ဖေဖော်ဝါရီလ ၁၄ ရက်မှာ ကျရောက်မယ့် ချစ်သူများနေ့ မတိုင်ခင် လိင်ဆက်ဆံမှုမှာ ဘေးကင်းတဲ့ လိင်ဆက်ဆံမှု ဖြစ်စေဖို့အတွက် ထိုင်းနိုင်ငံမှာ ကွန်ဒုံးများ အခမဲ့ ဖြန့်ဝေလျက် ရှိရာ ဘန်ကောက် မြို့တော် အုပ်ချုပ်ရေးအဖွဲ့ကလည်း လူငယ်တွေကြား ကွန်ဒုံး ၂ သန်း အခမဲ့ ပေးဝေနေပါတယ်။
လူငယ်တွေကြားမှာ လိင်မှ တစ်ဆင့် ရောဂါ ကူးစက်မှု မြင့်တက်နေတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။
"Start Safe SEX, Use Condom" လှုံ့ဆော်မှု အောက်မှာ ခရိုင် ၅၀ ခုမှာ ကွန်ဒုံးတွေ အခမဲ့ရယူနိုင်အောင် စီစဉ်ပေးထားပါတယ်။
"ကွန်ဒုံး၊ ဆီ၊ မတ်စ်နဲ့ အရက်ပျံဂျယ်လီ အပါအဝင် အကာအကွယ်ပစ္စည်းတွေ အမြဲဆောင်ထားကြပါ။ လိင်မဆက်ဆံခင်နှင့် လိင်ဆက်ဆံပြီးချိန် နှစ်ချိန်စလုံးမှာ ကိုယ်ခန္ဓာကို သန့်ရှင်းရေး လုပ်ပါ" လို့ ဘန်ကောက် ကျန်းမာရေး ညွှန်မှူး Ms Panruedee က ပြောကြားပါတယ်။
"အခုဟာက လိင်မှတစ်ဆင့် ကူးစက်တဲ့ရောဂ်အပြင် Covid-19 ကိုပါ ကာကွယ်ဖို့ ဖြစ်ပါတယ်" လို့ Ms Panruedee က ပြောကြားပါတယ်။
ညွှန်မှူး ခန့်မှန်းထားတာ ကိုယ်ခံအားနည်းရောဂါ (AIDS) ရထားသူ မြို့တော်မှာ ၈,၁၄၆၅ ဦး ပါဝင်ပါတယ်။ လူနာသစ် ၁,၁၂၈ ဦး ရှိပါတယ်။
ပြီးခဲ့တဲ့နှစ်မှာ ဘန်ကောက်မြို့မှာ လိင်မှတစ်ဆင့် ေရာဂါကူးစက်မှု ၆,၄၅၀ ခု ဖြစ်ပွားခဲ့ပါတယ်။ အရေအတွက် နှစ်စဉ် ပိုများလာနေတယ်လို့ ညွှန်မှူးက ပြောကြားပါတယ်။
၂၀၂၀ ခုနှစ်တွင် လူတစ်သိန်းလျှင် ဆစ်ဖလစ်ဖြစ်ပွားမှု ၄၀.၆၄ ဦး ရှိခဲ့ပါတယ်။ အသက် ၁၅ နှစ်မှ ၂၄ နှစ်ကြား လူတစ်သိန်းလျှင် ၅၀.၄ ဦး ရှိခဲ့ပါတယ်။ ၂၀၁၅ မှာ လူတစ်သိန်းလျှင် ၁၁ ဦး သာ ရှိခဲ့ပါတယ်။
ဂနိုရီယား ဖြစ်ပွားနှုန်းက အသက်ငယ်ရွယ်သူတွေကြားမှာ မြင့်မားနေပါတယ်။ လူတစ်သိန်းလျှင် ၅၈.၈ ဦး ရှိခဲ့ပါတယ်။
Ms Panruedee က "လူငယ်တွေကြားမှာ ကွန်ဒုံး သုံးစွဲမှု နည်းပါးတာကြောင့် လိင်မှတစ်ဆင့် ကူးစက်မှု မြင့်တက်လာတယ်" လို့ ပြောကြားပါတယ်။