အစပ်စားပြီး ဘာလို့ဝမ်းပျက်ကြတာလဲ တစ်ချို့လူတွေ သိချင်ကြလိမ့်မယ်ထင်ပါတယ်။ တခြားလူတွေအတူတူအစပ်ကိုစားတယ်။ တစ်ချို့ကျအစပ်ကိုစား ဝမ်းပျက်တယ်၊ ဝမ်းလျှောတယ်။ တစ်ချို့လူက ဘာမှမဖြစ်အေးဆေး။
ဟုတ်ပါတယ်။ ကျနော်တို့ ခန္ဓာကိုယ်မှာ အစပ်ကိုကွဲခြားပေးနိုင် အာရုံခံနိုင်စွမ်းရှိပါတယ်။ Asst. Prof. (Special) Dr. Thanisa Patcharatrakul ဆိုသူက အစပ်စားတာ ခံတွင်းကို ပူလောင်ခြင်း ဖြစ်စေနိုင်တယ်။ အထူးသဖြင့် အစပ်ကို ပုံမှန်စားလေ့မရှိတဲ့သူတွေမှာ ဝမ်းပျက်တက်တယ်၊ ဝမ်းလျှောတက်တယ်။
ဒါ့အပြင် အစာအိမ်အနာ ၊ အစာအိမ်အက်ဆစ်ပြန်တက်ခြင်း(လည်ပြွန်စပ်နေခြင်း) နဲ့ အစာအိမ်ရောဂါရှိတဲ့သူတွေကတော့ အစပ်စားသုံးခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။
သင့်ခန္ဓာကိုယ်ကို အစပ်အရသာကို ခံနိုင်ရည်ရှိအောင် လေ့ကျင့်ပေးလို့ရနိုင်လား ?
ဒါဆိုရင်တော့ အစပ်စားတဲ့သူတွေအတွက်ကတော့ သတင်းကောင်းပါပဲ။ အစပ်အစားအစာကို ပုံမှန်စားသုံးတဲ့အခါ အစာခြေလမ်းကြောင်းအတွင် ပူလောင်းခံစားမှုကို လျှော့ချပေးပါတယ်။ ဘာကြောင့်လည်းဆိုတဲ့ အစာအိမ်နဲ့ အူလမ်းကြောင်းအတွင်း capsaicin receptors များရှိတဲ့အတွက် ထပ်ခါတလဲလဲ နှိုးဆွပေးနိုင်တဲ့ ဂုဏ်သတ္တိတွေရှိပါတယ်။ ဒါကြောင့် အစပ်စားတာကို ပိုခံနိုင်ရည်ရှိအောင် ကျင့်ပေးရပါတယ်။
အစပ်စားခြင်းရဲ့ အားသာချက်များ
ငရုတ်သီးတွေက အစာစားချင်စိတ်ကို နှိုးဆွပေးတယ်။ ငရုတ်သီးမှာ capsaicin ပါဝင်တာကြောင့် အစာအိမ်ကို ကျယ်စေပါတယ်။
ငရုတ်သီးက ကိုယ်အလေးချိန်ကို လျှော့ချဖို့အတွက် ကူညီပေးတယ်။ ကယ်လိုရီတွေ နဲ့ ခန္ဓာကိုယ်အဆီတွေကို လောင်ကျွမ်းစေပါတယ်။ ဝိတ်ချနေတဲ့တွေအတွက်လည်း လိုက်ဖက်တဲ့ အစားအစာတစ်ခုလည်း ဖြစ်နိုင်ပါတယ်။
အစပ်အရသာက ခန္ဓာကိုယ်တွင်း ရောင်ရမ်းမှုကို လျှော့ချပေးပါတယ်။ ကင်ဆာဖြစ်နိုင်ခြေ ကိုလည်း လျှော့ချ ပေးပါတယ်။
ငရုတ်သီး က နှလုံးရောဂါ ဖြစ်နိုင်ချေကို လျှော့ချပေးတယ်။ ငရုတ်သီးက သွေးဥများစုပုံခြင်းကို လျှော့ချပေးနိုင်တယ်။
သွေးခဲတွေကို ပျော်ဝင်စေပါတယ်။ သွေးကြောများ ပိတ်ဆို့သွားသည်အထိ သွေးခဲခြင်းမှ တားဆီးပေးတယ်။ သွေးတိုးရောဂါ နှင့် နှလုံးသွေးကြောဆိုင်ရာ ရောဂါများ ၏ အဓိက အကြောင်းရင်း တစ်ခုလည်းဖြစ်ပါတယ်။
Written By Aung Win (Myanmar Health Products Guide)
Ref: Sanook News