What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 01 December 2021 11:07

ဗီဇမျိုးကွဲသစ် အိုမီခရွန်အကြောင်း သိရှိရန် သတင်းနှစ်ပတ်ကြာ စောင့်ဆိုင်းရဦးမည်ဟု ပြောကြာ

ကိုရိုနာဗိုင်းရပ်စ် ဗီဇမျိုးကွဲသစ် အိုမီခရွန်၏ ပြည့်စုံသည့်အချက်အလက်များကို သိရှိနိုင်ရန် သတင်းနှစ်ပတ်ကြား လိုအပ်မည်ဖြစ်ကြောင်း

အမေရိကန်နိုင်ငံ ဓါတ်မတည့်မှုနှင့်ကူးစက်ရောဂါဆိုင်ရာ အမျိုးသား အင်စတီကျု (NIAID) ဒါရိုက်တာ Anthony Fauciက နိုဝင်ဘာ ၂၈ ရက်တွင် ပြောကြားခဲ့သည်။
အမေရိကန် သမ္မတဂျိုးဘိုင်ဒန်က ယင်းနေ့တွင် Anthony Fauciစသည့် ကိုဗစ်ကပ်ရောဂါကိုင်တွယ်ဖြေရှင်းရေးလုပ်ငန်းအဖွဲ့ အဖွဲ့ဝင်များ၏ အစီရင်ခံမှုကို ကြားနာခဲ့ကြောင်း သိရသည်။ အိမ်ဖြူတော်မှထုတ်ပြန်သည့် ကြေညာချက်တွင် “အိုမီခရွန် ဗီဇမျိုးကွဲ၏ ကူးစက်နိုင်စွမ်း၊ ဆိုးဝါးနိုင်မှုနှင် အခြားသော တိကျသည့်အချက်အလက်များကို သိရှီဖို့ သတင်းနှစ်ပတ်ကြာ အချိန်လိုအပ်သေးကြောင်း၊ သို့သော်လည်း ၎င်းအနေဖြင့် လက်ရှိကာကွယ်ဆေးက ကူးစက်ပြီးနောက် ရောဂါပြင်းထန်နိုင်မှုကို အတိုင်းအတာတစ်ခုထိ ကာကွယ်ပေးနိုင်သည်ဟု ယုံကြည်နေဆဲဖြစ်ကြောင်း Dr. Anthony Fauciက သမ္မတကို ပြောကြားခဲ့သည်ဟု ဖော်ပြထားသည်။
Anthony Fauci၏ ပြောကြားချက်အရ ကိုဗစ်ကာကွယ်ဆေး အပြည့်အဝထိုးနှံပြီးနောက် အားဖြည့်ကာကွယ်ဆေးထပ်မံထိုးနှံထားပါက ကိုရိုနာဗိုင်းရပ်စ်အတွက် အားအကောင်းဆုံး ကိုယ်ခံစွမ်းအားကို ရရှိနိုင်ကြောင်း ဆိုသည်။
အိမ်ဖြူတော်၏ ကြေညာချက်တွင် “ကိုဗစ်ကပ်ရောဂါ ကိုင်တွယ်ဖြေရှင်းရေး လုပ်ငန်းအဖွဲ့က ကာကွယ်ဆေးထိုးနှံပြီးသော အရွယ်ရောက်ပြီးသူများအားလုံးကို အားဖြည့်ကာကွယ်ဆေး တတ်နိုင်သမျှလျင်မြန်စွာ ထိုးနှံကြဖို့….. ကာကွယ်ဆေးအပြည့်အဝမထိုးနှံထားသော အရွယ်ရောက်ပြီးသူနှင့်ကလေးသူငယ်များအနေဖြင့် ချက်ချင်း ကာကွယ်ဆေးထိုးနှံသင့်ကြောင်း အကြုံပြုထားသည်”ဟု ဖော်ပြထားသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)ကလည်း နိုဝင်ဘာ ၂၈ ရက်တွင် အလားတူ ပြောကြားခဲ့ရာ လက်ရှိတွင် အိုမီခရွန် မျိုးကွဲဗိုင်းရပ်စ်၏အန္တရာယ်သည် ဒယ်လ်တာမျိုးကွဲထက်ပို၍ များသည်ဟူသော လုံလောက်သည့် ကိန်းဂဏန်းသက်သေမရှိသေးကြောင်း၊ ယခုရှိနေသည့် ကာကွယ်ဆေးက ထိရောက်ဆဲဖြစ်ကြောင်း ဆိုသည်။
တောင်အာဖရိကတွင် နိုဝင်ဘာ ၉ ရက်က ဤမျိုးကွဲဗိုင်းရပ်စ်သစ်ကို တွေ့ရှိကြောင်း ပထမဆုံးအတည်ပြုခဲ့ပြီး နိုဝင်ဘာ ၂၆ ရက်တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က ၎င်းအား “အထူးဂရုပြုရန်လိုအပ်”သည့် အဆင့်တွင် ထည့်သွင်း၍ အိုမီခရွန်(Omicron)ဟုအမည်ပေးကာ နိုင်ငံအသီးသီး စောင့်ကြည့်စမ်းသပ်မှုလုပ်ငန်းများ တိုးမြှင့်လုပ်ဆောင်ကြရန် တောင်းဆိုခဲ့သည်။
ရိုက်တာ သတင်းဌာန၏ နိုဝင်ဘာ ၂၈ ရက် သတင်းများအရ နိုင်ငံနှင့်ဒေသ ၁၃ ခုတွင် အိုမီခရွန် မျိုးကွဲဗိုင်းရပ်စ်ကူးစက်မှု အတည်ပြုလူနာ တွေ့ရှိရပြီဖြစ်ကြောင်း၊ ၎င်းတို့အနက် ကနေဒါတွင် ယင်းနေ့က အတည်ပြုလူနာ ၂ ဦး ရှိကြောင်း သိရသည်။
အိုမီခရွန် အမေရိကန်သို့ ဝင်ရောက်လာနိုင်မှုသည် “ရှောင်လွှဲ၍မရ”ကြောင်း Anthony Fauciက နိုဝင်ဘာ ၂၈ ရက် အစောပိုင်း အမေရိကန် ABC ရုပ်သံလွှင့်ကုမ္ပဏီ This Week အစီအစဉ်တွင် ပြောကြားခဲ့သည်။ ဤမျိုးကွဲဗိုင်းရပ်စ်သစ်သည် “လျင်မြန်သည့် ကူးစက်နိုင်စွမ်း”ရှိနိုင်ကြောင်း ၎င်းက အမေရိကန် NBC၏ တွေ့ဆုံမေးမြန်းခန်းတွင် ပြောကြားခဲ့သည်။
Anthony Fauciနှင့် ၎င်း၏အဆင့်မြင့်ကျန်းမာရေးအရာရှိများက အိုမီခရွန်အတွက် လက်ရှိ ကာကွယ်ဆေးနှင့်ကုထုံးကို မည်သို့ ချိန်ညှိပြောင်းလဲရမည်ကို အတိအကျ မသိရသေးကြောင်း ဆိုသည်။ “ကျွန်တော်တို့အနေနဲ့ ပိုမိုများပြားတဲ့ ကိန်းဂဏန်းအထောက်အထားတွေလိုပါတယ်၊ ဒါမှ ဒီဗိုင်းရပ်စ်က ဆိုးဝါးတဲ့အမျိုးအစားမဟုတ်ဘူးဆိုတာ ယုံကြည်မှုအပြည့်နဲ့ ကောက်ချက်ချနိုင်မှာပါ”ဟု ၎င်းက Fox Sunday News အစီအစဉ်တွင် ပြောကြားခဲ့သည်။
ဆောင်းရာသီ ရောက်ရှိလာခြင်းကြောင့် လူထု၏အိမ်တွင်နေထိုင်သည့်အချိန်ပို၍များလာရာ အမေရိကန်တွင် ကိုဗစ်ထပ်တိုးလူနာသစ်တိုးပွားလာခြင်းကြောင့် အချို့ဆေးရုံများတွင် အကျပ်အတည်းဖြစ်လျက်ရှိနေပြီး နယူးယောက်အပါအဝင် ပြည်နယ်အချို့က အရေးပေါ်အခြေအနေ ကြေညာထားသည်။
ကပ်ရောဂါဖြစ်ပွားသည်မှစ၍ အမေရိကန်တွင် အတည်ပြုလူနာ ၄၈ သန်းကျော်၊ ကူးစက်မှုကြောင့်သေဆုံးသူ ၇၈၂,၀၀၀ ခန့်ရှိရာ ကမ္ဘာ့ပထမနေရာတွင်ရှိကြောင်း ရိုက်တာ သတင်းဌာန၏ ကိန်းဂဏန်းများက ဖော်ပြထားသည်။ အမေရိကန်နိုင်ငံတွင် ကာကွယ်ဆေးမထိုးနှံရသေးသူ ၃၀ ရာခိုင်နှုန်းရှိပြီး ကပ်ရောဂါအခြေအနေဆိုးဝါးလာပါက နိုင်ငံ၏စီးပွားရေး ပြန်လည်ရှင်သန်မှုအပေါ် ထိခိုက်မှုရှိမည်ဖြစ်ပြီး ဒေသ ကျန်းမာရေးစနစ် ဝန်ဖိအား တစ်ဆင့်တိုးလာနိုင်ကြောင်း ဆိုသည်။
အမေရိကန်နိုင်ငံ၌ အမေရိကန်အရှေ့ပိုင်းဒေသစံတော်အချိန် နိုဝင်ဘာ ၂၉ ရက် ၀၀ နာရီ ၁ မိနစ် မှစပြီး ၁၄ ရက်အတွင်း တောင်ပိုင်း အာဖရိကနိုင်ငံ ၈ နိုင်ငံတွင် ရပ်နားဖူးသည့် ပြည်ပခရီးသွားအားလုံးနီးပါးကို ပြည်ဝင်ခွင့် တားမြစ်ထားကာ လူထုအား ယင်းနိုင်ငံ ၈ နိုင်ငံသို့ သွားရောက်ခြင်းမပြုရန် သတိပေးချက် ထုတ်ပြန်ထားကြောင်း သိရသည်။

(Xinhua)

Read times
Rate this item
(0 votes)