What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Saturday, 09 October 2021 09:24

မြန်မာနိုင်ငံမှာ ကိုဗစ်တတိယလှိုင်း ကျော်လွှားနိုင်မယ့် အလားအလာ

မြန်မာနိုင်ငံမှာ ကူးစက်ဖြစ်ပွားနေတဲ့ ကပ်ရောဂါတတိယလှိုင်း အဆုံးသတ်တော့မယ့် အလားအလာရှိနေပြီလို့ ကျန်းမာရေးဌာန တာဝန်ရှိသူက ဗီအိုအေကို ပြောပါတယ်။

သီတင်းကျွတ်ကျော်ရင် ကျောင်းတွေပြန်ဖွင့်နိုင်ဖို့အတွက် အသက် ၁၂နှစ်အရွယ် ကျောင်းသားလူငယ်တွေကိုလည်း ကာကွယ်ဆေးစထိုးပေးဖို့ ပြင်ဆင်နေပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါကူးစက်ခံရသူနဲ့ သေဆုံးသူဦးရေဟာ ကိုဗစ်တတိယလှိုင်း ကူးစက်သူမြင့်တက်ခဲ့ချိန်ကလောက် အခု မများတောဘူးလို့ ကျန်းမာရေးတာဝန်ရှိသူတွေနဲ့ ကူညီပေးနေသူတွေက ပြောပါတယ်။ ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူတဦးက ကိုဗစ်တတိယလှိုင်း အဆုံးသတ်တော့မယ့် အနေအထားလို့ VOA ကိုပြောပါတယ်။

"ပိုစစ်ရင် ပိုတွေ့ရတာပေါ့နော်။ ဒါပေမယ့် တခုကောင်းတဲ့အချက်က ပိုစစ်ပေမယ့်လည်း ပိုမတွေ့ဘူးပေါ့နော်။ ဒါကြောင့်မို့လည်း ရာခိုင်နှုန်းက တန်းနေတာပေါ့။ တတိယလှိုင်းကတော့ အဆုံးသတ်နေတဲ့ သဘောတော့ရှိတာပေါ့ဗျာ။ ဒါပေမယ့်လည်း ဒီကပ်ရောဂါတခုဆိုတာကတော့ ဘယ်တော့မှ လျှော့တွက်လို့မရဘူးပေါ့။ တခြားရောဂါတွေနဲ့မတူတာက သူ့မှာလက္ခဏာမပြတဲ့သူတွေ များတဲ့ရောဂါဖြစ်နေတော့လေ သူကနည်းနည်းလေးတော့ တွက်ရခက်တာပေါ့။ ပုံမှန်အားဖြင့်တော့ ကပ်ရောဂါတခုရဲ့ အကြမ်းဖျဉ်းပေါ့နော်၊ ဒီလှိုင်းတလှိုင်း ပြီးဆုံးချိန်ဆိုတာကတော့ သူ့ရဲ့ရောဂါပျိုးရက်ရဲ့ ၂ ဆကို ပိုးတွေ့ရှိတဲ့သူ အသစ်မတွေ့တော့ဘူးဆိုရင် ဒီကပ်ရောဂါတခုက အဆုံးသတ်လေ့ရှိတယ်ဆိုပြီးတော့ ကပ်ရောဂါရဲ့ principle အရ ရှိတယ်ပေါ့နော်။

ဒီလုပ်ငန်းတွေ ပြန်စနိုင်ဖို့ဆိုတဲ့ အနေအထားကိုပဲ သတ်မှတ်ရတာပေါ့။ အဲအခါကျတော့ ဒီ ၅ ရာခိုင်နှုန်းနဲ့ပဲ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကတော့ သတ်မှတ်ထားတာပေါ့နော်။ ပိုးတွေ့ရာခိုင်နှုန်းကို စစ်တဲ့ပမာဏအတူတူလောက် ရှိနေချိန်မှာ ရာခိုင်နှုန်းတွေ တဖြည်းဖြည်းကျပြီး ၅ ရာခိုင်နှုန်းအောက်ကို ရောက်လာရင်တော့ လုပ်ငန်းတွေ တဖြည်းဖြည်းပြန်စလို့ ရတယ်ပေါ့။"

ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ဓါတ်ခွဲနမူနာ စစ်ဆေးသူနဲ့ အတည်ပြုလူနာ ရာခိုင်နှုန်း တချို့ဖော်ပြချက်တွေအရ ၈ ရာခိုင်နှုန်းဝန်းကျင်မှာ ရှိတာတွေ့ရပါတယ်။ ကပ်ရောဂါဖြစ်ပွားမှု ထိန်းချုပ်နိုင်ဖို့အတွက် အဓိကကျတဲ့အထဲမှာ ရောဂါကာကွယ်ဆေး ထိုးနှံနိုင်ဖို့လည်း ပါဝင်နေပြီး နိုင်ငံတွင်းမှာ ကာကွယ်ဆေး အပြည့်အဝ ထိုးပြီးသူဦးရေက ၃.၉ သန်း ရှိထားပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ ကာကွယ်ဆေးတွေကို ဦးစားပေးအုပ်စုအလိုက် ထိုးနှံပေးနေပြီး အောက်တိုဘာ လကုန်ပိုင်း သီတင်းကျွတ်ပိတ်ရက်တွေပြီးရင်တော့ အခုနှစ် ၂၀၂၁ - ၂၂ ပညာသင်နှစ်အတွက် ကျောင်းအပ်ထားတဲ့ အသက် ၁၂ နှစ်အထက်နဲ့ အသက် ၁၈နှစ်အရွယ်အောက် ကျောင်းသားတွေကို ကာကွယ်ဆေး ထိုးနှံပေးတော့မယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ကြေညာထားပါတယ်။ လာမယ့်သီးတင်းပါတ် အောက်တိုဘာ ၁၂ ရက်ကနေစပြီး တနိုင်ငံလုံးအတိုင်းအတာနဲ့ ကျောင်းသားလူငယ်တွေကို ထိုးနှံပေးနိုင်ဖို့အတွက် ရည်မှန်းထားတယ်လို့ ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူက ဆက်ပြောပါတယ်။

"ကျနော်တို့ကတော့ ၁၂ နှစ်အထက်ပေါ့နော်။ ၁၂ နှစ်အထက် ကျောင်းသားလူငယ်တွေကို ဦးစားပေးပြီး ထိုးမှာပေါ့နော်။ Sinovac ပဲ ထိုးမှာဗျ။ ဒီ Sinovac ကတော့ နိုင်ငံတော်တော်များများမှာ ထိုးပြီးသွားပြီပေါ့နော်။ တရုတ်ပြည်ဆိုရင် ဒီ Sinovac ကို ၃ နှစ်ကနေ ၁၇ နှစ်အထိ approval ရဖို့ ကလေးပေါင်း ၆၃ သန်းတောင် သူကထိုးထားပြီးပြီဆိုတော့ အဲလိုမျိုးပေါ့နော် Vaccine ရဲ့ efficacy တခုတည်းတင် ကြည့်လို့မရဘူး၊ safety လည်း ကြည့်ရတာပေါ့နော်။"

ကပ်ရောဂါကာကွယ်ဆေး ထိုးနှံရမယ့် ဦးစားပေးအုပ်စုထဲ ပါသူတွေတိုင်း အပြည့်အဝထိုးနှံဖို့ကို အရှိန်မြှင့်ဆောင်ရွက်နေတယ်လို့လည်း နိုင်ငံပိုင်မီဒီယာတွေကနေ ဖော်ပြနေပါတယ်။ မြန်မာနိုင်ငံက ဝယ်ယူထားတဲ့ Covishield ကိုဗစ်ကာကွယ်ဆေး ၁ သန်းကို ဒီလထဲမှာပဲ အိန္ဒိယကနေ မြန်မာနိုင်ငံကို ပို့ဖို့ရှိတယ်လို့ အိန္ဒိယကလာတဲ့သတင်းတွေမှာ ဖော်ပြပါတယ်။ မြန်မာနိုင်ငံက Covishield ကိုဗစ်ကာကွယ်ဆေး သန်း ၃၀ ဝယ်ယူထားတာဖြစ်ပါတယ်။

VOA

Read times
Rate this item
(0 votes)