What's New




Thursday, 25 May 2023 18:42

WHO ဘတ်ဂျက် ဒေါ်လာ ၆.၈၃ ဘီလီယံ အတည်ပြု

WHO ဘတ်ဂျက် ဒေါ်လာ ၆.၈၃ ဘီလီယံ အတည်ပြု

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 ကမ္ဘာ့ကျန်းမာရေးအဖွဲ့ World Health Organization WHO သည် အဖွဲ့ဝင်ကြေး ၂၀% တိုးမြှင့်ခြင်း အပါအဝင် လာမည့်နှစ်နှစ်အတွင်း ဘတ်ဂျက်ဒေါ်လာ ၆.၈၃ ဘီလီယံအတွက် တနင်္လာနေ့ (မေ ၂၂)တွင် ကနဦးအနေဖြင့် အတည်ပြု ခွင့်ပြုချက်ကို ရရှိခဲ့သည်။

.

WHO  နှစ်ပတ်လည် ဆုံးဖြတ်ချက်ချမှတ်သည့် စည်းဝေးပွဲတွင် အဓိကကော်မတီတစ်ခုမှ အဖွဲ့ဝင်နိုင်ငံများမှ ဘတ်ဂျက်အား ကန့်ကွက်မှု မရှိဘဲ အတည်ပြုခဲ့သည်။

.

WHO အကြီးအကဲ Tedros Adhanom Ghebreyesus က ယင်းလုပ်ရပ်သည် သမိုင်းဝင်နှင့် ကြီးမားသော မှတ်တိုင်တစ်ခုဖြစ်ကြောင်း ပြောကြားသည်။

.

၁၀ ရက်ကြာကျင်းပသည့် စည်းဝေးပွဲအတွင်း အဖွဲ့ဝင်နိုင်ငံအားလုံးမှ ဘတ်ဂျက်ကို အတည်ပြုရန် လိုအပ်နေသေးသော်လည်း  လုပ်ထုံးလုပ်နည်းအရ အတည်ပြုချက် ရယူခြင်းမျှသာ ဖြစ်သည်။

.

Covid 19 ကပ်ရောဂါ၏ ခါးသီးသည့် အတွေ့အကြုံများကြောင့်  နိုင်ငံများသည် ပိုမိုအားထားရပြီး တည်ငြိမ်သော ရန်ပုံငွေများ ထားရှိရန် လိုအပ်ကြောင်း သဘောတူညီခဲ့ကြသည်။

.

WHO ကို ၎င်း၏ အဖွဲ့ဝင်  ၁၉၄  နိုင်ငံမှ ဘဏ္ဍာငွေများဖြင့် အဓိကအားဖြင့် ထောက်ပံ့ပေးထားသည်။

မပေးမဖြစ် အသင်းဝင်ကြေးများသည် ရန်ပုံငေွ၏  ၅ပုံ၁ပုံအောက်မှာသာ ရှိသည်။ ကျန်သည့် ၅ပုံ၄ပုံမှာ နိုင်ငံအချို့က ဆန္ဒအလျောက် သွန်ထည့်ပေးသည့်ငွေများ ဖြစ်သည်။ 

Source AFP

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read times Last modified on Thursday, 25 May 2023 18:44
Rate this item
(0 votes)