What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 10 November 2021 09:18

လာအိုနိုင်ငံက ကျန်းမာရေးဝန်ထမ်းများအတွက် ကိုဗစ်-၁၉ အားဖြည့်ကာကွယ်ဆေးထိုးနှံပေးရန် စီစဉ်နေ

လာအိုနိုင်ငံကျန်းမာရေးဝန်ကြီးဌာနက ဗိုင်းရပ်စ်တိုက်ဖျက်ရေးကြိုးပမ်းလုပ်ဆောင်နေစဉ်အတွင်းမှာပင် ကျန်းမာရေးဝန်ထမ်းများအတွက် COVID-19 အားဖြည့်ကာကွယ်ဆေးထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။


တတိယအကြိမ် (အားဖြည့်) ကာကွယ်ဆေးထိုးနှံခြင်းကို ကျန်းမာရေးဝန်ထမ်းများအတွက် အနည်းဆုံး ဆေးအကြိမ်ရေ ၇၀,၀၀၀ စာ ထိုးနှံပေးခြင်းနှင့်အတူ လာမည့် ၂၀၂၂ ခုနှစ် ဇန်နဝါရီ နှင့် ဖေဖော်ဝါရီလများတွင် လုပ်ဆောင်သွားရန် မျှော်လင့်ထားကြောင်း လာအိုနိုင်ငံ စိတ်ကျန်းမာရေး နှင့် ကလေးသူငယ်ကျန်းမာရေးစင်တာ ဒုတိယညွှန်ကြားရေးမှူး Viengkhan Phixay ၏ ပြောကြားချက်ကို ကိုးကား၍ ဗီယင်ကျန်း ပြည်တွင်း နေ့စဉ်သတင်းစာက ယနေ့ နိုဝင်ဘာ ၉ ရက်တွင် ရေးသား ဖော်ပြခဲ့သည်။
ဗိုင်းရပ်စ်ထိန်းချုပ်ရေးအတွက် ရှေ့တန်းတွင်လုပ်ကိုင်နေကြသော ကျန်းမာရေးဝန်ထမ်းများသည် ကူးစက်နိုင်ခြေအမြင့်ဆုံးလူအုပ်စုဖြစ်ကြောင်း ၊ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် နေ့စဉ်နှင့်အမျှ COVID-19 ဝေဒနာရှင်များနှင့်အတူ နီးနီးကပ်ကပ် လုပ်ကိုင်ဆောင်ရွက်နေရသောကြောင့် ဖြစ်ကြောင်း အဆိုပါ အရာရှိကြီးက ဆိုသည်။
သူတို့အနေဖြင့် တစ်ကိုယ်ရေအကာအကွယ်ဝတ်စုံများကို ဝတ်ဆင်ထားလင့်ကစား အချို့ကျန်းမာရေးဝန်ထမ်းများသည် ဗိုင်းရပ်စ်ကူးစက်ခံနေရဆဲဖြစ်သည်။
“ ဆရာဝန်တွေနဲ့သူနာပြုတွေဟာ အားဖြည့်ကာကွယ်ဆေးထိုးနှံပေးဖို့ ကျွန်တော်တို့ရဲ့ ဦးစားပေးသူတွေပါ ၊ ဒါက …ဘာကြောင့်လဲဆိုရင် သူတို့ဟာ COVID-19 ရောဂါ လူနာတွေကို ပြုစုကုသတဲ့နေရာမှာ တိုက်ရိုက်ထိတွေ့ဆက်ဆံနေရလို့ပါပဲ” ဟု သူ(မ) ကဆိုသည်။
မကြာသေးခင်ရက်များက လာအိုနိုင်ငံ၌ COVID-19 ရောဂါကူးစက်ခံရသော လူနာသစ်အရေအတွက် နေ့စဉ် ၁,၀၀၀ ဦးခန့် ရှိနေခဲ့သည်။ အကယ်၍ ကျန်းမာရေးဝန်ထမ်းများ နာမကျန်းဖြစ်ပါက လူနာဆေးကုသခြင်း အပါအဝင် ဗိုင်းရပ်စ်တိုက်ဖျက်ရေးလုပ်ငန်းစဉ်တွင် အားလျော့သွားနိုင်ကြောင်း ၊ ထို့ကြောင့် ဗိုင်းရပ်စ် ခုခံပေးမည့် သူတို့၏ ကိုယ်ခံအားစနစ်မြှင့်တင်ရေးအတွက် COVID-19 အားဖြည့်ကာကွယ်ဆေး (တတိယအကြိမ်) ထိုးနှံပေးရန် မဖြစ်မနေလုပ်ဆောင်ရခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။
အားဖြည့်ကာကွယ်ဆေးများသည် အချိန်တိုင်းတွင် အားလုံးသော ရောဂါကူးစက်ခံရမှုနှုန်းကို လျှော့ချရန် ကူညီပေးနိုင်သည်။ အကယ်၍ လူများသည် ကာကွယ်ဆေးထိုးနှံထားပါက ၎င်းတို့အနေဖြင့် COVID-19 ရောဂါကူးစက်ခံရသော်လည်း အပြင်းအထန် နာမကျန်းဖြစ်မှုကို လျော့ပါးစေနိုင်ကြောင်း သိရသည်။
အသက်အရွယ်ကြီးရင့်သူများ ၊ နာတာရှည်ရောဂါအခံရှိသူများ ၊ အစိုးရဝန်ထမ်းများ ၊ စစ်သား ၊ ရဲ နှင့် အခြားသော ကူးစက်နိုင်ခြေမြင့်မားသည့် လူအုပ်စုများသည် အားဖြည့်ကာကွယ်ဆေးရရှိလာချိန်တွင် ပထမ ဦးစားပေးထည့်သွင်းစဉ်စားရမည့်သူများ ဖြစ်ကြောင်းလည်း သိရသည်။
အားဖြည့်ကာကွယ်ဆေးထိုးနှံပေးခြင်းသည် အစိုးရအနေဖြင့် နိုင်ငံပြန်လည်ဖွင့်လှစ်ရန် နောက်ထပ်ခြေလှမ်းတစ်ရပ်ဖြစ်သည်။
ကာကွယ်ဆေး မထိုးနှံရသေးသူများအနေဖြင့် အနီးစပ်ဆုံး ကာကွယ်ဆေးအရင်းအမြစ်ကို ရှာဖွေကြရန်နှင့် ဖြစ်နိုင်သမျှ အမြန်ဆုံး တစ်ကြိမ် ထိုးနှံနိုင်ရေး တောင်းခံကြရန် Viengkhan က တိုက်တွန်းထားသည်။
COVID-19 ကာကွယ်ဆေးများကို လာအိုနိုင်ငံတစ်ဝှမ်းလုံး ဖြန့်ချိပေးထားပြီးဖြစ်ရာ ပြည်နယ် နှင့် ခရိုင်များရှိ ဆေးရုံဆေးခန်းများတွင် သွားရောက်ထိုးနှံနိုင်ကြောင်း သိရသည်။
လက်ရှိတွင် လာအိုနိုင်ငံ၌ ကာကွယ်ဆေးပထမတစ်ကြိမ် ထိုးနှံပြီးသူ ၃,၃၈၅,၁၄၆ ဦးရှိပြီး ယင်းတို့ထဲမှ ၂,၈၈၄,၉၀၇ ဦးမှာ ဒုတိယအကြိမ်ပါ ထိုးနှံထားပြီးဖြစ်ကြောင်း COVID-19 ကာကွယ်ရေး နှင့် ထိန်းချုပ်ရေး အမျိုးသားလုပ်ငန်းကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။

(Xinhua)

Read times
Rate this item
(0 votes)