What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 10 August 2022 14:19

နောက်ကျော နာကျင်ရခြင်း

ကျောရိုးတွင် ပြောင်းလွယ်ပြင်လွယ်သော ချိတ်ဆက်မှုများဖြင့် အချင်းချင်းချိန်ဆက်တဲ့ အရိုးပေါင်း ၂၄ ချောင်းပါဝင်တဲ့အပြင် နံရိုးတစ်စုံကြားတွင် ဆွဲဆုတ်ထားတဲ့ ကြွက်သားအပြားအချများ ပါဝင်ပါတယ်။

ကျောရိုးရှိ သတ္တဝါများတွင် ကျောရိုးများကို ပုံစံ၃မျိုးဖြင့် ဖွဲ့စည်းထားပါတယ်။ ကျောရိုးများ ညီအမျှဖို့ နဲ့ ခန္ဓာကိုယ် လှုပ်ရှားမှုများကို ခါးအဆစ်က ထောက်ပံ့ပေးပါတယ်။ ခါးရိုးများက ကျောရိုးတစ်လျှောက် အလေးချိန်ကို ညီမျှအောင်ထိန်းညိုပေးပြီး ကျောရိုးနာကျင်ခြင်းဖြစ်ပေါ်ခြင်းကို လျော့ချပေးပါတယ်။

ကျောကိုဖြောင့်ဖြောင့်ထားပြီး လေ့ကျင့်ခန်းလုပ်တာ ၊ ပုံမှန်လေ့ကျင့်ခန်းလုပ်ပေးခြင်းက ကျောရိုးရောင်ရမ်းခြင်း နဲ့ ကျောရိုးနာကျင်ခြင်းများကို လျော့ချနိုင်ပါတယ်။ အလေးချိန်ကို ၁၀ ပေါင်အထက် မ ပေးခြင်းက ကျောရိုးနာကျင်မှုကို ပိုပြီးဖြစ်ပေါ်စေနိုင်ပါတယ်။

telegram1.jpg

ဆေးလိပ်သောက်တာကလည်း ကျောရိုးရှိ ကြွက်သားများကြား သွေးစီးဆင်းမှုများကို အဟန့်တာဖြစ်စေနိုင်တဲ့အတွက် ဆေးလိပ်သောက်ခြင်း မှရှောင်ကျဉ်တာ ၊အိပ်စက်ချိန် ခန္ဓာကိုယ ်အနေအထားမှန်ကန်စွာထားပြီး အိပ်စက်တာ ၊ အလေ့အပင်မချိန်များတွင် ဒူးမကွေးဘဲ ၊ ခါးကုန်းပြီးမ တာက ကျောရိုးကိုထိခိုက်စေပါတယ်။ ဒါ့အပြင် ဒေါက်မြင့်ဖိနပ်များစီးတာ ၊ ဘောင်ဘီအကျပ်များဝတ်ဆင်တာ၊ လေးလန်သော လွယ်အိပ် လွယ်ခြင်းမှ ရှောင်ကျဉ်ခြင်းဖြင့် ကျောရိုးနာခြင်းကို သက်သာစေနိုင်ပါတယ်။

ကျောရိုးနာကျင်ခြင်းကြောင့် ကျောရိုးများကြားရှိကြွက်သားများကို ပျက်စီးစေတာ ၊ အချင်းချင်းချိတ်ဆက်တာတဲ့ ကျောရိုးများကို ပျက်စီးစေတာ ၊ အရိုးပွာခြင်းဖြစ်ပေါ်တာ ၊ကျေားရိုးချော်တာ စတာများဖြစ်ပေါ်စေနိုင်ပါတယ်။ ကျောရိုးနာခြင်းကို ပုံမှန်လေ့ကျင်းခန်းလုပ်တာ ၊ ဓာတ်မှန်ရိုက်စစ်ဆေးတာ ၊ အရောင်ကျဆေးများသောက်သုံးတာ ၊ နာကျင်သက်သာစေတဲ့ ဆေးများသောက်သုံးတာ ၊ လိမ်းဆေးများလိမ်းတာ နဲ့ ခွဲစိတ်တာများကို အရိုအကြောအထူးကုဆရာဝန်များနဲ့ ပြသကုပြီး သမှုခံယူနိုင်ပါတယ်။

Written By Health Products Directory

telegram.jpg

Read times
Rate this item
(0 votes)