အယ်လ်နီညို အပူလှိုင်းများ ပိုပြင်းထန်မည်
TO GET INSTANT UPDATE  
Join Telegram Channel 
https://t.me/Guid4U
အိန္ဒိယနိုင်ငံ အနောက်ဘန်ဂေါလို နေရာမျိုးတွေမှာ မွန်းတည့်နေရဲ့ အပူရှိန်အောက်မှာ ကြက်ဥတွေ ကြော်စားလို့ရနေတဲ့အထိ တောင်အာရှနဲ့ အရှေ့တောင် အာရှတို့မှာ စံချိန်တင် အပူလှိုင်းကျရောက်နေပါသည်။
အိန္ဒိယ၊ ထိုင်းနှင့် မြန်မာနိုင်ငံတို့တွင် 45°C ၊ ဘင်္ဂလားဒေ့ရှ်၊ လာအို၊ ဗီယက်နမ်၊ နီပေါနှင့် တရုတ်နိုင်ငံတို့တွင် 42~43°C အထိ ရောက်ရှိသည်။
၎င်းနိုင်ငံများ၌ ဆယ်စုနှစ်များအတွင်း မကြုံဖူးသော အပူချိန်များဖြစ်သည်။
ရာသီဥတုဗေဒပညာရှင်များနှင့် သိပ္ပံပညာရှင်များက ၎င်းသည် ၂၀၂၃ ခုနှစ်နှောင်းပိုင်းတွင် ကျရောက်မည့် အယ်လ်နီညိုရာသီဥတုဖြစ်စဉ်ကြောင့် ပိုမိုဆိုးရွားလာနိုင်သည့် ကာလရှည်ကြာ ပူပြင်းခြောက်သွေ့မှု၏အစသာ ဖြစ်သည်ဟု ဆိုသည်။
အာရှတိုက်သည် ယခုထက် ပိုမိုပူပြင်းသော နေ့ရက်များအတွက် ကြိုတင်ပြင်ဆင်ထားရမည်ဟု ၎င်းတို့က သတိပေးထားသည်။ အပူလှိုင်းများ ပိုကြာမြင့်ပြီး ပိုပြင်းထန်မည်ဟု ဆိုသည်။
ကမ္ဘာ့အပူဆုံးနှစ်အဖြစ် စံချိန်တင်ခဲ့သည့် ၂၀၁၆ သည် အားကောင်းသော အယ်နီညို ဖြစ်ပေါ်ခဲ့ခြင်းကြောင့်ဖြစ်သည်။
Source AFP
TO GET INSTANT UPDATE  
Join Telegram Channel 
https://t.me/Guid4U


							





