အပူပြင်းခြင်း ပုံမှန် အခြေအနေအသစ် ဖြစ်လာမည်
TO GET INSTANT UPDATE  
Join Telegram Channel 
https://t.me/Guid4U
အာရှတစ်ဝှမ်းရှိ နိုင်ငံများသည် ဒေသတွင်းအပူချိန်စံချိန်တင်နိုင်လောက်သည့် ပြင်းထန်သော အပူဒဏ်ကို ထပ်မံခံစားခဲ့ကြရသည်။
.
ဧပြီလတွင် အာရှ နေရာအနှံ့အပြား အပူလှိုင်းရိုက်ခတ်မှုဒဏ် ခံကြရပြီးနောက် အပူဒဏ်သက်သာသွားရမည့် မုတ်သုန်ရာသီအစ မေလနှောင်းပိုင်းတွင်လည်း အပူချိန်များ ထပ်မံမြင့်တက်ခဲ့ပြန်သည်။
ကျွမ်းကျင်သူတို့က အပူဒဏ်များ ထပ်လာဦးမည်ဟု သတိပေးထားသည်။
ရာသီဥတုလျင်မြန်စွာပြောင်းလဲနေသည်ကိုလိုက်လျောညီထွေစွာဖြင့် ကျန်းမာရေး မထိခိုက်အောင် နေထိုင်နိုင်ဖို့အရေးကို စိုးရိမ်စရာ ဖြစ်လာသည်။
.
"ရာသီဥတု ဖောက်ပြန်တာ ပိုဆိုးလာဖို့ပဲ ရှိပါတယ်။ အပူပြင်းတဲ့ ဖြစ်ရပ်တွေကို ကျင့်သားရအောင် လုပ်ဖို့ လိုမယ်၊ လိုက်လျောညီထွေဖြစ်အောင် နေထိုင်ဖို့ လိုမယ်၊ လျော့နည်းသွားအောင် လုပ်ကြရမယ် စသဖြင့် ကျွန်မတို့ ပြောနေလို့ မရဘူး" ဟု ဩစတြေးလျနိုင်ငံ New South Wales တက္ကသိုလ်မှ ရာသီဥတု သိပ္ပံပညာရှင် Sarah Perkins-Kirkpatrick က ပြောကြားသည်။
.
အပူလှိုင်းများကြောင့် လျှပ်စစ်ဓာတ်အား သုံးစွဲမှု မြင့်တက်သည်။
ဗီယက်နမ်တွင် အပူလှိုင်းသည် ဇွန်လထဲအထိ အားကောင်းမည်ဟု ခန့်မှန်းထားသည်။ လေအေးပေးစက်များ ဓာတ်အားသုံးစွဲမှု မြင့်မားနေသဖြင့် အာဏာပိုင်တို့က လမ်းမီးများ ပိတ်ပေးထားကြရသည်။ ခွဲတမ်းဖြင့် ဓာတ်အား ဖြန့်ဖြူးကြရသည်။
Thanh Hoa ပြည်နယ်တွင် မေလ ၆ ရက်တွင် ၄၄.၁ ဒီဂရီ စဲလ်စီးယပ်အထိ မြင့်တက်ခဲ့သည်။
ဇွန်လထဲ ရောက်လာခဲ့ပြီးေနာက် အပူချိန် 35C မှ 39C အထိ အပူပြင်းနေဆဲ ဖြစ်သဖြင့် ရေဓာတ်ခန်းခြောက်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်းနှင့် အပူဒဏ်ထိခိုက်ခြင်းများကို သတိပေးထားသည်။
.
တရုတ်နိုင်ငံ Shenzhen တွင် မေလမှာ အမြင့်ဆုံး အပူချိန် 40.2C အထိ မြင့်တက်ခဲ့သည်။ အပူလှိုင်း ရှိနေဆဲ ဖြစ်သည်။
.
အိန္ဒိယ၊ ပါကစ္စတန်နှင့် အရှေ့တောင်အာရှနိုင်ငံများသည် ဧပြီလတွင် ပြင်းထန်သော အပူလှိုင်းဒဏ်ကို ခံစားခဲ့ရပြီးပြီဖြစ်သည်။
ဘင်္ဂလားဒေ့ရှ်သည် နှစ်ပေါင်း ၅၀ အတွင်း အပူဆုံးစံချိန်သစ် တင်သည်။
ထိုင်းနိုင်ငံသည် 45C စံချိန်တင်ခဲ့သည်။
မေလတွင်လည်း ဆက်လက်ပူပြင်းခဲ့ပြန်သည်။
စင်ကာပူအဖို့ နှစ်ပေါင်း ၄၀ အတွင်း အပူဆုံးလဖြစ်ခဲ့သည်။
ယခု ဇွန်လတွင်လည်း အပူပြင်းခြင်းကို ဆက်လက် ရင်ဆိုင်ကြရမည်ဟု ကျွမ်းကျင်သူတို့က ခန့်မှန်းထားကြသည်။
Source Bangkokpost
TO GET INSTANT UPDATE  
Join Telegram Channel 
https://t.me/Guid4U


							





