ထိုင်းနိုင်ငံသို့ လာရောက်သူများအတွက် ပြန်တင်းကျပ်သည့် ကိုဗစ်စည်းကမ်းများ ပြဋ္ဌာန်းမည်
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
ထိုင်းနိုင်ငံသို့ လာရောက်လည်ပတ်သူများသည် ပြန်လည်ပြင်ဆင်ထားသော စည်းမျဉ်းများအရ အနည်းဆုံး Covid-19 ကာကွယ်ဆေး နှစ်ကြိမ်ထားကြောင်း အထောက်အထား ပြသရမည် ဖြစ်သည်။
တရုတ်နိုင်ငံသည် နိုင်ငံအတွင်းသို့ ဝင်လာမည့် ခရီးသည်များအား RT-PCR ဆေးစစ်မှုခံယူပြီး ကိုဗစ်ကင်းရှင်းကြောင်း negative ရလဒ် ရရှိရန် လိုအပ်ကြောင်း ပြဋ္ဌာန်းထားဆဲ ဖြစ်သည်။ တရုတ်နိုင်ငံသည မည်သည့်နိုင်ငံမှမဆို ကိုဗစ်ကင်းရှင်းကြောင်း negative ရလဒ် လိုအပ်ကြောင်း ပြဋ္ဌာန်းထားသည်။ အိန္ဒိယနိုင်ငံသည် ထိုင်း၊ တရုတ်(ဟောင်ကောင်အပါအဝင်)၊ တောင်ကိုရီးယား၊ ဂျပန်နှင့် စင်ကာပူမှ လာသောခရီးသည်များအားလုံး ကိုဗစ်ကင်းရှင်းကြောင်း negative ရလဒ် ရရှိရန် လိုအပ်ကြောင်း ပြဋ္ဌာန်းထားပါသည်။
သို့ဖြစ်ရာ ထိုင်းနိုင်ငံမှ မထွက်ခွာခင် ၄၈ နာရီအတွင်း RT-PCR ဆေးစစ်မှုခံယူပြီး ကိုဗစ်ကင်းရှင်းကြောင်း negative ရလဒ် ရရှိရန် လိုအပ်သည့် နိုင်ငံများသို့ ထိုင်းနိုင်ငံမှ ခရီးဆက်မည့်သူများသည် အကယ်၍ ကိုဗစ်ကူးစက်ခံရပါက ဆေးကုသရန် အာမခံ ထားရှိကြောင်း အထောက်အထား ပြသရမည်ဖြစ်သည်။ အကယ်၍ အဆိုပါ ခရီးသည်သည် positive ရလဒ် ရရှိခဲ့သော် ဆေးကုသရန် ကုန်ကျစရိတ်ကို အာမခံလုပ်ငန်းက ကျခံပေးမည် ဖြစ်သည်။
အဆိုပါ စည်းကမ်းချက်အသစ်များ စတင်သက်ရောက်မည့် ရက်ကို ကြေညာပေးမည် ဖြစ်သည်။
Source bangkokpost
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U