What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 18 October 2022 15:13

သင်မသိသေးသော ကျန်းမာရေး လျှို့ဝှက်ချက်များ

ပန်းဂေါ်ဖီစိမ်း၊ ဟင်းနုနယ်စတဲ့ အသီးအရွက်တွေက ကျန်းမာရေးနဲ့ ညီညွတ်စေတဲ့ အစားအစာတွေဆိုတာ သိထားပေမယ့် ရိုးရှင်းလွန်းတာကြောင့် အမြဲတမ်း ဒါတွေကိုပဲ စားဖို့ မဖြစ်နိုင်ပါဘူး။ ထပ်မံလေ့လာထားတဲ့ သုတေသနပြုချက်တွေအရ အောက်ပါ အစားအစာတွေကို စားသုံးပေးတာက သင့်ကျန်းမာရေးကို အံ့အားသင့်စရာ ကောင်းလောက်အောင် ကူညီပေးနိုင်တာကို တွေ့ရှိခဲ့ပါတယ်။

 

နှလုံးကျန်းမာစေသော လျှို့ဝှက်ချက်

ပဲသုပ် စားပေးပါပဲမှာ

ပျော်ဝင်နိုင်တဲ့ အမျှင်ဓာတ်တွေ များစွာပါဝင်ပြီး အူထဲမှာရှိတဲ့ ကလက်စထရောတွေကို ပေါင်းလိုက်ကာ ခန္ဓာကိုယ်အပြင်ဘက်ကို စွန့်ပစ်ပစ္စည်းအဖြစ် ထုတ်ပါတယ်။ ဒါ့အပြင် ပဲမှာပါတဲ့ ကစီဓာတ်က ခန္ဓာကိုယ်မှ ဓာတ်တစ်မျိုးကို ထုတ်စေပြီး ကိုလက်စထရောအသစ် ဖြစ်ပေါ်မှုကို ဟန့်တားပေးပါတယ်။

 

ရင်သားကို အကာအကွယ်ပေးသော လျှို့ဝှက်ချက်

ကန်စွန်းဥထောင်းစားပါ

ဘီတာကယ်ရိုတင်းက ဆဲလ်ဒီအန်အေကို ကင်ဆာဖြစ်စေတဲ့ ဓာတ်တွေ ဖျက်ဆီးမှုမှ ကာကွယ်ပေးပါတယ်လို့ သုတေသီတွေက ရှင်းပြပါတယ်။ သုတေသီတွေက မျောက်ဥမှာကော ကန်စွန်းဥလို ဘီတာကယ်ရိုတင်း ပါဝင်မှုကို လေ့လာခဲ့ပါတယ်။ မျောက်ဥထက် ကန်စွန်းဥမှာ ဘီတာကယ်ရိုတင်း ပါဝင်မှု အဆ ၂၀၀ ကျော် ပိုမိုတယ်လို့ ဆိုပါတယ်။

 

စိတ်ခံစားမှု မြှင့်တင်ပေးနိုင်သော လျှို့ဝှက်ချက်

အသားစားပါ

အဆီဖယ်ထားတဲ့ အသားစားသုံးပါက ရရှိလာတဲ့ ပရိုတင်းဓာတ်တွေက စိတ်ခံစားမှု ကောင်းစေပြီး နိုးကြားတက်ကြွစေတဲ့ ဒိုပါမင်းဟော်မုန်းပမာဏကို မြှင့်တင်ပေးတယ်လို့ အစားအစာနဲ့ စိတ်အကြောင်း စာအုပ်ရေးသားသူ Elizabeth Somer က ပြောပါတယ်။ အဆီဖယ်ထားတဲ့ အမဲသား စားသုံးပါက သင့်ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဗီတာမင် ဘီစစ်နဲ့ ဘီတွဲ ပမာဏရဲ့ ၇၅ ရာခိုင်နှုန်းကို ရရှိစေပါတယ်။ ဒီဗီတာမင်တွေက အာရုံကြော လုပ်ငန်းဆောင်တာတွေကို တိုတက်ကောင်းမွန်စေပြီး စိတ်ဖိစီးမှုကို လျှော့ချပေးပါတယ်။

 

အရိုးအဆစ် နာကျင်မှုများမှ သက်သာစေသော လျှို့ဝှက်ချက်

ငရုတ်သီးစားပါ

ငရုတ်သီးကနေ ရရှိနိုင်တဲ့ ဗီတာမင်စီက အင်တီအောက်ဆီးဒင့် တစ်မျိုးဖြစ်ပြီး တွယ်ဆက်တစ်သျှူးတွေကို free radical တွေရဲ့ ပျက်စီးမှုမှ ကာကွယ်ပေးပြီး ကိုလာဂျင်အသစ် ဖြစ်ပေါ်စေပါတယ်။ အသစ်ဖြစ်ပေါ်လာတဲ့ ကိုလာဂျင်တွေကြောင့် အရိုးအဆစ်တွေအပေါ် သက်ရောက်တဲ့ ယို့ယွင်းမှုတွေကို လျော့နည်းစေပါတယ်။

 

အယ်လ်ဇိုင်းမား ရောဂါမဖြစ်အောင် ကာကွယ်နိုင်သော လျှို့ဝှက်ချက်

ကော်ဖီသောက်ပါ

ကော်ဖီမှာပါဝင်တဲ့ အင်တီအောက်ဆီးဒင့်က ဦးနှောက်ဆဲလ်တွေရဲ့လုပ်ဆောင်မှုကို အားပေးပြီး ဦးနှောက်သွေးကြောတွေထဲမှာ ဒုက္ခဖြစ်စေတဲ့ သွေးခဲဖတ်တွေ ဖြစ်ပေါ်မှုကို တားဆီးပေးပါတယ်။ လေ့လာမှုမှာ တွေ့ရှိချက်အရ ကက်ဖင်းဓာတ်က ဦးနှောက်ကို ထိခိုက်မှုဖြစ်စေတဲ့ အဆိပ် အရေအတွက်ကိုလည်း လျှော့ချပေးပြီး သက်ကြီးသတိမေ့ရောဂါ မဖြစ်အောင်လည်း ကာကွယ် ပေးနိုင်ပါတယ်။

 

အဆုတ်ကျန်းမာစေသော လျှို့ဝှက်ချက်

အစေ့အဆန်စားပါ

အစေ့အဆန်တွေမှာ ပါဝင်တဲ့ ဒြပ်ပေါင်းတွေက အဆုတ်ကင်ဆာ ဖြစ်ပွားမှုကို လျှော့ချပေးနိုင်ပါတယ်လို့ Texas မှ သုတေသီတွေက ပြောပါတယ်။ အစေ့အဆန်တွေမှာ များစွာပါဝင်တဲ့ ဗီတာမင်အီးက ကင်ဆာရောဂါ ဖြစ်ပွားမှုကို တွန်းလှန် ကာကွယ်နိုင်ပါတယ်။

 

ခုခံအား မြင့်တက်စေသော လျှို့ဝှက်ချက်

ပျားရည်သောက်ပါ

ပျားရည်မှာ ပါဝင်တဲ့ အင်တီအောက်ဆီးဒင့်တွေက ခုခံအားကို မြှင့်တင်ပေးပြီး ခန္ဓာကိုယ်တွင်း ပိုးမွှားတွေ ဝင်ရောက်မှုမရှိအောင် ကာကွယ်ပေးနိုင်ပါတယ်။ ပျားရည်မှာ ပိုးသတ်အာနိသင်နဲ့ ရောင်ရမ်းမှု လျော့နည်းစေတဲ့ အာနိသင်တွေ ရှိတာကြာင့် ပိုးမွှားကူးစက်မှုကို တားဆီးနိုင်ပြီး ရောဂါခံစားရခြင်းမှ ကင်းဝေးစေပါတယ်။

 

ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)

Read times
Rate this item
(0 votes)