ပြည်တွင်းလေကြောင်းလိုင်းဖြင့်ခရီးသွားမည့်သူများ ကိုဗစ်ဆေးစစ်ရန် အစီအစဉ်နှင့် နေရာများ
- လေယာဥ်စီးနင်းရာတွင် ထွက်ခွာချိန်မတိုင်မီ ( ၃၆ ) နာရီအတွင်း သက်ဆိုင်ရာ မြို့နယ်များအတွင်းရှိ ပြည်သူ့ကျန်းမာရေးဦးဌာနမှ သတ်မှတ်ထားသောစစ် ဆေးရေးဌာနများတွင် မှတ်ပုံတင်၊ လေယာဥ်လက်မှတ်များကို ပြသ၍ Covid 19 ရောဂါပိုးရှိမရှိကို စစ်ဆေးမှုခံယူရပါမည် ။
- စစ်ဆေးချက်အဖြေစာရွက်များကို ထုတ်ပေးမည်ဖြစ်ပြီး Negative ဖြစ်ပါက ခရီးသွားရောက်နိုင်ပြီး စစ်ဆေးချက်စာရွက်ကိုမိမိလေယာဥ် စီးမည့်နေ့တွင် လေဆိပ်တွင်လေယာဥ်လက်မှတ်နှင့်အတူပူးတွဲပြသရပါမည် ။
- Covid Test ကိုရန်ကုန်မြို့တွင် အောက်ဖော်ပြပါနေရာများဖြစ်သော
1- Tourist Burma အဆောက်အဦး ( ကျောက်တံတားမြို့နယ်)
2 - အောင်မဂ်လာအဝေးပြေးယာဥ်ရပ်နားစခန်းဒေသန္တရကျန်းမာရေးဌာန ( မဂ်လာဒုံမြို့နယ် )
3 - ပန်းလှိုင် ဆေးရုံ ( လှိုင်သာယာမြို့နယ် )
4 - N Health Lab ( လမ်းမတော်မြို့နယ်)
တို့တွင် - ( A ) RDT ( Rapid Antigen Diagnostic Test ) ဖြင့် စစ်ဆေးခ ( 10000 - 15000 ) ကျပ်ဖြင့်ပေးဆောင်ရပြီး ၁နာရီခန့်အတွင်းအဖြေရရှိနိုင်ပါသည် ။ - လေယာဥ်ပေါ်တွင်စီးနင်းရာတွင်လည်း နှာခေါင်းစည်း Mask,မျက်နှာအကာအကွယ် Face Shield တို့ကိုယူဆောင်လာရန်လိုအပ်ပြီး ကျန်းမာ ရေးဆိုင်ရာ ညွှန်ကြားချက်များအတိုင်း လိုက်ပါစီးနင်းရပါမည်။