပါဝင်မှုမြင့်မားပြီး သကြားဓာတ်အနည်းငယ်သာပါဝင်သည်။ ဗီတာမင်စီလည်း ကြွယ်ဝစွာပါဝင်သည်။

သစ်တော်သီး၊ ဘလက် ဘယ်ရီသီး စသော အသီးများတွင်လည်း သကြားဓာတ် ပါဝင်မှု နည်းပါးပြီး ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ကြွယ်ဝစွာပါဝင်သည်။

ဗီတာမင်စီကြွယ်ဝသည့် သံပရာသီးနှင့် ရှောက်သီးများသည် လည်း ကျန်းမာရေးအတွက် အထူးကောင်းမွန်သော အသီးများဖြစ် သည်။

သခွားမွှေးသီး၊ လိမ္မော်သီး၊ ဂရိတ်ဖရုသီး စသော အသီးများ တွင်လည်း သကြားပါဝင်မှု နည်းပါးကာ အခြားသော ဗီတာမင်နှင့် သတ္တုဓာတ်များ ကြွယ်ဝစွာပါဝင်သည်။

သစ်သီးများတွင် သကြားဓာတ် ပါဝင်သော်လည်း ကျန်းမာရေး အတွက် ပုံမှန်စားပေး သင့်သည်။

သစ်သီးများက ကိုယ်အလေးချိန် ထိန်းရန် မရှိမဖြစ်လိုအပ်သော ဗီတာမင်များ၊ သတ္တု ဓာတ်များနှင့် အမျှင်ဓာတ်များရရှိစေရန်၊ ကင်ဆာနှင့် အခြားရောဂါများကို ကာ ကွယ်ရန် စားသုံးပေးသင့်သည်။

READ - လိမ္မော်သီးရဲ့ အကျိုးကျေးဇူးများ

Source: 7day daily

Read times
Rate this item
(1 Vote)