What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Saturday, 13 August 2022 13:54

Johnson & Johnson က talc ကလေးပေါင်ဒါ ထုတ်လုပ်ရောင်းချခြင်း ရပ်ဆိုင်းမည်

Johnson & Johnson  က talc ကလေးပေါင်ဒါ ထုတ်လုပ်ရောင်းချခြင်း ရပ်ဆိုင်းမည်

Johnson & Johnson (J&J) သည်  talc အခြေပြု ကလေးပေါင်ဒါကို လာမည့်နှစ်မှစ၍ ကမ္ဘာတစ်ဝှမ်းတွင် ထုတ်လုပ်ရောင်းချခြင်းကို ရပ်ဆိုင်းတော့မည်ဖြစ်သည်။

talc ဟု အတိုကောက်အားဖြင့် ပြောဆိုကြသည့် Talcum အမှုန့်သည်အဓိကအားဖြင့်မဂ္ဂနီစီယမ်နှင့် silica များမှအဓိကအားဖြင့်ဟိုက်ဒရိုဂျင်နှင့်အောက်ဆီဂျင်နှင့်ပေါင်းစပ်ဖွဲ့စည်းထားသောတွင်းထွက်ပစ္စည်းများဖြင့်ဖွဲ့စည်းထားသောအော်ဂဲနစ်ဒြပ်ပေါင်းတစ်ခုဖြစ်သည်။ ၎င်းသည်ရေကိုစုပ်ယူနိုင်သောကြောင့်အဓိကအားဖြင့်ခြောက်သွေ့ခြင်းနှင့်ဖြန့်ဖြူးခြင်းဆန့်ကျင်သောအရာအဖြစ်အသုံးပြုသည်။[1]Talc သည်အလှကုန်ပစ္စည်းများနှင့်အခြားတစ်ကိုယ်ရေသုံးပစ္စည်းများအတွက်အစိုဓာတ်ကိုစုပ်ယူရန်အသုံးပြုသည်။

ကျန်းမာရေးစောင့်ရှောက်မှုကုမ္ပဏီကြီး Johnson & Johnson  သည် အမေရိကန်နိုင်ငံတွင် talc အခြေပြု ကလေးပေါင်ဒါ ရောင်းချမှု ရပ်ဆိုင်းပြီးနောက် ၂ နှစ်ကျော်အကြာတွင် ယခုကြေငြာချက်ထွက်ပေါ်လာခြင်း ဖြစ်ပါသည်။ 

J&J သည် ၎င်း၏ talcum မှုန့်များတွင် asbestos ပါဝင်ပြီး သားအိမ်ကင်ဆာဖြစ်ပွားစေသည်ဟု စွပ်စွဲသော အမျိုးသမီးများ၏ ထောင်ပေါင်းများစွာသော တရားစွဲဆိုမှုများနှင့် ရင်ဆိုင်နေရသည်။

သို့သော် ဆယ်စုနှစ်များစွာ ကုမ္ပဏီဩဇာညောင်းခြင်းမှ လွတ်လပ်သော သုတေသနပြုချက်များအရ  talc အခြေပြု ကလေးပေါင်ဒါ သည် အသုံးပြုရန် ဘေးကင်းကြောင်း ကုမ္ပဏီက ၎င်း၏အမြင်ကို ထပ်လောင်းပြောကြားခဲ့သည်။

"ကမ္ဘာတစ်ဝှမ်းရှိ  သုံးသပ်အကဲဖြတ်မှုများ၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် ပြောင်းဖူးမှုန့်အခြေခံ ကလေးပေါင်ဒါမှုန့်သို့ ကူးပြောင်းရန် စီးပွားရေးအမြင်ဖြင့် ဆုံးဖြတ်ချက်ချလိုက်ပြီ" ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြောင်းဖူးမှုန့်အခြေခံ ကလေးပေါင်ဒါကို ကမ္ဘာတဝှမ်းရှိ နိုင်ငံများတွင် ရောင်းချနေပြီ ဖြစ်ကြောင်းလည်း ကုမ္ပဏီမှ ပြောကြားသည်။

တရားရေးဆိုင်ရာ အမှုအခင်းများစွာကြားတွင် ထုတ်ကုန်၏ ဘေးကင်းမှုနှင့်ပတ်သက်၍ စွပ်စွဲထားသော "သတင်းမှားများ" များ ဂယက်ထသဖြင့် ၀ယ်လိုအားကျဆင်းသွားသည့်အတွက်ကြောင့် ၎င်း၏ talc ကလေးပေါင်ဒါကို အမေရိကန်နှင့် ကနေဒါတို့တွင် ရောင်းချခြင်းကို ရပ်တန့်သွားမည်ဖြစ်ကြောင်း ၂၀၂၀ ခုနှစ်တွင် J&J က ပြောကြားခဲ့သည်။ ယူကေအပါအဝင် အခြားကျန်သည့် နိုင်ငံများတွင် ဆက်လက် ရောင်းချမည်ဟုလည်း အသိပေးပြောကြားခဲ့သည်။

Talc ကို မြေကြီးမှ တူးဖော်ရရှိပြီး ကင်ဆာဖြစ်စေနိုင်သော ပစ္စည်းတစ်ခုဖြစ်သည့် Asbestos နှင့် နီးစပ်သော ကျောက်အကျောများတွင် တွေ့ရှိရသည်။ Asbestos  က ကင်ဆာဖြစ်ပွားစေတတ်သည်။

ထိုသို့ တူးဖော်ရယူသည့် Talc တွင် Asbestos  ရောနှောပါဝင်နေတတ်သည်ဖြစ်ရာ ကလေးပေါင်ဒါတွင်လည်း Asbestos ပါလာသည်ဟု စွပ်စွဲခံရသည်။ 

J&J ၏ ကုမ္ပဏီတွင်း ဓာတ်ခွဲခန်းတွင် ကုန်ကြမ်း Talc မှုန့်ကို စစ်ဆေးသည့်အခါ asbestos အနည်းအကျဉ်း ပါနေသည်ကို တွေ့ရှိခဲ့သော်လည်း ထုတ်ပြန်ကြေညာခြင်း မပြုဟု Reuters သတင်းတွင် ဖော်ပြခဲ့သည်။ 

J&J သည် ၎င်း၏လုပ်ငန်းခွဲတစ်ခုအဖြစ်  LTL Management ကို ဖန်တီးပြီး  talc  တရားစွဲဆို အရေးဆိုမှုများကို LTL Management အား တာဝန်ပေးအပ်ခဲ့သည်။ LTL Management က နောက်ပိုင်းတွင် ဒေဝါလီခံ လိုက်ရာ တရားစွဲဆိုမှုများ ရှေ့ဆက်မရတော့ဘဲ ဆိုင်းငံ့အဖြစ် ရပ်ဆိုင်းသွားခဲ့သည်။ 

ဧပြီလတွင် talc ကလေးပေါင်ဒါကို ကမ္ဘာလုံးဆိုင်ရာ ရောင်းချမှု အဆုံးသတ်ရန် တောင်းဆိုသည့် ရှယ်ယာရှင်များ၏ အဆိုပြုချက် မအောင်မြင်ခဲ့ပေ။

Johnson's Baby Powder ကို နှစ်ပေါင်း ၁၃၀ နီးပါး ရောင်းချခဲ့ပြီး ကုမ္ပဏီ၏ မိသားစုတိုင်းနီးပါး သုံးစွဲသော ပစ္စည်းသင်္ကေတတစ်ခု ဖြစ်လာခဲ့သည်။ ကလေးငယ် အနှီးစ ပွန်းလောင်သဖြင့် အရေပြား အနီကွက်ထခြင်းမှ ကင်းဝေးစေရန် Johnson's Baby Powder ကို  လိမ်းပေးကြသည်။ 

#MyanmarHealthGuide

Telegram Channel https://t.me/Guid4U

Source: cbsnews

Johnson & Johnson  ထုတ်ပြန်ကြေညာချက် see more

 

 

Read times
Rate this item
(0 votes)