What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 18 October 2021 09:40

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား၊ကျောင်းသူများကို အောက် တိုဘာ ၁၇ ရက်မှစတင်ကာ COVID-19 ကာကွယ် ဆေးထိုးနှံပေး

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား၊ကျောင်းသူ စုစုပေါင်း ၆၈၅၀၀ ကျော်အား 

အောက် တိုဘာ ၁၇ ရက်မှစတင်ကာ COVID-19 ရောဂါကာကွယ်ဆေးစတင်ထိုးနှံပေးနေကြောင်း ကျန်းမာရေးဝန်ကြီးဌာန၊ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှသိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း လက်ရှိပညာသင်ကြားနေသည့် အသက်၁၂ နှစ်နှင့် ၁၈ နှစ်ကြား အလယ်တန်းနှင့် အထက်တန်းကျောင်းသား၊ကျောင်းသူ စုစုပေါင်း ၆၈၅၀၀ ကျော်ကို အဓိကဦးစားပေးအနေဖြင့် ကာကွယ်ဆေးထိုးနှံပေးသွားမည်ဖြစ်ကြောင်းသိရသည်။

'' ဒီနေ ကျွန်မတို့တောင်ဥက္ကလာပမြို့နယ် အထက်တန်း အလယ်တန်းကျောင်းသားကျောင်းသူ ၄၆၂ ဦးကို COVID-19 ကာကွယ်ဆေး စတင်ထိုးနှံပေးတာဖြစ်ပါတယ်။ တောင်ဥက္ကလာပမြို့နယ် ပညာရေးမှူးဦးစီးကြီးကြပ်ပြီးတော့ ကျွန်မတို့မြို့နယ်က အထက်တန်း အလယ်တန်း မူလတန်းကျောင်းအုပ်ကြီးများ ဆရာ ဆရာမများအားလုံးဝိုင်းဝန်းစုပေါင်းတယ်။ နောက်ပြီး ကလေးတွေကို ထိုးတဲ့အခါမှာ စုရပ်အနေနဲ့ တောင်ဥက္ကလာပမြို့နယ် အ.ထ.က ၁ မှာပဲ စုရပ် ၁ စုရပ်၂ စုရပ် ၃ ဆိုပြီးတော့ တစ်ကျောင်းထဲမှာပဲ centre တွေခွဲပြီး ကျွန်မတို့ထိုးတာဖြစ်ပါတယ်။ ထိုးတဲ့အခါမှာ အသက် ၁၂ နှစ်နဲ့အထက် ၁၈ နှစ်အောက်ပေါ့။ ၁၈ နှစ်ပြည့်ပြီးတဲ့ကလေးတွေ နဲ့ ၁၂ နှစ်မပြည့်တဲ့ကလေးတွေကို လည်းမထိုးပေးပါဘူး။ ဒိလိုမထိုးခင်မှာပဲ ကျွန်မတို့က စာရင်းဇယားဒေတာတွေ အတည်အကျကောက်ယူထားပါတယ်။ အဲ့ဒီစာရင်းက အဓိကတော့ ဇူလိုင် ၈ ရက်နေ့မှာ ကျောင်းတက်တဲ့ကလေးစာရင်းနဲ့ထိုးပေးတာဖြစ်ပါတယ်။ အဲ့နေ့ မှာ ကျောင်းမတက်ပေမယ့် ကျောင်းအပ်နှံထားသောကလေး၊ တစ်ခါကျောင်းမအပ်နှံရသေးတဲ့စာရင်းရှိကျောင်းသားဆိုပြီးတော့ ကလေးသုံးမျိုးရှိပါတယ်။ အဲ့သုံးမျိုးထဲမှာ ဦးစား တစ်ကတော့ ဇူလိုင် ၈ ရက်မှာ တက်တဲ့ကျောင်းသူ ကျောင်းသားတွေကို အဓိက ဦးစားပေးပြီးထိုးပါတယ်။ ၄၆၂ ဦးပါ။ နောက်တစ်ခါ ကျောင်းအပ်နှံတဲ့ကလေးကတော့ အထက်တန်း အလယ်တန်းပါ။ မူလတန်းမပါဘူး။ ၇၃၇ ဦးရှိပါတယ်။ ကျောင်းအပ်နှံထားတဲ့ကလေးစုစုပေါင်း ၁၅၉၆ ဦးရှိပါတယ်။ အဲ့ဒီကလေးတွေကိုတော့ နိုင်ငံတော်က ဆေးဖြန့်ဖြူးပေးတဲ့ အနေအထားပေါ်မူတည်ပြီး ထိုးနှံပေးတာဖြစ်ပါတယ်။ ကလေးတွေ COVID-19 ကာကွယ်ဆေးထိုးပြီး mask လည်းတပ်မယ်။ လက်ဆေးမယ်။ ကျန်းမာရေး ဌာနက ထုတ်ပြန်ထားတဲ့ ကာကွယ်တဲ့အစီအစဉ်တွေ အခြေခံပညာဦးစီးဌာနရဲ့ ညွှန်ကြားမှုနဲ့အတူ ကျောင်းတွေအမြန်ဆုံး ဖွင့်လှစ်နိုင်ဖို့အတွက် အစွမ်းကုန်ကြိုးစားဆောင်ရွက်နေပါတယ် '' တောင်ဥက္ကလာပမြို့နယ် ပညာရေးမှူးဒေါ်ခင်အေးဝင်း က ပြောကြားသည်။

ပညာရေးဝန်ကြီးဌာနမှပေးထားသည့် စာရင်းအရရန်ကုန်တိုင်းဒေသကြီးအတွင်းတွင် ကျောင်းအပ်နှံထားကြသည့် အလယ်တန်းနှင့် အထက်တန်း ကျောင်းသား ၊ ကျောင်းသူဦးရေ စုစုပေါင်း နှစ်သိန်းတစ်သောင်းဝန်ကျင်ရှိကြောင်းသိရသည်။ ကျောင်းအပ်နှံထားပြီး ကျောင်းမတက်သည့် ကလေးများနှင့် လက်ရှိကျောင်းတက်နေကြည့် ကလေးစာရင်းနှစ်ခုရှိနေပြီး မြို့နယ်များတွင်ပြုစုထားသည့် စာရင်းအတိုင်း ကျောင်းလာတက်သည့် ကျောင်းသား၊ကျောင်းသူများကိုသာ ကနဦးအနေဖြင့် ကာကွယ်ဆေးထိုးနှံသွားမည်ဖြစ်ကြောင်းသိရသည်။

ထို့ပြင်ကျောင်းအပ်နှံထားသည့် ‌ကျောင်းသား၊ကျောင်းသူများကပါ ကာကွယ်ဆေးလာရောက်ထိုးနှံမည်ဆိုပါက ဆေးရရှိမူပေါ်မူတည်၍ ထိုးနှံပေးရန်စီစဉ်ဆောင်ရွက်မည်ဖြစ်ကြောင်းသိရသည်။


ကာကွယ်ဆေးထိုးနှံရာတွင် ဆေးထိုးစုရပ်များအဖြင့်မြို့နယ်အလိုက် ကျောင်းသားအရေအတွက်ပေါ်မူတည်၍ ကျောင်းသားအရေအတွက်များသည့်နေရာများတွင် ဆေးထိုးစုရပ်တစ်ခုထက်ပို၍ ဆောင်ရွက်မည်ဖြစ်ပြီး ကျောင်းသား အရေအတွက်နည်းသည့်မြို့နယ်များတွင် ဆေးထိုးစုရပ်ကို တစ်နေရာတည်းတွင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်းအသက် ၁၂ နှစ်နှင့်အထက်ကာကွယ်ဆေးထိုးနှံရန် ဆေးထိုးအဖွဲ့ ၂၀၀ ခန့်ဖြင့်ဆောင်ရွက်ထားကြောင်းသိရသည်။

ကျောင်းသား၊ကျောင်းသူများကို Sinovac ကာကွယ်ဆေးထိုးပေးမည်ဖြစ် ‌တရုတ်နိုင်ငံမှ လှူဒါန်းသည့် Sinovac ကာကွယ်ဆေးနှစ်သန်းသည်လည်း ရောက်ရှိလာပြီဖြစ်၍ ယခင်ရှိသည့် ကာကွယ်ဆေးနင့်စုစုပေါင်း တစ်နိုင်ငံလုံးအတွက် ကာကွယ်ဆေး နှစ်သန်းကျော်ရှိကြောင်းသိရသည်။

ရန်ကုန်တိုင်းဒေသကြီးအခြေခံပညာကျောင်းများတွင် လက်ရှိပညာသင်ကြားနေသည့် အသက်၁၂ နှစ်မှင့်အထက်တန်း ကျောင်းသား၊ကျောင်းသူများ ကာကွယ်ဆေးထိုးနှံရန်အတွက် ဗဟိုဆေးသိုလှောင်

ရေးအအေးခန်းထဲတွင် ကာကွယ်ဆေးများရှိနေခြင်းကြောင့် လက်ရှိကျောင်းတက်နေကြသည့် ကျောင်း သား စာရင်းများကိုကြည့်ကာ ကျောင်းတက်နေကြသူများအတွက် ဦးစားပေးအနေဖြင့် မြို့နယ်ကျန်း မာရေးဌာနသို့ထု‌တ်ပေးထားကြောင်းသိရသည်။

ကျောင်းသားအနည်းအများပေါ်မူတည်၍ ကျောင်းသားနည်းသည့် မြို့နယ်များတွင် တစ်ရက် သို့အဟုတ် နှစ်ရက်ဖြင့် ထိုးနှံပြီးစီးနိုင်သော်လည်း ကျောင်းသားများသည့် မြို့နယ်များတွင် ဆေးထိုးနှံမှု ၈ ရက်ခန့်ကြာနိုင်ကြောင်းသိရသည်။

ကျောင်းသားအားလုံး မထိုးမနေရမဟုတ်ပဲ၎င်းတို့၏ ရွေးချယ်ခွင့်ဖြစ်ပြီးမထိုးသူများကိုလည်း ကျောင်းတက်ခွင့် မပိတ်ပင်ကြောင်းနှင့် ကာ ကွယ်ဆေးထိုးထားခြင်းဖြင့် COVID-19 ကပ်ရောဂါဆိုးမှ ကာကွယ်နိုင်သည့်အပြင် အခြားသူများကိုလည်း ကူးစက်မှုမှ လျှော့ချနိုင်ကြောင်းသိရသည်။

မြန်မာနိုင်ငံတွင် သီတင်းကျွတ်ပိတ်ရက်အပြီးတွင် ကျောင်းများကို ပြန်လည်ဖွင့်လှစ်နိုင်ရန်အတွက် ကာကွယ်ဆေး အမြန်ဆုံးထိုးနှံပေးနိုင်ရန် စနစ် တကျ အစီအစဉ်ချမှတ်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

 

news-eleven.com

Read times
Rate this item
(0 votes)