မိုဘိုင်းလ်ဖုန်း ပြောဆိုမှုသည် သွေးပေါင်ချိန်မြင့်မားမှု ကျန်းမာရေးအန္တရာယ်တိုးစေသည်
TO GET INSTANT UPDATE  
Join Telegram Channel 
https://t.me/Guid4U
ယနေ့ကမ္ဘာပေါ်တွင် မိုဘိုင်းလ်ဖုန်း အသုံးပြုချိန် အလွန်မြင့်မားနေပါသည်။
.
မိုဘိုင်းလ်ဖုန်းများကို အချိန်နာရီ အကြာကြီး အသုံးပြုခြင်းကြောင့် ဘေးထွက်ဆိုးကျိုးများစွာရှိသည်ကို သိထားကြပြီးပြီ ဖြစ်ပါသည်။
.
ဘေးထွက်ဆိုးကျိုးများကြောင့် ကျန်းမာရေး ထိခိုက်ဖို့ နာရီပေါင်းများစွာ မိုဘိုင်းလ်ဖုန်းများကို အသုံးပြုမှသာ မဟုတ်ကြောင်း၊ တစ်နေ့တာ နေ့စဉ် မိုဘိုင်းဖုန်းကို မျက်နှာအနီး ကပ်ပြီး သုံးစွဲလျှင်လည်း ကျန်းမာရေး ထိခိုက်စေတတ်ကြောင်း လေ့လာမှုအသစ်များက ဖော်ပြသည်။
.
Guangzhou Southern Medical University မှ လေ့လာမှုအသစ်အရ တစ်ပတ်လျှင် နာရီဝက်ထက်ပို၍ မျက်နှာအနီး ဖုန်းကပ်ထားပြီး ဖုန်းေပြာဆိုပါက မိုဘိုင်းလ်ဖုန်းအသုံးပြုခြင်းသည် သွေးတိုး ဖြစ်နိုင်ခြေ ၁၂% တိုးလာကြောင်း သိရသည်။
ဖုန်းပြောသည့်အခါ လက်ထဲ ဖုန်းကိုင်မထားဘဲ နားကြပ်အသုံးပြုပါက ကျန်းမာရေး ထိခိုက်မှု နည်းကြောင်း သိရသည်။
.
သုတေသီများသည် UK Biobank မှ အချက်အလက်များကို အသုံးပြုခဲ့ကြသည်။
အသက် ၃၇ နှစ်မှ ၇၃ နှစ်ကြား သွေးတိုးမရှိသူ ၂၁၀,၀၀၀ ကျော်တို့၏ ပျမ်းမျှ နောက်ဆက်တွဲကာလ ၁၂ နှစ် လေ့လာတွေ့ရှိချက်များဖြင့် ကောက်ချက်များ ချခဲ့ကြသည်။
.
လေ့လာမှုတွင် ပါဝင်သူတို့သည် ဖုန်းပြောဆိုသည့် မှတ်တမ်း မှတ်သားထားပြီး ပေးပို့ရသည်။ ထို့ပြင် အသက်၊ ကျား/မ ၊ ကိုယ်အလေးချိန် အစရှိသည့် အချက်အလက်များလည်း ပေးရသည်။
.
လေ့လာဆန်းစစ်ချက် ရလဒ်များအရ —
မိုဘိုင်းလ်ဖုန်း ပြောဆိုသူများသည် သွေးတိုးဖြစ်နိုင်ခြေ ၇% ပိုများပါသည်။
တစ်ပတ်လျှင် နာရီဝက်ထက် မိုဘိုင်းလ်ဖုန်း ပြောဆိုသူများသည် တစ်ပတ်လျှင် နာရီဝက်ထက်နည်းသော မိုဘိုင်းလ်ဖုန်း အသုံးပြုသူများထက် သွေးတိုးဖြစ်နိုင်ခြေ ၁၂ ရာခိုင်နှုန်း ပိုများသည်။
မိုဘိုင်းလ်ဖုန်းပြောဆိုမှုနှင့် သွေးတိုး ဆက်နွှယ်မှုသည် ယေဘုယျအားဖြင့် တစ်ပတ်လျှင် မိနစ် ၃၀ ထက် ကျော်လျှင် သွေးတိုးဖြစ်စေနိုင်ခြင်း ပိုပြင်းထန်ပါသည်။ မိနစ် ၃၀ အောက် ဆိုပါက သက်ရောက်မှု မသိသာပါ။
ရလဒ်များမှာ အမျိုးသားနှင့် အမျိုးသမီး အတူတူ ဖြစ်ပါသည်။
မိုဘိုင်းလ်ဖုန်း ပြောဆိုသူများဟု ဆိုရာ၌ ဖုန်းကို လက်ထဲကိုင်ပြီး မျက်နှာအနီးမှာ ဖုန်းကို ထားပြီး ဖုန်းပြောဆိုသူများကို ဆိုလိုပါသည်။
Source daily record
TO GET INSTANT UPDATE  
Join Telegram Channel 
https://t.me/Guid4U


							





