What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 11 November 2021 13:36

ပြည်တွင်းလေယာဉ်စီးခရီးသည်များအတွက် ကိုဗစ်−၁၉ ရောဂါ အခမဲ့ဓာတ်ခွဲစစ်ဆေးပေးမည့်အစီအစဉ်

ပြည်တွင်းလေယာဉ်စီးခရီးသည်များအတွက် ကိုဗစ်−၁၉ ရောဂါ အခမဲ့ဓာတ်ခွဲစစ်ဆေးပေးမည့်အစီအစဉ် 

ပြည်တွင်းလေယာဉ်စီးခရီးသည်များအတွက် ကိုဗစ်−၁၉ ရောဂါ အခမဲ့ဓာတ်ခွဲစစ်ဆေးပေးမည့်အစီအစဉ်ကို ကျန်းမာရေးဝန်ကြီးဌာနမှ အသိပေးကြေညာထားပါသည်။ 

 

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအား အရှိန်အဟုန်ဖြင့် ဆောင ရွက်နိုင်မှုကြောင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုတတိယလှိုင်းအား အတိုင်းအတာတစ်ခုအထိ ထိန်းချုပ် လာနိုင်ပြီဖြစ်၍ ရောဂါထိန်းချုပ်ရေးဆိုင်ရာ ကန့်သတ်ချက်များအား တစ်ဆင့်ချင်းဖြေလျှော့ပေးလျက်ရှိရာ ပြည်တွင်းလေယာဉ်စီးခရီးသည်များ အဆင်ပြေချောမွေ့စေရေးအတွက် ခရီးစဉ်မတိုင်မီ ၄၈ နာရီအတွင်း RDT ဖြင့် ကိုဗစ်-၁၉ ရောဂါပိုးမရှိကြောင်း ဓာတ်ခွဲစမ်းသပ်ချက်ကို Check-in ဝင် သည့်အချိန်၌ တင်ပြနိုင်ရန်အတွက် -

 

(က) ခရီးစဉ်မတိုင်မီ ၄၈ နာရီထက် နောက်မကျစေဘဲ ကိုဗစ်-၁၉ ရောဂါကို လေယာဉ် ကွင်းတည်ရှိရာ သက်ဆိုင်ရာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦး စီးဌာနမှူးရုံးများတွင် 

နေ့စဉ်နံနက် ၀၉:၀၀ နာရီမှ ၁၁:၀၀ နာရီနှင့် 

နေ့လယ် ၁၃:၀၀ နာရီမှ ၁၅:၀၀ နာရီ အချိန်အထိ 

ပိတ်ရက်မရှိ အခမဲ့စစ်ဆေးဆောင်ရွက်ပေးပါမည်၊

 

(ခ) . ၎င်းအပြင် ကျန်းမာရေးဝန်ကြီးဌာနမှ လုပ်ထုံးလုပ်နည်းနှင့်အညီ စစ်ဆေး၍ ရောဂါရှာ ဖွေရေးလုပ်ငန်း လုပ်ကိုင်ခွင့်ပြုထားသော ပုဂ္ဂလိကဆေးရုံများ၊ ဆေးခန်းများဓာတ်ခွဲ ခန်းများတွင် သတ်မှတ်နှုန်းထားပေး၍ ဓာတ်ခွဲစစ်ဆေးခြင်းများ ဆောင်ရွက်နိုင်ပါသည်။

 

COVID-19 ရောဂါအား RDT ဖြင့် “အခမဲ့” စစ်ဆေးပေးနိုင်မည့် ကျန်းမာရေးဌာနများစာရင်း

 

နေပြည်တော်ကောင်စီ

 

နေပြည်တော်

ခုတင်(၁၀၀) ပြည်သူ့ဆေးရုံ၊ လယ်ဝေးမြို့နယ်။

 

ရန်ကုန်တိုင်းဒေသကြီး

 

သူနာပြုတက္ကသိုလ်Test Center

သူနာပြုတက္ကသိုလ်ဝင်း၊ရန်ကုန်။

 

မင်္ဂလာဒုံ Test Center

မင်္ဂလာဒုံသာသနာ့ဗိမာန်၊
ကျိုက္ကလော့ဘုရားရှေ့။ 

 

သန်လျင် Test Center

သန်လျင်သာသနာ့ဗိမာန်၊

ကျိုက်ခေါက်ဘုရားလမ်းမကြီး။

 

ဒဂုံမြို့သစ်(မြောက်ပိုင်း) Test Center

မြို့နယ်ပြည်သူ့ဆေးရုံ၊မြောက်ဒဂုံ။

မန္တလေးတိုင်းဒေသကြီး

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ (၂၈) မြို့နယ်

 မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနများ။

 

နဒီမြန်မာဟိုတယ်စင်တာ

 ၆၂ လမ်း၊ ၃၆ လမ်းX ၃၇ လမ်းကြား၊ 

မဟာအောင်မြေမြို့နယ်။

ရခိုင်ပြည်နယ်

စစ်တွေမြို့နယ်

မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန

 

အမ်းမြို့နယ်

မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန

 

ကျောက်ဖြူမြို့နယ်

မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန

 

သံတွဲမြို့နယ်

မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန

 

မာန်အောင်မြို့နယ်

မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန

တနင်္သာရီတိုင်းဒေသကြီး

ကော့သောင်းမြို့နယ်

ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန။ 

(ဆေးရုံကြီးဟောင်းဝင်း)

Read times Last modified on Thursday, 11 November 2021 13:38
Rate this item
(0 votes)