What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 25 November 2021 09:52

တောင်ကိုရီးယားမှာ Delta ကိုဗစ်မျိုးကွဲကူးစက်မှုတိုးလာ

တောင်ကိုရီးယားနိုင်ငံမှာ COVID-19 ကပ်ရောဂါ စပြီး ကူးစက်ခဲ့ကတည်းကဆိုရင်

တရက်အတွင်း ကူးစက်သူအရေအတွက် စံချိန်တင်များပြားခဲ့ပြီး Delta ကိုဗစ်မျိုးကွဲကြောင့် ကူးစက်သူ ပိုတိုးလာနေတယ်လို့ တောင်ကိုရီးယား ကျန်းမာရေးတာဝန်ရှိသူတွေက ဒီကနေ့ပြောပါတယ်။

"ကူးစက်သူအရေအတွက် ၄ ထောင်ကျော်ရှိပြီး အသည်းအသန် လူနာအရေအတွက်က တိုးလာနေတာကြောင့် ခက်ခဲတဲ့အခြေအနေတွေမှာ ကျနော်တို့ ဆက်ရှိနေတုန်းပါပဲ။ အထူးသဖြင့် ဒီနှစ် ပထမနှစ်ဝက်မှာ ကာကွယ်ဆေးထိုးခဲ့တဲ့ သက်ကြီးရွယ်အိုတွေကိုကုတဲ့ ဆေးရုံတွေနဲ့ သက်ကြီးရွယ်အိုဂေဟာတွေမှာ ကူးစက်သူအရေအတွက် တိုးလာတဲ့အခြေအနေကို ကျနော်တို့တွေ့နေရပါတယ်" လို့ တောင်ကိုရီးယား ကျန်းမာရေးဌာနက အကြီးတန်းတာဝန်ရှိသူ Son Young-rae ကပြောပါတယ်။

နောက်ထပ်ကူးစက်သူအရေအတွက် ၄,၁၁၆ ယောက်မှာ အများစုက ဆိုးလ်မြို့တော်နဲ့ ပတ်ဝန်းကျင်ဒေသက ဖြစ်တယ်လို့ ကိုရီးယား ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးဌာနက ပြောပါတယ်။ အဲဒီနေရာတွေမှာ ဆေးရုံ တင်ရတဲ့လူအရေအတွက် တိုးနေတာကြောင့် အထူးကျပ်မတ် ကုသဆောင်တွေမှာ မနိုင်မနင်းဖြစ်မယ့် အခြေအနေကို စိုးရိမ်လာကြပါတယ်။

တောင်ကိုရီးယားစီးပွားရေး ပြန်ပြီး တိုးတက်လာစေဖို့ရည်ရွယ်ပြီး လူချင်းခွာနေရမယ့် စည်းကမ်းသတ်မှတ်ချက်တွေကို မကြာသေးခင် သီတင်းပတ်တွေအတွင်းက ဖြေလျော့ပေးခဲ့ပြီးတဲ့နောက် ကူးစက်သူ အရေအတွက် တိုးလာတာဖြစ်ပါတယ်။
VOA

Read times
Rate this item
(0 votes)