မြန်မာအပါဝင် အာရှ ၆ နိုင်ငံမှ ခရီးသည်များအတွက် ပြန်ဖွင့်ပေးမည်ဟု စင်ကာပူနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာသည်။
အဆိုပါ် အာရှ ခြောက်နိုင်ငံမှာ
ဘင်္ဂလားဒေ့ရှ်၊
အိန္ဒိယ၊
မြန်မာ၊
နီပေါ၊
ပါကစ္စတန်၊
သီရိလင်္ကာ တို့ဖြစ်သည်။
အဆိုပါ ၆ နိုင်ငံ တွင် ပြီးခဲ့သည့် ၂၄ ရက် ခရီးသွားရာဇဝင် ရှိထားသူ ခရီးသည်များကို
အောက်တိုဘာလ ၂၆ ရက် ည ၁၁း၅၉ နာရီမှစ ၍ ဝင်ခွင့်ပြုမည်။ တစ်ဆင့်ကူးပြောင်း transit ခရီးသည်များကိုလည်း ခွင့်ပြုမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာသည်။
အဆိုပါ ခရီးသည်များသည် Category IV border restrictions တွင် အကျုံးဝင်သဖြင့် stay-home ၁၀ ရက်ကို သတ်မှတ်ထားသည့် နေရာတွင် နေထိုင်ဖို့ လိုအပ်မည် ဖြစ်သည်။