ထိုင်း ဆေးကုဗီဇာအသစ် နှစ်ဆန်း ၁ ရက် စတင်မည်
TO GET INSTANT UPDATE  
Join Telegram Channel 
https://t.me/Guid4U
ထိုင်းနိုင်ငံသည် ဒေသတွင်း၌ ဆေးဘက်ဆိုင်ရာအချက်အချာတစ်ခုအဖြစ် ၎င်း၏ရပ်တည်ချက်ကို ခိုင်မြဲစေရန် ၂၀၂၃ ဇန်နဝါရီ ၁ ရက်တွင် ဆေးကုသခွင့်ဗီဇာအသစ်ကို စတင်ရန် စီစဉ်ထားသည်။
ဗီဇာအမျိုးအစားသစ်ကို လာမည့်နှစ် ဇန်န၀ါရီလ ၁ ရက်နေ့တွင် စတင်ရန် ဆက်နွှယ်နေသည့် အစိုးရဌာနများ အဆင်သင့်ဖြစ်နေစေရန် အစစအရာရာ ကြိုတင်စီစဉ်ထားကြောင်း လက်ထောက်အစိုးရပြောရေးဆိုခွင့်ရှိသူ Tipanan Sirichana က ပြောကြားခဲ့သည်။
.
ဆေးကုသခွင့်ဗီဇာ လျှောက်ထားသူများအတွက် အခကြေးငွေ ဘတ် ၆,၀၀၀ မှ ၅,၀၀၀ ဘတ်သို့ လျှော့ချရန် အစိုးရအဖွဲ့မှ အတည်ပြုခဲ့သည်။
ထိုင်းနိုင်ငံတွင် ဆေးကုသမှု ခံယူမည့်သူအတွက် ဆေးကုသဗီဇာအသစ်သည် အကြိမ်ကြိမ် ပြည်ဝင်ခွင့် ဗီဇာ ဖြစ်ပြီး တစ်နှစ်သက်တမ်းရှိသည်။
တစ်ကြိမ်ဝင်ရောက်သည့်အခါ ထိုင်းနိုင်ငံတွင် ရက်ပေါင်း ၉၀ နေထိုင်ခွင့် ရရှိမည်။ အတူလိုက်ပါလာသူ မိသားစုဝင် ၃ ဦးအထိ ခွင့်ပြုသည်။
ထိုင်းနိုင်ငံတွင် ရောက်ရှိနေသည်မှာ ရက်ပေါင်း ၉၀ ပြည့်ချိန်တွင် ဆက်လက်၍ ကုသမှုခံယူရန် လိုအပ်ပါက လူဝင်မှုကြီးကြပ်ရေးအာဏာပိုင်များထံ အစီရင်ခံရမည်။ နောက်ထပ် ရက်ပေါင်း ၉၀ ပြည့်တိုင်းတွင်လည်း မပျက်မကွက် အစီရင်ခံရမည်။
ထိုင်းနိုင်ငံတွင် စရိတ်စကများ ပေးချေနိုင်ရန် ဗီဇာရယူထားသူတွင် အနည်းဆုံး ဘတ် ၈ သိန်း ရှိရမည်။
မတော်တဆ ထိခိုက်မှု အာမခံ၊ Covid-19 အာမခံ ပေါ်လစီများသည် လျော်ကြေးအနည်းဆုံး ကန်ဒေါ်လာ ၁ သိန်း(ဘတ် ၃ သန်း) ဖြစ်ရမည်။
အသက်အရွယ် ကြီးရင့်ခြင်းကို ဆန့်ကျင်ခြင်းဆိုင်ရာကုသခြင်း နှင့် ပြန်လည်လန်းဆန်းခြင်းဆိုင်ရာ ကုသမှု၊ သွေးကြောကျဉ်းရောဂါ၊ ကင်ဆာ၊ သွားနှင့်ခံတွင်းဆိုင်ရာ စောင့်ရှောက်မှုနှင့် အလှပြင်ခွဲစိတ်မှု အစရှိသည့် ကုသမှု အမျိုးအစားများလည်း အကျုံးဝင်သည်။
.
ထိုင်းနိုင်ငံသည် လက်ရှိတွင် ခရီးသွားဧည့်သည်များကို ခရီးသွားသူဗီဇာ tourist visa သို့မဟုတ် ရွှေ့ပြောင်းနေထိုင်သူမဟုတ်သော ဗီဇာ non-immigrant visa လျှောက်ထားရယူပြီး ဆေးကုသမှုခံယူရန် ခွင့်ပြုထားသည်။
.
ဗီဇာအသစ်တွင် အကျုံးမဝင်သည့် နိုင်ငံများမှာ ပင်လယ်ကွေ့ ပူးပေါင်းဆောင်ရွက်ရေးကောင်စီ အဖွဲ့ဝင် ၆ နိုင်ငံ (ဘာရိန်း၊ ကူဝိတ်၊ အိုမန်၊ ကာတာ၊ ဆော်ဒီအာရေဗျနှင့် အာရပ်စော်ဘွားများ ပြည်ထောင်စု)၊ တရုတ်၊ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် ဗီယက်နမ်နိုင်ငံတို့ဖြစ်ပြီး တစ်နှစ်သက်တမ်း အကြိမ်ကြိမ် ပြည်ဝင်ခွင့် ဗီဇာ မရနိုင်ပါ။ ဗီဇာ တစ်ခါယူလျှင် တစ်ကြိမ်သာ ပြည်ဝင်ခွင့် ရရှိပါမည်။
Source Bangkokpost
TO GET INSTANT UPDATE
Join Telegram Channel 
https://t.me/Guid4U


							





