What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 04 October 2022 14:26

ညဘက် အိပ်ရေးဝဝ အိပ်ပျော်ချင်သူများအတွက် ဆောင်ရန်၊ ရှောင်ရန်နည်းလမ်းများ

ညဘက် အိပ်ရေးဝဝ အိပ်ပျော်ချင်သူများအတွက် ဆောင်ရန်၊ ရှောင်ရန်နည်းလမ်းများ Google.com

ညဘက်ကောင်းကောင်းအိပ်ပျော်ချင်သူများအတွက် ဆောင်ရန်၊ ရှောင်ရန်နည်းလမ်းကောင်းများကို ဖော်ပြပေးလိုက်ပါတယ်။

 

ညဉ့်နက်ချိန်တွင် အစာများများစားခြင်း

ညနေစာကို စောစီးစွာ စားသုံးခြင်းက အိပ်စက်ခြင်းအတွက် သင့်တင့်တဲ့ အကျိုးကျေးဇူးဖြစ်စေပါတယ်။ ဒါပေမယ့် ညဉ့်အလွန် နက်ချိန်မှာ အစာများများစားလေ သင့်ခန္ဓ္ဓ္ဓာကိုယ်ရဲ့ လုပ်ငန်းလည်ပတ်မှုတွေကို ဖိအားပေးလေဖြစ်စေပါတယ်။

 

အိပ်ခါနီး ဖုန်းမကြည့်ပါနဲ့

လူတိုင်းဟာ အိပ်ခါနီးရောက်တိုင်း ဖုန်းအသုံးပြုပြီးမှာ အိပ်စက်ကြတာများပါတယ်။ ဖုန်းအကြည့်များလွန်း တာကြောင့် မျက်လုံးများကြောင်ပြီး အိပ်ချင်စိတ်များကို ဟန့်တားစေနိုင်ပါတယ်။ ထို့ကြောင့် ကောင်းကောင်း အိပ်ပျော်စေရင်တော့ အိပ်ခါနီးတိုင်းမှာ ဖုန်းလုံးဝလုံး၀ မသုံးပါနဲ့။

 

ရေသောက်ခြင်း

ရေက ခန္ဓ္ဓ္ဓာကိုယ်အတွက် အဆိပ်အတောက်ကင်းစေသလို ကျန်းမာရေးအတွက် ကောင်းမွန်ပါတယ်။ ဒါပေမယ့် ညအိပ် ခါနီး ရေကို အလွန်အကျွံသောက်ခြင်းက ကောင်းကောင်းအိပ်ပျော်ဖို့ အခက်အခဲဖြစ်စေပါတယ်။ အိပ်ခါနီး ရေအလွန်အကျွံသောက်ခြင်းကြောင့် ဆီးအိမ်အလုပ်လုပ်ဖို့ တွန်းအားဖြစ်စေပြီး ရေအိမ်မကြာခဏဝင် ရခြင်းကြောင့်ပါ။

 

ငရုတ်သီး

ငရုတ်သီးကတော့ ကောင်းကောင်းအိပ်ပျော်ချင်တဲ့သူတွေ အိပ်ရာဝင်ခါနီးအချိန်မှာ စားသုံးခြင်းကို ရှောင်ရမှာပါ။ ငရုတ်သီးရဲ့ သဘာဝအတိုင်း ပူလောင်မှုကြောင့် ငရုတ်သီး သို့မဟုတ် ငရုတ်သီးပါဝင်တဲ့ ဟင်းခတ်အမွှေး အကြိုင်သုံးထားတဲ့ အစားအစာတွေဟာ အိပ်မက်ဆိုးမက်ဖို့လှုံ့ဆော်မှုတွေဖြစ်စေပါတယ်။

 

ပန်းမုန်လာအမျိုးအနွယ်များ

ပန်းမုန်လာလို အစာချေစနစ်ကို နှေးကွေးစွာပဲ အလုပ်လုပ်စေတဲ့ အမျှင်ဓာတ်ကြွယ်ဝတဲ့ အသီးအရွက်နဲ့ အစားအစာတွေကို အိပ်ချိန်နဲ့နီးကပ်ချိန်မှာစားသုံးတာက ညဘက်မှာ ခန္ဓ္ဓ္ဓာကိုယ်ရဲ့ အစာချေစနစ်ကို ကောင်းစွာအလုပ်လုပ်စေပါတယ်။

 

ကဖိန်းဓာတ် 

ညအိပ်ရာဝင်ခါနီးအချိန်မှာ ကဖိန်းဓာတ်ပါဝင်တဲ့ အစားအစာများကို မစားသုံးသင့်ပါဘူး။ ဒါပေမယ့် ည ၁၂နာရီ နောက်ပိုင်းမှာတော့ ကဖိန်းဓာတ်ကို စားသုံးပေးခြင်းက နောက်ထပ် ၁၂နာရီအတွက် လုပ်ငန်းစွမ်းဆောင်ရည် တွေမြင့် တက်စေနိုင်ပါတယ်။

Read times
Rate this item
(0 votes)