What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 26 April 2022 13:38

အလုပ်မှ အလုပ် ဖြစ်နေတဲ့ အလုပ်ကြိုးစားတဲ့သူတွေအတွက် ကျန်းမာရေး

အလုပ်ခွင်ထဲမှာ အမြဲအလုပ်ကလွဲ ဘာမှအာရုံမစိုက်တတ်တဲ့ အလုပ်ကြိုးစားတဲ့သူတွေကို တွေ့ရတတ်ပါတယ်။

ကိုယ်တိုင်လည်း အဲ့ဒီလိုအလုပ်ကြိုးစားတဲ့အဖွဲ့ထဲကလား။

အလုပ်မြန်မြန်လုပ် မြန်မြန် ပြီးတာက စိတ်ချမ်းသာစရာတစ်ခုပါ ။ဒါပေမယ့် ဆိုးကျိုးတွေရှိတာကို သင်သိရဲ့လား။ အလုပ်ထဲမှာ တစ်ချိန်လုံး စိတ်နှစ်ထားပေမယ့် ကိုယ့် ကျန်းမာရေးတော့ ဂရုစိုက်ဖို့မမေ့ပါနဲ့နော် ။

မနက်ရုံးရောက်တာနဲ့ ပစ္စည်းတွေချ ထိုင်ခုံမှာထိုင် အလုပ်တွေဆက်တိုက် ထိုင်လုပ်နေပြီလား ။ဒါဆိုရင် အလုပ်ကြာကြာလုပ်တဲ့ သူတွေမှာ ဖြစ်တတ်တဲ့ ကျန်းမာရေးလေးတွေကို ဂရုစိုက်သင့်တယ်နော်။

အစားစားချိန်မမှန်ခြင်း

အလုပ်ပြီးအောင်လုပ်နေတာနဲ့ နာရီမကြည့်မိ အစားစားချိန်တွေကျော်သွားတာတွေ အလုပ်မပြီးမှာစိုးလို့ မစားသေးပဲ အလုပ်ကိုပြီးအောင်အရင်လုပ်တာတွေ  ၊ ဒါတွေဟာ တစ်ခါတစ်လေမှာ ဘာမှမဖြစ်ပေမယ့် ကြာလာတဲ့အခါမှာ အစာအိမ်အောင့်တာ ၊ လေးထိုးလေကန်တာ တွေ ဖြစ်လာနိုင်ပါတယ်။ 

ခန္ဓာကိုယ် အလေးချိန်တိုးလာတာ

တစ်ချို့ အဆီတက်တာတွေ အလေးချိန်တိုးလာတာတွေက အစားအများကြီးစားလို့လို့ ထင်ကြပါတယ် ။ဒါပေမယ့် အစားစားတာကြော င့် ဝိတ်တက်တာက တစ်စိတ်တစ်ပိုင်း သက်ဆိုင်ပေမယ့် အထိုင်များတာကြောင့်လည်း ခြေတလုံး တုတ်လာတာ ဗိုက်ခေါက်အဆီတက်လာတာတွေ ဖြစ်လာနိုင်ပါတယ်။နောက်ဆက်တွဲ ဆိုးကျိုး အဝလွန်းခြင်းထိပါ ဖြစ်လာနိုင်ပါတယ်။

ဆီး ၊ ဝမ်းအခြေအနေ

အလုပ်မပြီးမချင်း မထတတ်တဲ့သူတွေ အနေနဲ့ ဆီးသွားချင်တဲ့အခါ အောင့်ထားတတ်တာတွေ ဖြစ်တတ်ကြပါတယ်။ အဲ့ဒီလိုအောင့်ထားတတ်တာတွေကြောင့် ဆီးအောင့်ခြင်း ၊ဆီးကျဉ်ခြင်း အပြင် ကျောက်ကပ်မှာ အနယ်တွေ ဖြစ်ပြီး ကျောက်ကပ် ထိခိုက်တာအထိ ဖြစ်လာစေနိုင်ပါတယ် ။

မျက်စိအားနည်းခြင်း မျက်လုံးခြောက်ခြင်း

ထိုင်ခုံမှာ တစ်ချိန်လုံး ထိုင်နေရတဲ့သူတွေအနေနဲ့ ကွန်ပြူတာနဲ့ တစ်ချိန်လုံး မျက်နှာချင်းဆိုင်ထိုင် ကွန်ပျူတာကို မိုးလင်းက မိုးချုပ်ကြည့်တာဟာ မျက်စိကို အဓိက အန္တာရာယ် ဖြစ်စေမယ့် အခြေအနေပါ။ 

တစ်နေကုန်လူအနားမယူပေမယ့် မျက်စိကိုတော့ အနားပေးဖို့ တိုက်တွန်းချင်ပါတယ်။ ခဏလောက် သဘာဝရှုခင်းကိုကြည့်နေတာဖြစ်ဖြစ် လုပ်သင့်ပါတယ်။ အနားပေးတာမျိုး မရှိပဲ တစ်ချိန်လုံး အလုပ်ပေးထားတာက မျက်လုံးခြောက်တာ၊ မျက်စိညောင်းတာ အပါအဝင် အမြင်အာရုံ ပြဿနာတွေကိုပါ ခံစားရစေနိုင်ပါတယ်။

ခါးနာခြင်း ၊ဇက်ကြောတက်ခြင်း 

အထိုင်များတဲ့အခါမှာ ခါးရိုးဟာ ပုံသေ အရိုးတောင့်တာ ကြွက်သားနာတာတွေ ဖြစ်နေတတ်ပါတယ်။ ဒါအပြင် ကွန်ပျူတာနဲ့ ဖုန်းကိုတစ်ချိန်လုံး ကြည့်နေတတ်တာ အာရုံစိုက်တာတွေကြောင့် အာရုံကြောကို ထိခိုက်ပြီး ဇက်ကြောတက်တဲ့ ပြဿနာကိုခံစားရစေပါတယ်။

စိတ်ဖိစီးမှု

အလုပ်တွေ မြန်မြန်ပြီးချင်တဲ့ စိတ် နဲ့ ကိုယ်လုပ်တာတွေ စိတ်တိုင်းမကျတဲ့အခါ  မိမိကိုယ်ကို အားမလိုအားမရဖြစ်လာတာတွေ ရှိပါတယ်။ အဲ့ဒီလိုဖြစ်တဲ့အခါမှာ စိတ်ဖီစီးမူတွေ ဖြစ်လာနိုင်ပါတယ်အလုပ်တွေကို တအား ပြီးချင်တယ်။ လုပ်နေရင်းက စိတ်တိုင်းမကျတာ၊ အားမရတာတွေ ဖြစ်လာတဲ့အခါမှာ စိတ်ဖိစီးနိုင်ပါတယ်။

Read times Last modified on Tuesday, 17 May 2022 21:59
Rate this item
(0 votes)