ကမ္ဘာ့ဖလား ဘောလုံးပွဲ ပရိသတ် ကိုဗစ် ဆေးစစ်ချက် မလိုအပ်ဟု ကာတာ ပြင်ဆင်ပြဋ္ဌာန်း
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
ကမ္ဘာ့ဖလား ဘောလုံးပွဲ အိမ်ရှင် ကာတာနိုင်ငံသို့ သွားရောက်ဖို့ မထွက်ခွာမီ Covid-19 စစ်ဆေးမှုခံယူပြီး negative ဆေးစစ်ချက် ရလဒ် ရရှိရန် လိုအပ်ချက်ကို ပယ်ဖျက်လိုက်ကြောင်း ၎င်း၏ကျန်းမာရေးဝန်ကြီးဌာနက အောက်တိုဘာ ၂၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။
.
ကာတာသည် ကမ္ဘာ့ဖလားပွဲသို့ တက်ရောက်သည့် ပရိသတ်များအား ၎င်းတို့ ကာကွယ်ဆေးထိုးသည့်အခြေအနေ မည်သို့ပင်ရှိစေကာမူ negative ဆေးစစ်ချက် ရလဒ် အထောက်အထားကို ကာတာနိုင်ငံသို့ ပြည်အဝင်တွင်ပြရမည်ဟု ယခင်က ပြောကြားခဲ့ဖူးသည်။
.
ကာတာသည် နိုဝင်ဘာ ၂၀ ရက်မှ ဒီဇင်ဘာ ၁၈ ရက်အထိ ကမ္ဘာဖလားဘောလုံးပွဲ ကျင်းပနေသည့် ကာလအတွင်း ကာတာနိုင်ငံအဖို့ မကြုံစဖူး ဧည့်သည် ၁.၂ သန်း လာရောက်ရန် မျှော်မှန်းထားသည်။
Source Asia One
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U