ထိုင်းနိုင်ငံ ဆိုက်ရောက်ခရီးသည် ကိုဗစ်စည်းကမ်းသစ်များ အတည်ပြုပြဋ္ဌာန်း
TO GET INSTANT UPDATE  
Join Telegram Channel 
https://t.me/Guid4U
တနင်္ဂနွေနေ့(ဇန်နဝါရီ ၈) မှစ၍ ထိုင်းနိုင်ငံသို့လာရောက်သူတိုင်းသည် ကာကွယ်ဆေးအပြည့်ထိုးထားသော အထောက်အထား သို့မဟုတ် Covid-19 ရောဂါကူးစက်ခံရပြီး ပြီးခဲ့သည့်ခြောက်လအတွင်း ပြန်လည်ကောင်းမွန်ကြောင်း အထောက်အထားပြရမည်။
ကာကွယ်ဆေးမထိုးရသေးသော ခရီးသွားများသည် အဘယ်ကြောင့် ကာကွယ်ဆေးမထိုးနိုင်ကြောင်း အထောက်အထားရှိရပါမည်။
အတည်ပြုထားသော ကာကွယ်ဆေးများနှင့် လိုအပ်သော ဆေးထိုးကြိမ်ရေ အသေးစိတ်များကို Civil Aviation Authority of Thailand CAAT ဝဘ်ဆိုဒ်တွင် ကြည့်နိုင်ပါသည်။
လေကြောင်းလိုင်းသည် ခရီးသည် တင်ဆောင်ခြင်းမပြုမီ သက်ဆိုင်ရာ စာရွက်စာတမ်းများကို စစ်ဆေးရန် တာဝန်ရှိပြီး မှန်ကန်သော စာရွက်စာတမ်းမရှိသူများကို တားမြစ်ရမည်ဖြစ်သည်။
ခရီးသည်များသည် ထိုင်းနိုင်ငံသို့ ဆိုက်ရောက်သည့်အခါ စာရွက်စာတမ်းများကို ထပ်မံပြသရန် လိုမလို ဆိုသည်ကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။
အကယ်၍ ဆိုက်ရောက်ခရီးသည်က ထိုင်းနိုင်ငံမှ ပြန်လည်ထွက်ခွာသည့်အခါ သွားရောက်မည့် နိုင်ငံတွင် ထိုင်းနိုင်ငံမှ လာသည့်ခရီးသည်ကို RT-PCR test positive ဖြစ်ကို ဖြစ်ရမည်ဟု ပြဋ္ဌာန်းထားပါက ကျန်းမာရေးအာမခံ ထားရှိကြောင်း အထောက်အထား ပြရမည်။ ထိုင်းမှ ၎င်းနိုင်ငံသို့ မထွက်ခွာခင် ဆေးစစ်ချက် positive ဖြစ်ပါက ထိုင်းတွင် ဆေးကုသစရိတ်အတွက် အာမခံ ထားခိုင်းခြင်းဖြစ်သည်။
တနင်္လာနေ့ ထိုင်းဒေသစံတော်ချိန် နံနက် ၁ နာရီမှစ၍ ထိုင်းနိုင်ငံသို့ ဆိုက်ရောက်ခရီးသည်များအပေါ် စတင်သက်ရောက်မည် ဖြစ်ပြီး အနည်းဆုံး လကုန်အထိ ပြဋ္ဌာန်းထားမည်။
Source bangkokpost
TO GET INSTANT UPDATE  
Join Telegram Channel 
https://t.me/Guid4U


							





