What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 01 December 2021 19:24

အရည်အသွေး စံမမီ မတ်စ် brand အမည်များ ထိုင်းထိုင်းစားသုံးသူကောင်စီက ထုတ်ပြန်

ဈေးကွက်ထဲမှာ ရောင်းချနေတဲ့ မတ်စ် brand ၆၀ မှာ ငါးပုံတစ်ပုံသာ Thai Industrial Standard အရည်အသွေးစံ စစ်ဆေးမှုနဲ့ ကိုက်ညီမှု ရှိတယ်လို့ ထိုင်းစားသုံးသူကောင်စီ Thailand Consumer Council (TCC) က ဆိုပါတယ်။

ဇူလိုင်လမှာ TCC က မတ်စ် brand ၆၀ ခုကို ကျပန်းရွေးချယ်ပြီး စစ်ဆေးမှု ပြုခဲ့တာမှာ တစ်ခါသုံးမတ်စ် brand ၁၄ မျိုး ပါဝင်ပါတယ်။ surgical မတ်စ် က brand ၂၇ မျိုးနဲ့ N95 မတ်စ်က brand ၁၉ မျိုး ပါဝင်ပါတယ်။

တစ်ခါသုံးမတ်စ် brand ၁၄ မျိုးမှာ ၃ မျိုးသာ စစ်ဆေးမှုမှာ အောင်မှတ် ရခဲ့ပါတယ်။ အဲဒီ brand ၃ ခုက LOC, Medicare Plus , Iris Ohyama တို့ ဖြစ်ပါတယ်။

Zion, Lepono, Bestsafe, I-Tec, 3M, Asproni, Fidens, Life Mask, Microtex, Lanzhi နဲ့ Yamada စစ်ဆေးမှုမှာ ကျရှုံးပါတယ်။

ဆေးဘက်သုံး surgical mask တွေမှာ brand ၂၇ မျိုးအနက် ၃ မျိုးသာ စစ်ဆေးမှု အောင်ပါတယ်။ Nam Ah, Double A Care နဲ့ TCH တို့ ဖြစ်ပါတယ်။

ကျရှုံးတဲ့ မတ်စ် brand တွေက Next Health, Union Beef, Fidens (dark pink box), Live SEF, Welcare, Nice Mask, Topvalue Bestprice, Medimask, Betex, Fresh Plus (blue box), Kenkou, G lucky, Hyguard, Hi-Care, Fresh Plus (green box), Fresh Plus (blue box), KSG (dark green sachet), KF (sachet), Miss Med, Exta, KF (box), Watsons, Nice Mask (light green box) နဲ့ Betex တို့ ဖြစ်ပါတယ်။

N95 mask မှာ brand ၇ ခု စစ်ဆေးမှု အောင်ပါတယ်။ Minicare, Snake Brand, One Care, 3M, Welcare Black Edition, Ease Mask Zero, နဲ့ Pharmatex တို့ ဖြစ်ပါတယ်။
စံမမီတဲ့ brand ၆ ခု က Cuwin Mask, Cuwin Mask (True Shopping), Mini Care, Pharmatex, Nobel Mask နဲ့ Kowa တို့ ဖြစ်ပါတယ်။

ဆေးဘက်သုံး surgical နဲ့ N95 မတ်စ်တွေက Food and Drug Administration (FDA) က စစ်ဆေးမှုကို အောင်ဖို့ လိုပါတယ်။ တစ်ခါသုံးမတ်စ်တွေက Thai Industrial Standard နဲ့ မဖြစ်မနေ စံမီရမယ်လို့ ပြဌာန်းမထားပါဘူး။ ဒီတော့ brand အများအပြားတို့က Thai Industrial Standard အရ စံမီကြောင်း လက်မှတ် ရယူထားခြင်း မရှိပါဘူး။

လူအများ ဘေးကင်းစေဖို့အတွက် FDA နဲ့ Thai Industrial Standards Institute တို့က တစ်ခါသုံးမတ်စ်တွေရဲ့ အရည်အသွေးစံကို စစ်ဆေးမှု ခံယူခိုင်းသင့်တယ်လို့ TCC က အကြံပြု တိုက်တွန်းထားပါတယ်။

Read times
Rate this item
(0 votes)