ကြက်ဥအစိမ်းစားခြင်းနှင့် သေစေနိုင်သည့် အစာအဆိပ်သင့်ပိုး အန္တရာယ်
TO GET INSTANT UPDATE  
Join Telegram Channel 
https://t.me/Guid4U
ထိုင်းနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန (FDA) မှ အစာအဆိပ်သင့်ပိုး salmonella ဘက်တီးရီးယားများ ပါဝင်သော ကြက်ဥ အစိမ်းစားခြင်းကြောင့် တစ်နှစ်လျှင် လူ ၃၀ ဦး အသက်ဆုံးရှုံးရကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
ကြက်ဥကို အစိမ်းစားသည့်အခါ ကြက်ဥမှာပါသည့် ပရိုတင်း ၅၁% ကိုသာ ခန္ဓာကိုယ်က စုပ်ယူနိုင်ကြောင်း သုတေသနလေ့လာမှုအရ သိရပါသည်။
သို့ဖြစ်ရာ ကြက်ဉကို အကျက်စားသည်က အစိမ်းစားသည်ထက် ပိုအားရှိစေပါသည်။
ကြက်ဉအစိမ်းဖောက်သောက်လျှင် အားပိုရှိစေသည်ဟု ယူဆကြခြင်းမှာ မမှန်ပါ။
နုနယ်သောကလေးများ၊ ကိုယ်ဝန်ဆောင်များ၊ အိုမင်းသူများ၊ ကိုယ်ခံအားစနစ် အားနည်းနေသူများသည် ကြက်ဥကို အစိမ်းမစားသင့်ပါ။
ကြက်ဥများတွင် ပရိုတင်းများ၊ လက်ဆီသင်၊ လူလူတီယံးး၊ ဇီဇန်သင်း၊ ဗီတာမင် ဘီ၊ ဆီလီနီယမ်၊ ဖော့စဖရပ်နှင့် ဖောလိတ်တို့ ပါဝင်သောကြောင့် ကျန်းမာရေးအတွက် အထောက်အကူပြုပါသည်။ တစ်ရက်လျှင် ကြက်ဥ ၁ လုံးမှ ၃ လုံးအထိ စားသင့်ပါသည်။
ကြက်ဥ ၁ လုံးတွင် ကိုလင်းဓာတ် ၁၄၇ မီလီဂရမ်အထိ ပါဝင်ပြီး ကျန်းမာသော ဦးနှောက်လုပ်ဆောင်ချက်ကို မြှင့်တင်ရန်အတွက် မရှိမဖြစ်လိုအပ်သော အရာတစ်ခုဖြစ်သည်။ ထို့ပြင် နှလုံးနှင့် အသည်း ကျန်းမာရေးကိုလည်း အခောက်အကူပြုပါသည်။
ထိုင်းနိုင်ငံ ဆေးဝါးကွပ်ကဲရေးဌာန (FDA) မှ နှစ်စဉ် လူပေါင်း ၇၉,၀၀၀ ခန့်သည် အစားအသောက်နှင့်ပတ်သက်သော ရောဂါတစ်ခုခုကို ခံစားရပြီး ၎င်းတို့ထဲမှ ၃၀ မှာ ကြက်ဥအစိမ်းများတွင် တွေ့ရသော အစာအဆိပ်သင့်ပိုး salmonella ဘက်တီးရီးယားကြောင့် သေဆုံးခဲ့ရကြောင်း တွေ့ရှိခဲ့သည်။
Salmonella ဘက်တီးရီးယားပိုး လက္ခဏာပြသဖို့ ၂ ရက်အထိ ကြာနိုင်ပါသည်။
အဖြစ်များဆုံး လက္ခဏာများမှာ ဗိုက်နာခြင်း၊ ဝမ်းပျက်ခြင်း၊ ဝမ်းထဲတွင် သွေးပါသွားခြင်း၊ အော့အန်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ပျို့အန်ခြင်း၊ အဖျားတက်ခြင်း၊ တုန်လှုပ်ခြင်းနှင့် အစာစားချင်စိတ် လျော့နည်းခြင်းတို့ ဖြစ်ပါသည်။
လက္ခဏာများသည် ယေဘူယျအားဖြင့် ၂ ရက်မှ ၇ ရက်ကြားတွင် ကြာတတ်သော်လည်း ဝမ်းလျှောခြင်းသည် ၁၀ ရက်ခန့်အထိ ကြာနိုင်ပါသည်။
TO GET INSTANT UPDATE  
Join Telegram Channel 
https://t.me/Guid4U


							





