What's New




Friday, 26 May 2023 14:02

လူ့ဦးနှောက်မှာ ချစ်ပ်ထည့်ပြီး လက်တွေ့စမ်းသပ်ခွင့် Neuralink ရရှိ

လူ့ဦးနှောက်မှာ ချစ်ပ်ထည့်ပြီး လက်တွေ့စမ်းသပ်ခွင့် Neuralink ရရှိ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

လူ့ဦးနှောက်မှာ ချစ်ပ်ထည့်ပြီး လက်တွေ့စမ်းသပ်ခွင့်ကို အမေရိကန် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန  Food and Drug Administration (FDA) ထံမှ ခွင့်ပြုမိန့် ကျပြီဖြစ်ကြောင်း Neuralink မှ ပြောကြားသည်။

ယခုလို စမ်းသပ်ခွင့် ရခြင်းသည် ဦးနှောက်ကို ကွန်ပြူတာများနှင့် တိုက်ရိုက်ဆက်သွယ်နိုင်စေရန် ရည်ရွယ်သည့် ၎င်း၏နည်းပညာအတွက် အရေးပါသော ပထမခြေလှမ်းဖြစ်ကြောင်း ပြောကြားသည်။

.

Neuralink ၏ လက်တွေ့စမ်းသပ်မှုများအတွက် စမ်းသပ်ခံအဖြစ် ပါဝင်လိုသူတို့ကို လူ မခေါ်သေးပါ။

.

လူမှုကွန်ရက် Twitter ပိုင်ရှင်စီအီးအို၊ လျှပ်စစ်ကား Tesla စီအီးအို၊ အာကာသနှင့် ဂြိုဟ်တုဆိုင်ရာလုပ်ငန်းSpaceX စီအီးအို၊ Neuralink ထူထောင်သူ အီလွန်မတ်စ်က " ပထမဆုံးလူသား ဦးနှောက်မှာ ချစ်ပ်မြှုပ်ထည့်ခြင်း မပြုခင်မှာ အလွန်အမင်း ဂရုတစိုက်ဖြင့် သေချာပေါက် ကောင်းစွာ လုပ်ဆောင်နိုင်အောင် အရင်လုပ်ပါမယ်" ဟု ၂၀၁၉ ဇူလိုင်လတွင် ပြောကြားခဲ့ပြီး ၂၀၂၀ တွင် လူဦးနှောက်ဖြင့် လက်တွေ့စမ်းသပ်မည်ဟု ကတိပြုခဲ့ပါသည်။

.

လက်ရှိတွင် မျောက်များဖြင့် စမ်းသပ်နေပြီး ဦးခေါင်းခွံထဲ ငွေဒင်္ဂါးငယ်အရွယ် ချစ်ပ်ကိရိယာ ထည့်သွင်းပါသည်။

 ၎င်းမျောက်များသည် ရိုးရှင်းသည့် ဗီဒီယိုဂိမ်း ကစားနိုင်သည်။ စခရင်ပေါ်မှ မြားဦး cursor ရွေ့နိုင်သည်။

ဦးနှောက်နှင့် အာရုံကြော ထိခိုက်သဖြင့် ကြွက်သားများ အလုပ်မလုပ်ဘဲ ကိုယ်တစ်ပိုင်းသေနေသူသည် ခေါင်းခွံထဲ ချစ်ပ်ထည့်ပြီး လှုပ်ရှားနိုင်အောင် ကုသပေး၍ရကြောင်း မတ်စ်က ပြောကြားသည်။ မျက်မမြင်ကိုလည်း မြင်ရသူနှယ် ဖြစ်နေစေနိုင်မည်ဟု ဆိုသည်။

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read times Last modified on Friday, 26 May 2023 14:03
Rate this item
(0 votes)