What's New




Wednesday, 24 May 2023 14:09

အိပ်စက်နိုင်ရေးအတွက် sleep care ကို တိုးချဲ့ရန် Samsung ရည်မှန်းထား

အိပ်စက်နိုင်ရေးအတွက် sleep care ကို တိုးချဲ့ရန် Samsung ရည်မှန်းထား

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Samsung Electronics ၏ ကျန်းမာရေးစောင့်ရှောက်မှု မိုဘိုင်းအက်ပ် Samsung Health သည် ကမ္ဘာတစ်ဝှမ်းတွင် လစဉ်အသုံးပြုသူ ၆၄ သန်းအထိ ရောက်ရှိနေပြီဖြစ်သည်။

.

Galaxy Watch ၏ အိပ်စက်ခြင်း အင်္ဂါရပ် လုပ်ဆောင်ချက်ကို အသုံးပြုသူဦးရေသည် ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက ၂၀၂၃ ခုနှစ်တွင် နှစ်ဆတိုးလာခဲ့သည်။

.

နည်းပညာနှင့် လူနေမှုပုံစံများကြောင့် လူအများ အိပ်ရေးဝဝ အိပ်ရန် ခက်ခဲလာနေသဖြင့် Samsung က အိပ်စက်ခြင်းကို ဂရုစိုက်ရန်အတွက် ပိုမိုကောင်းမွန်သော sleep care လုပ်ဆောင်ချက်အင်္ဂါရပ်များကို အက်ပ်နှင့် စမတ်လက်ပတ်နာရီတို့တွင် ထည့်သွင်းပေးသွားမည် ဖြစ်သည်။

.

 “၂၀၁၂ ခုနှစ်မှာ စတင်ထုတ်လုပ်ခဲ့တဲ့ Samsung Health ဟာ ကမ္ဘာတစ်ဝှမ်းမှာ လစဉ် လူပေါင်း ၆၄ သန်း အသုံးပြုနေပါတယ်။ Samsung Health အသုံးပြုသူများဟာ အိပ်စက်ခြင်း လုပ်ဆောင်ချက်အင်္ဂါရပ်ကို အရမ်း စိတ်ဝင်စားကြတာ တွေ့ရပါတယ်။ Galaxy Watch မှ အိပ်စက်ခြင်း လုပ်ဆောင်ချက်အင်္ဂါရပ်ကို သုံးစွဲသူဦးရေ ယမန်နှစ်ကထက် နှစ်ဆနီးပါး ဖြစ်လာပါတယ်" ဟု Samsung မှ Digital Health Team ခေါင်းဆောင် တွဲဘက်ဥက္ကဋ္ဌ Hon Pak က ပြောကြားသည်။

 .

Samsung သည် ရိုးရှင်းသော ကြံ့ခိုင်မှု မှတ်တမ်းတင် အက်ပ်ကို ၂၀၂၁ ခုနှစ်တွင် စတင်မိတ်ဆက်ခဲ့ပြီးကတည်းက ကုမ္ပဏီသည် အဆင့်မြှင့်တင်မှုများကို ဆက်လက်လုပ်ဆောင်ခဲ့သည်။

၂၀၁၅ ခုနှစ်တွင် Samsung သည် အိပ်စက်ခြင်းဆိုင်ရာ အင်္ဂါရပ်များကို ထည့်သွင်းပေးပြီး အဆင့်မြှင့်တင်ခဲ့သည်။

၂၀၂၁ တွင် အထူးပြု ဒစ်ဂျစ်တယ် ပလက်ဖောင်း ဖြစ်လာပြီး Galaxy Watch တွင် bioactive sensor များ သုံးစွဲသည်။

Galaxy Watch5 တွင် အပူချိန် sensor ကို သုံးပြီး အမျိုးသမီး၏ ဓမ္မတာရာသီစက်ဝန်းကို ကြိုတင်ခန့်မှန်းပေးသည့် လုပ်ဆောင်ချက် ဧပြီလတွင် ထည့်သွင်းပေးခဲ့သည်။

 

Samsung Health တွင် sleep care သည် အရေးပါသည်။ ရုပ်ကျန်းမာရေး၊ စိတ်ကျန်းမာရေးတို့အတွက် အရည်အသွေး ပြည့်ဝသည့် အိပ်စက်ခြင်းသည် မရှိမဖြစ် လိုအပ်သည်။ ကျန်းမာရေး တစ်ရပ်လုံးအပေါ် သိသာထင်ရှားသည့် သက်ရောက်မှု ရှိသည်။

Galaxy Watch သုံးစွဲသူများတွင် ထက်ဝက်သည် အိပ်စက်ခြင်းအင်္ဂါရပ်ကို အပတ်စဉ် သုံးစွဲကြပြီး ၎င်းတို့တွင် ၄၀% သည် တစ်ပတ်လျှင် အနည်းဆုံး ၃ ကြိမ် သုံးစွဲသည်။ အိပ်စက်ချိန်များကို သိလိုကြသည်။ ကျန်းမာရေး အက်ပ်ကလည်း မည်သည့်အချိန်တွင် အိပ်သင့်ကြောင်း အကြံပြုပေးသည်။

.

Samsung က အိပ်စက်ခြင်းကို ယခုထက်ပိုပြီး စီမံခန့်ခွဲပေးနိုင်အောင် အက်ပ်တွင် အဆင့်မြှင့်တင်ပေးသွားမည် ဖြစ်သည်။

Source koreatimes 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read times Last modified on Wednesday, 24 May 2023 14:10
Rate this item
(0 votes)