ထိုင်ဝမ်နှင့် ထိုင်း FDA က ကိုရီးယား ခေါက်ဆွဲခြောက် အမှတ်တံဆိပ် သိမ်းဆည်း
TO GET INSTANT UPDATE  
Join Telegram Channel 
https://t.me/Guid4U
ထိုင်းနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန Food and Drug Administrationသည် တောင်ကိုရီးယားမှ တင်သွင်းသော ခေါက်ဆွဲခြောက်ခွက် ၃,၀၄၀ ကို ပြန်လည်သိမ်းဆည်းခဲ့သည်။
ပိုးသတ်ဆေး အကြွင်းအကျန်များ ရှိမရှိ စမ်းသပ်ရန် ပြန်လည်သိမ်းဆည်းခြင်းဖြစ်ကြောင်း ကြာသပတေးနေ့ (ဇန် ၂၆)တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။
FDA လက်ထောက်အထွေထွေအတွင်းရေးမှူး Withit Saritdeechaikul က FDA သည် စမ်းသပ်ရန်အတွက် Nongshim Shin Ramyun Black Bowl (Tofu Kimchi) အမှတ်တံဆိပ် အသင့်ပြုတ် စားခေါက်ဆွဲခြောက် ဘူးများကို ပြန်လည်သိမ်းဆည်းခဲ့ကြောင်း သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

အမှတ်တံဆိပ်၏ ဟင်းခတ်အရသာအထုပ်ငယ်တွင် အီသီလင်းအောက်ဆိုဒ် ပါဝင်မှု အန္တရာယ်ရှိသောအဆင့်ကို တွေ့ရှိထားကြောင်း ထိုင်ဝမ်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန Taiwan's Food and Drug Administration (TFDA) က မှ ကြေညာချက် ထုတ်ပြန်သဖြင့် ထိုင်း FDA ကလည်း စစ်ဆေးရန် ပြန်လည်သိမ်းဆည်းခြင်း ဖြစ်သည်။
Nongshim Shin Ramyun Black Tofu Kimchi cup အသင့်ပြုတ်စား ခေါက်ဆွဲခြောက် အထုပ်၏ ဟင်းခတ်မှုန့်များတွင် ပိုးသတ်ဆေးများတွင် အဓိကအသုံးပြုသည့် အီသိုင်းလင်း အောက်ဆိုဒ် ethylene oxide သည် တစ်ကီလိုဂရမ်လျှင် 0.075 မီလီဂရမ်အထိ အန္တရာယ်ရှိနိုင်သည့် ရေချိန်ဖြင့် ပါဝင်နေကြောင်း ထိုင်ဝမ်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန TFDA မှ ဇန်နဝါရီလ ၁၇ ရက်နေ့တွင် ကြေငြာခဲ့သည်
အလားတူ အသင့်ပြုတ်စား ခေါက်ဆွဲခြောက် အထုပ်များကို ထိုင်းနိုင်ငံသို့လည်း တင်သွင်းထားသည်။ သက်တမ်းကုန်ဆုံးရက်များမှာ ဖေဖော်ဝါရီလ ၄ ရက်နှင့် မေလ ၈ ရက်တို့ ဖြစ်သည်။
ထိုင်း FDA မှ စားသုံးသူများသည် အထက်ဖော်ပြပါ သက်တမ်းကုန်ဆုံးရက်များဖြစ်သည် အသင့်ပြုတ်စား ခေါက်ဆွဲခြောက် ခွက်အထုပ် စားသုံးခြင်းကို ရှောင်ကြဉ်ရန် အကြံပြုထားသည်။
ရောင်းချခြင်း မပြုရန်လည်း တားမြစ်ထားပါသည်။
Source nationthailand
TO GET INSTANT UPDATE  
Join Telegram Channel 
https://t.me/Guid4U


							






