What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 25 November 2022 10:08

လမ်းလျှောက်ခြင်းဖြင့် ကြွက်သားမျာ သန်မာစေနိုင်သည်။

မိမိတို့ရဲ့ ခန္ဓာကိုယ်မှာအဆီပိုတွေ မရှိတော့ဘူးဆိုရင် ကြွက်သားတွေကလည်း ပိုမိုပေါ်လွင်လာပြီး သန်မာလာမှာဖြစ်ပါတယ်။ ဒီလိုဖြစ်ချင်တယ်ဆိုရင်တော့ တစ်ရက်ကိုခြေလှမ်းရေ ၁၀၀၀၀ လောက်လျှောက်ပေးရုံနဲ့တင် ရရှိနိုင်ပါတယ်။

ဒီထက်ပိုပြီး ပြင်းထန်တဲ့ လေ့ကျင့်ခန်းမျိုးလိုချင်တယ်ဆိုရင်တော့ တောင်တက်လမ်းလျှောက်ခြင်းကိုလည်း ကြိုးစား ကြည့်သင့်ပါတယ်။ ဒါ့အပြင် စက္ကန့် ၃၀မှ ၁မိနစ်၊ ၂ မိနစ်အထိ ခပ်မြန်မြန်လမ်းလျှောက်ပြီး ပုံမှန်လမ်းပြန်လျှောက်ခြင်း၊ အဲ့ဒီနောက်ခပ်မြန်မြန်ပြန်ပြီး လမ်းလျှောက်ခြင်းလိုမျိုး လေ့ကျင့်ခန်းတွေကလည်း ထိရောက်မှုရှိလှပါတယ်။

လမ်းလျှောက်ခြင်းဟာ သင့်ခန္ဓာကိုယ်တစ်လျှောက်မှာရှိတဲ့ ကြွက်သားတွေရဲ့ တင်းအားကို တိုးမြင့်စေတာသာဖြစ်ပါတယ်။ လမ်းလျှောက်ခြင်းဟာ ပြင်းထန်တဲ့ လေ့ကျင့်ခန်းမဟုတ်တဲ့အတွက် ကြွက်သားတွေနာကျင်ခြင်းမရှိစေပါဘူး။ ဒါ့‌ကြောင့် အနာတရဖြစ်တာမျိုး၊ နောက်တစ်ခေါက် လမ်းလျှောက်ဖို့အတွက် ကြွက်သားတွေနာလို့ မလျှောက်နိုင်တာမျိုးလည်း မဖြစ်စေပါဘူး။

 

 

Ref: ရတနာပုံ

Read times Last modified on Friday, 25 November 2022 10:42
Rate this item
(0 votes)