ဆေးသကြားသုံးစွဲမှု ကမ္ဘာ့ကျန်းမားရေးအဖွဲ့ သတိပေး
TO GET INSTANT UPDATE  
Join Telegram Channel 
https://t.me/Guid4U
စားသောက်ကုန်အများအပြားတွင် သကြားအစားထိုး ဆေးသကြားများ အသုံးပြုခြင်းသည် ကိုယ်အလေးချိန်ကျစေရန် အထောက်အကူ မပြုသည့်အပြင် ဆိုးရွားသောကျန်းမာရေးဆိုင်ရာ သက်ရောက်မှုများရှိလာနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ သတိပေးသည်။
.
ကုလသမဂ္ဂ ကမ္ဘာ့ကျန်းမာရေးအဖွဲ့သည် သကြားမဟုတ်သော အချို non-sugar sweetener NSS ကို အသုံးမပြုရန် အကြံပြု လမ်းညွှန်ချက်အသစ်ကို ထုတ်ပြန်ခဲ့သည်။
.
"NSS ကို အသုံးပြုခြင်းသည်လူကြီးများနှင့်ကလေးများအဖို့ ခန္ဓာကိုယ် အဆီလျှော့ချခြင်းအတွက်ရေရှည်အကျိုး မပေးကြောင်း အကြံပြုပါသည်" ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
.
NSS ကို ရေရှည်အသုံးပြုခြင်းကြောင့် type 2 ဆီးချိုရောဂါ၊ နှလုံးသွေးကြောဆိုင်ရာရောဂါများနှင့် အရွယ်ရောက်ပြီးသူများ သေဆုံးမှုနှုန်း တိုးမြင့်လာမှုကဲ့သို့သော မလိုလားအပ်သည့် သက်ရောက်မှုများ ရှိနိုင်သည်ဟု အကြံပြုအပ်ပါသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယခုအကြံပြု သတိပေးချက်သည် ဆီးချို ရှိနေသူများမှအပ လူတိုင်းအကျုံးဝင်သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဆိုသည်။
အသုံးများသည့် ဆေးသကြားများမှာ
acesulfame K,
aspartame,
advantame,
cyclamates,
neotame,
saccharin,
sucralose,
stevia,
stevia derivatives
တို့ ဖြစ်သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့က တင်ပြထားသည်။
Source WHO
TO GET INSTANT UPDATE  
Join Telegram Channel 
https://t.me/Guid4U


							





