What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 29 June 2022 11:23

လေဖြတ်ခြင်းကို ကာကွယ်ပေးနိုင်တဲ့ ငှက်ပျော်သီး

လေဖြတ်ခြင်းကို ကာကွယ်ပေးနိုင်တဲ့ ငှက်ပျော်သီး Femina.in

ပိုတက်စီယမ် များစွာပါဝင်တဲ့ သစ်သီးတွေဟာ သွေးဖိအားကို ကျဆင်း စေနိုင်ပါတယ်။

သွေဖိအား မြင့်မားတာ (သွေးတိုးတာ)ဟာ လေဖြတ် ဖို့ အဓိက အချက်ကြီးပါ။ ပိုတက် စီယမ်များစွာ ပါဝင်တဲ့ အစာစားသူတွေဟာ လေဖြတ်နိုင်ခြေ ၂၄ ရာခိုင်နှုန်း လျော့နည်း လာပါတယ်။ ငှက်ပျောသီး များများစားပြီး အာလူးကြော်လိုမျိုး ကြွပ်ရွတဲ့ အစာတွေ ကို ရှောင်ရှားတာကြောင့် လေဖြတ်တာ မဖြစ်အောင် ကာကွယ် နိုင်တယ်လို့ သုတေသီတွေက ဆိုပါတယ်။

ပိုတက် စီယမ် မြင့်မားစွာ ပါဝင်တဲ့ သစ်သီးတွေဟာ ကြွပ်ကြွတဲ့ အဆာပြေ အစာတွေကို ရှောင်တာကြောင့် ဆားရရှိမှု နည်းသလိုမျိုး သွေးဖိအားကို ကျဆင်းစေနိုင်တယ်လို့ သိရပါတယ်။ ယခင်က လေ့လာမှုတွေအရ အသက်ကြီးသူတွေ အနေနဲ့ ပိုတက်စီယမ် မြင့်မားစွာပါဝင်တဲ့ အစာစားရင် အန္တရာယ်ရှိတယ်လို့ သိရပါတယ်။

သူတို့ရဲ့ ကျောက်ကပ်ဟာ ပိုလျှံနေတဲ့ သွေးတွင်းက ပိုတက် စီယမ်ကို ဖယ်ရှားနိုင်စွမ်း လျော့နည်းနေတာကြောင့် ဆိုပါတယ်။

ယခုလေ့လာမှုအရ ပိုတက်စီယမ်ဟာ ကျောက်ကပ် လုပ်ဆောင်ချက်အတွက် ထိခိုက်မှု မရှိဘူး လို့ တွေ့ရှိထားပါတယ်။

ပိုတက်စီ ယမ် မြင့်မားစွာ ပါဝင်တဲ့ အသီးတွေထဲမှာ ငှက်ပျော်သီးလည်း ပါဝင်ပါတယ်။ ငှက်ပျောသီး တစ်လုံးမှာ ပိုတက်စီယမ် ၄၂၀ မီလီဂရမ် ပါဝင်ပြီး လူကြီး တစ်ယောက်အတွက် နေ့စဉ် ပိုတက်စီယမ် လိုအပ်ချက်ပမာဏ ၃၅၀၀ မီလီဂရမ် ဖြစ်ပါတယ်။

လေးပတ်တာလောက် ဆားလျှော့စားတာကြောင့် သွေးဖိအား ကျဆင်းြ ပီး လေဖြတ်တာနဲ့ နှလုံးတိုက်ခိုက်ခံ ရနိုင်ခြေ လျော့ကျသွားတယ်လို့ လေ့လာမှုအရလည်း တွေ့ရှိထားပါတယ်။

ဆားလျှော့ စားပြီး ငှက်ပျော်သီးနဲ့ ဟင်းနု နယ်ရွက်လို ပိုတက် စီယမ် မြင့်မားစွာပါဝင်တဲ့ အစာစားတာကြောင့် သွေးဖိအား ထိန်းချုပ်နိုင်ပြီး လေဖြတ်တ မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။

Read times
Rate this item
(0 votes)